သူငယ္ခ်င္းေတြဟာ ဘာလို႔ ကုိယ္တို႔ဘ၀ရဲ႔အေရးၾကီးအစိတ္အပုိင္းျဖစ္ေနရတာလဲ?

သူငယ္ခ်င္းမရွိတဲ႔သူဆုိတာေတာ့ ရွိမယ္မထင္ပါဘူး။အနည္းဆံုး တစ္ေယာက္ႏွစ္ေယာက္ကေတာ့ရွိမွာပါပဲ။သူငယ္ခ်င္းရွိတဲ႔သူဟာ ရတနာတစ္ခုပုိင္ဆုိင္ထားသလုိပဲဆုိတဲ႔စကားေတာင္ရွိပါတယ္။ကုိယ္တုိ႔ေတြဘာလုိ႔သူငယ္ခ်င္းဆုိတာကုိလိုအပ္တာလဲ၊သူငယ္ခ်င္းေတြက ဘာလို႔ အေရးၾကီးတာလဲ?

*သူငယ္ခ်င္းေတြဟာ ၾကည့္မွန္တစ္ခ်ပ္လိုပါပဲ
မ်ားေသာအားျဖင့္ စရိုက္တူ အက်င့္တူမွ ေပါင္းလို႔သင္းလုိ႔ရတာပါ။ဒီလုိအက်င့္စရိုက္တူသူငယ္ခ်င္းေတြ၀န္းရံေနတာဟာ ကုိယ့္ကုိယ့္ကုိယ္ျပန္ျမင္ေနရသလိုပါပဲ။သူတုိ႔ကလည္း ကုိယ့္မွာဘာေတြလိုအပ္ေနတယ္။ဘယ္ေနရာေတြမွာေကာင္းတယ္၊ဆုိးတယ္၊ကုိယ္ဘယ္ေနရာေတြမွာအားသာတယ္။အားနည္းတယ္ဆုိတာကုိ အမွန္အတိုင္းျခြင္းခ်က္မရွိ ေျပာၾကတဲ႔အတြက္ သူငယ္ခ်င္းဆုိတာ ဘ၀အတြက္မရွိမျဖစ္အစိတ္အပုိင္းတစ္ခုပါပဲ

*သူငယ္ခ်င္းေတြဆုိတာ ၀န္းရံဖုိ႔အသင့္
ကုိယ္ဒုကၡေရာက္လို႔ အနားမွာဘယ္သူမွမရွိတဲ႔အခိ်န္ က်န္ေနခဲ႔တဲ႔သူက သင့္ရဲ ႔သူငယ္ခ်င္းေကာင္းပါပဲ။ကုိယ္အဆင္ေျပလည္းအနားမွာရွိေနျပီးကုိယ္အဆင္မေျပတဲ႔အခါလည္း အနားမွာရွိေနေပးတဲ႔သူငယ္ခ်င္းကုိပုိင္ဆုိင္ထားရတာဟာ တကယ့္ကုိအားေဆးတစ္လက္ပါပဲ။

*ကုိယ့္အေပၚနားလည္ေပးႏုိင္ဆံုးေသာသူေတြ
တစ္ခါတစ္ေလ ကုိယ့္မိဘေတြ၊ကုိယ့္ေဆြမ်ိဳးေမာင္ႏွမေတြ နားလည္မေပးႏုိင္တဲ႔ကိစၥမ်ိဳးကုိ သူငယ္ခ်င္းေတြက ရင္ဘတ္ခ်င္းတူတဲ႔အတြက္နားလည္ေပးႏုိင္ပါတယ္။ကုိယ့္ထက္အသက္အရြယ္ၾကီးေနတဲ႔အခါ၊ငယ္ေနတဲ႔အခါ ကုိယ့္ခံစားခ်က္ကုိ နားလည္ေပးႏုိင္ဖုိ႔ဆိုတာ မလြယ္ပါဘူး။ဒီအခိ်န္မွာ
သင့္ရဲ႔ရြယ္တူသူငယ္ခ်င္းေတြကသာ သင့္ခံစားခ်က္ကုိ နားလည္ေပးနုိင္ပါလိ့မ္မယ္။

*သူငယ္ခ်င္းေတြက သင့္ကုိ ပုိျပီးျပည့္စံုေစတယ္
သူငယ္ခ်င္းေတြရဲ႔အားေပးမႈ၊နားလည္မႈ၊ေဖးမေပးမႈ၊အၾကံဥာဏ္ေကာင္းေတြေပးမႈ စတာေတြဟာ သင့္ဘ၀ကုိ တစ္ေယာက္တည္းျဖတ္သန္းရတာထက္ ပုိတဲ႔ေႏြးေထြးတဲ႔ခံစားခ်က္ကုိ ေပးစြမ္းႏုိင္ပါတယ္။ဘ၀ကုိျဖတ္သန္းရတာ ပုိျပီးအားအင္ျပည့္သလို အေကာင္းဆံုးေသာသူငယ္ခ်င္းေတြက သင့္အတြက္ေအာင္ျမင္မႈေတြကုိပါ ပုိင္ဆုိင္ရေအာင္ကူညီေပးႏုိင္ပါတယ္။

