The Batman ဇာတ်ကားသစ်မှာ Ben Affleck ပါဝင်လာတော့မှာမဟုတ်

ကဲ.. နောက်ဆုံးတော့ The Batman ဇာတ်ကားသစ်အတွက် ထွက်ရှိမယ့်နေ့ကိုသိရပြီဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Ben Affleck ကိုတော့ Batman အဖြစ် ရုပ်ရှင်ထဲမှာတွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ဒီဇာတ်ကားကို ဒါရိုက်တာ Matt Reevess ရိုက်ကူးမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂ဝ၁၇တည်းက စီစဉ်နေခဲ့တယ်လို့ သတင်းတွေပျံပြီးနောက် အခုတော့ တရားဝင်ကြေငြာလိုက်ပါပြီ။

အသက်ငယ်တဲ့ Bruce Wayne ကို ဇာတ်လမ်းက ပုံဖော်မှာဖြစ်တဲ့အတွက် Ben Affleck အနေနဲ့ ဒီဇာတ်ကားမှာ မပါဝင်တော့တာဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ဇာတ်ကောင်လေးအတွက်လည်း
စိတ်လှုပ်ရှားနေကြောင်း Benက တွစ်တာမှာ retweet ထားခဲ့ပါတယ်။

Benကို Batmanအဖြစ် မမြင်ရတော့ဘူးဆိုတော့ အချို့ ကဝမ်းနည်းနေကြပေမယ့် ဘယ်သရုပ်ဆောင်ပဲဖြစ်ဖြစ် Batmanက Batman ပဲမဟုတ်လား။ ဘယ်သူမဆို ပရိတ်သတ်တွေ ချစ်ပေးမှာပါပဲ။ ဟုတ်ကဲ့.. ထွက်ရှိမယ့်ရက်လေးကတော့ ၂ဝ၂၁ ဇွန်လ (၂၅)ဖြစ်ပါတယ်တဲ့။

17 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.