‘ဥ’ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ ကိုဇော် (အရုဏ်ဦး)ဟာ ဟာသကားနဲ့ ရရှိခဲ့တာမို့ အားလုံး ထင်မှတ်ထားတာနဲ့ အလွဲကြီးလွဲသွားခဲ့တာပါ။ အရင်က ဟာသကားမျိုး အကယ်ဒမီပေးလေ့ မရှိခဲ့တာမို့ ကာယကံရှင်ကိုယ်တိုင်တောင် အံ့သြ၀မ်းသာ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အကယ်ဒမီ ကိုဇော် (အရုဏ်ဦး) ကို မေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ ‘ဟာသကားနဲ့ပထမဆုံးအကယ်ဒမီရခဲ့တဲ့အတွက်ရော၊ မျှော်လင့်မထားတဲ့ အကယ်ဒမီဖြစ်တဲ့အတွက် ပါ အရမ်းကိုဝမ်းသာပါတယ်။ လာမဲ့၂၀၁၄ မှာ ကြိုးစားပြရမယ့်အရာတွေက ပရိသတ်အပေါ်မှာ အကြွေး တင်နေသလိုပါပဲ။ ဒီနှစ်ကတော့ ကျွန်တော့်အတွက် သူ့ဟာနဲ့သူ သေသေသပ်သပ်လေးနဲ့ လှလှပပလေး ပြီးဆုံးသွားပါတယ်’တဲ့။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။