*ေပ်ာ္ရႊင္ေစတယ္
သူငယ္ခ်င္းရွိျခင္းရဲ႔ေကာင္းက်ိဳးေတြထဲက တစ္ခုကေတာ့ ေပ်ာ္ရႊင္ရတာပါပဲ။စိတ္ညစ္စရာေတြရွိရင္ေတာင္ သူငယ္ခ်င္းေတြနဲ႔ေတြ႔ရင္ ရယ္ရေမာရပါတယ္။တစ္ခုခုစိတ္ညစ္စရာရွိရင္လည္းသူငယ္ခ်င္းေတြက အေကာင္းဆံုးနားေထာင္သူေတြျဖစ္ေပးတဲ႔အတြက္ ဘယ္အခိ်န္မဆုိရင္ဖြင့္လို႔ရပါတယ္။သူငယ္ခ်င္းဆုိတာေပ်ာ္ရႊင္မႈလို႔လည္းအဓိပၸာယ္ရပါေသးတယ္။သင္တို႔ေရာ သူငယ္ခ်င္းေတြေၾကာင့္ ေပ်ာ္ရႊင္ရတဲ႔အခ်န္ေတြပိုင္ဆုိင္ခဲ႔ရတယ္မဟုတ္လား?

*ဒုတိယမိသားစု
ကုိယ့္ရဲ႔မိဘ၊ေမာင္ႏွမေတြဟာ မိသားစုဆုိရင္ သူငယ္ခ်င္းေတြက ကုိယ့္ရဲ႔ဒုတိယမိသားစုပါပဲ။မိဘေမာင္ႏွမေတြျပီးရင္ ဘ၀တစ္ေလ်ွာက္လံုးအတူရွိေနေပးမွာက သူငယ္ခ်င္းေတြပါပဲ။သူငယ္ခ်င္းေတြဟာ ကုိယ့္မိသားစု၀င္ေတြလိုပဲ အားျဖစ္ေစတယ္။ေပ်ာ္ရႊင္ေစတယ္။ကူညီေပးတယ္။ေစာင့္ေရွာက္ေပးတယ္။ဒါေၾကာင့္ သူငယ္ခ်င္းေတြက ဘ၀အတြက္ အေရးၾကီးအစိတ္အပုိင္းေတြျဖစ္ပါတယ္။

သင့္မွာေရာ သင့္ကုိအျမဲကူညီေစာင့္ေရွာက္ေပးတဲ႔၊ေဖးမေပးတဲ႔၊အၾကံဥာဏ္ေကာင္းေတြေပးတဲ႔သူငယ္ခ်င္းေကာင္းေတြရွိေနျပီလား?

Unicode

သူငယ်ချင်းမရှိတဲ့သူဆိုတာတော့ ရှိမယ်မထင်ပါဘူး။အနည်းဆုံး တစ်ယောက်နှစ်ယောက်ကတော့ရှိမှာပါပဲ။သူငယ်ချင်းရှိတဲ့သူဟာ ရတနာတစ်ခုပိုင်ဆိုင်ထားသလိုပဲဆိုတဲ့စကားတောင်ရှိပါတယ်။ကိုယ်တို့တွေဘာလို့သူငယ်ချင်းဆိုတာကိုလိုအပ်တာလဲ၊သူငယ်ချင်းတွေက ဘာလို့ အရေးကြီးတာလဲ?

*သူငယ်ချင်းတွေဟာ ကြည့်မှန်တစ်ချပ်လိုပါပဲ
များသောအားဖြင့် စရိုက်တူ အကျင့်တူမှ ပေါင်းလို့သင်းလို့ရတာပါ။ဒီလိုအကျင့်စရိုက်တူသူငယ်ချင်းတွေဝန်းရံနေတာဟာ ကိုယ့်ကိုယ့်ကိုယ်ပြန်မြင်နေရသလိုပါပဲ။သူတို့ကလည်း ကိုယ့်မှာဘာတွေလိုအပ်နေတယ်။ဘယ်နေရာတွေမှာကောင်းတယ်၊ဆိုးတယ်၊ကိုယ်ဘယ်နေရာတွေမှာအားသာတယ်။အားနည်းတယ်ဆိုတာကို အမှန်အတိုင်းခြွင်းချက်မရှိ ပြောကြတဲ့အတွက် သူငယ်ချင်းဆိုတာ ဘဝအတွက်မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပါပဲ

