မီးဖိုချောင်ထဲက ပုန်းကွယ်နေတဲ့ စူပါအစားစာများ

မီးဖိုချောင်ထဲက ပုန်းကွယ်နေတဲ့ စူပါအစားစာများဆိုတော့ ဘာပါလိမ့်..။ ပုန်းကွယ်နေတယ်ဆိုတာထက်သင်မြင်အောင်မကြည့်လို့ မသိတာပါ။ ဒီလိုစူပါအစားစာတွေရဲ့အာနိသင်ဟာ မင်းကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်လဲဆိုတာ သိရင်ယုံမှာတောင် မဟုတ်ပါဘူး။ အိုခေ… ဒါဆို မီးဖိုချောင်ထဲ စူပါအစားစာတွေက ဘာများဖြစ်မလဲ ?

လိမ္မော်သီး

11 Superfoods That Could Be Hiding in Your Kitchen Right Now
လိမ္မော်သီးမှာ flavonoids ဓာတ်ပါဝင်ပါတယ်။ အမျိုးသမီးတွေအတွက် သွေးခဲပိတ်ခြင်း ပြဿနာကိုကာကွယ်ပေးနိုင်ပါတယ်။ သူတို့က ဗီတာမင်စီလည်း အပြည့်ဝပါဝင်တဲ့အတွက် အရေပြားထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်။ အရေးကြောင်းတွေ ပျောက်ကင်းစေပြီး နူးညံ့ချောမွေ့စေပါတယ်။ အမျှင်ဓာတ်ကြောင့် အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ငှက်ပျောသီး

11 Superfoods That Could Be Hiding in Your Kitchen Right Now
ကဲ.. ငှက်ပျောသီးရဲ့ကောင်းကျိုးတွေကိုတော့ လူတိုင်းသိကြမှာပါ။ သူ့မှာပါဝင်တဲ့ pectin က
သွေးသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်လည်းအပြည့်ဝပါဝင်ပါသေးတယ်။ ဗိုက်ပြည့်စေတဲ့အတွက်ဝိတ်ချချင်တဲ့ မမတွေအတွက် စားပေးသင့်တဲ့ အသီးဖြစ်တယ်နော်။

ဒိန်ချဉ်

11 Superfoods That Could Be Hiding in Your Kitchen Right Now
ဒိန်ချဉ်ကို နေ့တိုင်းမစားနိုင်ရင်တောင် တစ်ပတ် သုံးရက်လောက်ဖြစ်ဖြစ် စားပေးခြင်းက အရိုးကျန်းမာရေးအတွက်ကောင်းစေပါတယ်။ ပရိုတိန်းဓာတ်က ကြွက်သားတွေကိုသန်မာစေပြီး ဦးနှောက်စွမ်းရည်ကို ဖွံဖြိုးစေပါတယ်။ ဗီတာမင် D နဲ့ ကယ်စီယမ်ဓာတ်တို့က အရိုးကျန်းမာရေးကို အဓိက ပံ့ပိုးပေးတာပါ။

ဂေါ်ဖီထုပ်

11 Superfoods That Could Be Hiding in Your Kitchen Right Now
ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကိုလက်စထရောတွေလျော့ချပေးနိုင်ပါတယ်။ ဗီတာမင် K က တစ်ခွက်စာလောက်ပါဝင်တဲ့အတွက် သွေးခဲတာတွေလည်း ကောင်းကောင်းတိုက်ထုတ်ပေးနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေတာကြောင့်အစာမကြေမှာ မပူရတော့ဘူးနော်။

82 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.