ေအာင္ျမင္မႈမွတ္တုိင္တစ္ခု စုိက္ထူႏုိင္ခဲ႔ျပန္တဲ႔ BTS အဖြဲ႔

ေတာင္ကုိရီးယားရဲ႔နာမည္အေက်ာ္ၾကားဆံုးေကေပါ့ပ္အဖြဲ႔တစ္ခုျဖစ္တဲ႔ BTS ဟာ ေနာက္ထပ္ေအာင္ျမင္မႈမွတ္တုိင္တစ္ခု စုိက္ထူႏုိင္ခဲ့ျပန္ပါျပီ။၂၀၁၈ တစ္နွစ္လံုးေအာင္ျမင္မႈေတြ တရစပ္သိမ္းပုိက္ခဲ႔သလို ၂၀၁၉ အစပုိင္းမွာလည္းသူတို႔ရဲ႔ေအာင္ျမင္မႈကိုဆက္လက္ထိန္းသိမ္းႏုိင္ဆဲပါ။

မၾကာေသးခင္က BTS အဖြဲ႔ရဲ ႔’BTS World Tour: Love Yourself in Seoul’ ေဖ်ာ္ေျဖပြဲရုပ္ရွင္ကုိရံုတင္ျပသခဲ႔ပါတယ္။113 မိနစ္ၾကာျမင့္တဲ႔ ဒီရုပ္ရွင္ကုိ ဇန္န၀ါရီ ၂၆ ရက္ေန႔ တစ္ရက္တည္း ႏုိင္ငံေပါင္း ၁၀၂ ႏုိင္ငံက ရုပ္ရွင္ရံု ၄၁၀၀ မွာ ျပသခဲ႔တာျဖစ္ျပီး အဲ႔တစ္ေန႔တည္းမွာတင္ ကုိရီးယားႏုိင္ငံအပါအ၀င္ ၾကည့္ရႈသူပရိသတ္ ၁.၂ သန္းနဲ႔ စုစုေပါင္း ေဒၚလာ ၁၁.၇ သန္း၀င္ေငြရရွိခဲ့တယ္လုိ႔သိရပါတယ္။

ဒါ့အျပင္ ေဖေဖာ္၀ါရီလ ၉ရက္နဲ႔ ၁၀ ရက္မွာ ဒီရုပ္ရွင္ဟာ ကမာၻတစ္၀န္းလံုးက ရုပ္ရွင္ရံုေတြဆီကုိျပန္လည္ေရာက္ရွိလာဦးမွာျဖစ္တယ္လုိ႔ Big Hit Entertainment ရဲ႔ အဆုိအရ သိရပါတယ္။ဒီလုိေအာင္ျမင္မႈေတြအရၾကည့္မယ္ဆုိရင္ တကယ့္ကုိေကေပါ့ပ္ပရိသတ္ေတြရဲ႔အစြမ္းက မေသးဘူးလုိ႔ဆုိရမွာပါပဲ။၂၆ရက္ေန႔က ရုပ္ရွင္ကုိမၾကည့္လိုက္ရတဲ႔ပရိသတ္ေတြကေတာ့ ေဖေဖာ္၀ါရီလထဲမွာၾကည့္ႏုိင္ဖုိ႔ ေစာင့္ေမ််ွာ္ေနတဲ႔အေၾကာင္း ကြန္းမန္႔ေတြမွာလည္းေရးသားထားၾကတာျမင္ေတြ႔ပါတယ္။

ပရိသတ္ၾကီးအတြက္ ‘BTS World Tour: Love Yourself in Seoul’ Trailer ေလး ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source:Allkpop

Unicode

တောင်ကိုရီးယားရဲ့နာမည်အကျော်ကြားဆုံးကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ BTS ဟာ နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။၂၀၁၈ တစ်နှစ်လုံးအောင်မြင်မှုတွေ တရစပ်သိမ်းပိုက်ခဲ့သလို ၂၀၁၉ အစပိုင်းမှာလည်းသူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ဆဲပါ။

မကြာသေးခင်က BTS အဖွဲ့ရဲ့’BTS World Tour: Love Yourself in Seoul’ ဖျော်ဖြေပွဲရုပ်ရှင်ကိုရုံတင်ပြသခဲ့ပါတယ်။113 မိနစ်ကြာမြင့်တဲ့ ဒီရုပ်ရှင်ကို ဇန်နဝါရီ ၂၆ ရက်နေ့ တစ်ရက်တည်း နိုင်ငံပေါင်း ၁၀၂ နိုင်ငံက ရုပ်ရှင်ရုံ ၄၁၀၀ မှာ ပြသခဲ့တာဖြစ်ပြီး အဲ့တစ်နေ့တည်းမှာတင် ကိုရီးယားနိုင်ငံအပါအဝင် ကြည့်ရှုသူပရိသတ် ၁.၂ သန်းနဲ့ စုစုပေါင်း ဒေါ်လာ ၁၁.၇ သန်းဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၉ရက်နဲ့ ၁၀ ရက်မှာ ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝန်းလုံးက ရုပ်ရှင်ရုံတွေဆီကိုပြန်လည်ရောက်ရှိလာဦးမှာဖြစ်တယ်လို့ Big Hit Entertainment ရဲ့ အဆိုအရ သိရပါတယ်။ဒီလိုအောင်မြင်မှုတွေအရကြည့်မယ်ဆိုရင် တကယ့်ကိုကေပေါ့ပ်ပရိသတ်တွေရဲ့အစွမ်းက မသေးဘူးလို့ဆိုရမှာပါပဲ။၂၆ရက်နေ့က ရုပ်ရှင်ကိုမကြည့်လိုက်ရတဲ့ပရိသတ်တွေကတော့ ဖေဖော်ဝါရီလထဲမှာကြည့်နိုင်ဖို့ စောင့်မျျှော်နေတဲ့အကြောင်း ကွန်းမန့်တွေမှာလည်းရေးသားထားကြတာမြင်တွေ့ပါတယ်။

ပရိသတ်ကြီးအတွက် ‘BTS World Tour: Love Yourself in Seoul’ Trailer လေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Allkpop

45 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.