*သူငယ်ချင်းတွေဆိုတာ ဝန်းရံဖို့အသင့်
ကိုယ်ဒုက္ခရောက်လို့ အနားမှာဘယ်သူမှမရှိတဲ့အချိန် ကျန်နေခဲ့တဲ့သူက သင့်ရဲ့သူငယ်ချင်းကောင်းပါပဲ။ကိုယ်အဆင်ပြေလည်းအနားမှာရှိနေပြီးကိုယ်အဆင်မပြေတဲ့အခါလည်း အနားမှာရှိနေပေးတဲ့သူငယ်ချင်းကိုပိုင်ဆိုင်ထားရတာဟာ တကယ့်ကိုအားဆေးတစ်လက်ပါပဲ။

*ကိုယ့်အပေါ်နားလည်ပေးနိုင်ဆုံးသောသူတွေ
တစ်ခါတစ်လေ ကိုယ့်မိဘတွေ၊ကိုယ့်ဆွေမျိုးမောင်နှမတွေ နားလည်မပေးနိုင်တဲ့ကိစ္စမျိုးကို သူငယ်ချင်းတွေက ရင်ဘတ်ချင်းတူတဲ့အတွက်နားလည်ပေးနိုင်ပါတယ်။ကိုယ့်ထက်အသက်အရွယ်ကြီးနေတဲ့အခါ၊ငယ်နေတဲ့အခါ ကိုယ့်ခံစားချက်ကို နားလည်ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ဒီအချိန်မှာ
သင့်ရဲ့ရွယ်တူသူငယ်ချင်းတွေကသာ သင့်ခံစားချက်ကို နားလည်ပေးနိုင်ပါလိ့မ်မယ်။

*သူငယ်ချင်းတွေက သင့်ကို ပိုပြီးပြည့်စုံစေတယ်
သူငယ်ချင်းတွေရဲ့အားပေးမှု၊နားလည်မှု၊ဖေးမပေးမှု၊အကြံဉာဏ်ကောင်းတွေပေးမှု စတာတွေဟာ သင့်ဘဝကို တစ်ယောက်တည်းဖြတ်သန်းရတာထက် ပိုတဲ့နွေးထွေးတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ဘဝကိုဖြတ်သန်းရတာ ပိုပြီးအားအင်ပြည့်သလို အကောင်းဆုံးသောသူငယ်ချင်းတွေက သင့်အတွက်အောင်မြင်မှုတွေကိုပါ ပိုင်ဆိုင်ရအောင်ကူညီပေးနိုင်ပါတယ်။

*ပျော်ရွှင်စေတယ်
သူငယ်ချင်းရှိခြင်းရဲ့ကောင်းကျိုးတွေထဲက တစ်ခုကတော့ ပျော်ရွှင်ရတာပါပဲ။စိတ်ညစ်စရာတွေရှိရင်တောင် သူငယ်ချင်းတွေနဲ့တွေ့ရင် ရယ်ရမောရပါတယ်။တစ်ခုခုစိတ်ညစ်စရာရှိရင်လည်းသူငယ်ချင်းတွေက အကောင်းဆုံးနားထောင်သူတွေဖြစ်ပေးတဲ့အတွက် ဘယ်အချိန်မဆိုရင်ဖွင့်လို့ရပါတယ်။သူငယ်ချင်းဆိုတာပျော်ရွှင်မှုလို့လည်းအဓိပ္ပာယ်ရပါသေးတယ်။သင်တို့ရော သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ရတဲ့အချန်တွေပိုင်ဆိုင်ခဲ့ရတယ်မဟုတ်လား?

*ဒုတိယမိသားစု
ကိုယ့်ရဲ့မိဘ၊မောင်နှမတွေဟာ မိသားစုဆိုရင် သူငယ်ချင်းတွေက ကိုယ့်ရဲ့ဒုတိယမိသားစုပါပဲ။မိဘမောင်နှမတွေပြီးရင် ဘဝတစ်လျှောက်လုံးအတူရှိနေပေးမှာက သူငယ်ချင်းတွေပါပဲ။သူငယ်ချင်းတွေဟာ ကိုယ့်မိသားစုဝင်တွေလိုပဲ အားဖြစ်စေတယ်။ပျော်ရွှင်စေတယ်။ကူညီပေးတယ်။စောင့်ရှောက်ပေးတယ်။ဒါကြောင့် သူငယ်ချင်းတွေက ဘဝအတွက် အရေးကြီးအစိတ်အပိုင်းတွေဖြစ်ပါတယ်။

သင့်မှာရော သင့်ကိုအမြဲကူညီစောင့်ရှောက်ပေးတဲ့၊ဖေးမပေးတဲ့၊အကြံဉာဏ်ကောင်းတွေပေးတဲ့သူငယ်ချင်းကောင်းတွေရှိနေပြီလား?

24 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.