စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကြားက ကွာခြားချက်

စိုးရိမ်ပူပန်တာနဲ့ စိတ်ဖိစီးတာရဲ့အကျိုးဆက်တွေက မတူပါဘူး။ ဒါတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့
ခံစားချက်တွေဖြစ်သလို သူ့ရဲ့ကွာခြားချက်နဲ့ အကျိုးပြုပုံလေးကို ပြောပြပေးပါမယ်။

Related image

စိတ်ဖိစီးမှုက ပြဿနာဖြေရှင်းပြီးရင် ချက်ချင်းပျောက်သွားတဲ့အရာပါ။ စာမေးပွဲ (သို့) အလုပ်လုပ်မှာ
ကတိုက်ကရိုက်ကိစ္စတွေနဲ့ ကြုံလာတဲ့အခါ စိတ်ဖိစီးပြီး ဒီကိစ္စအမြန်ဖြေရှင်းနိုင်အောင် ကြိုးစားရပါတယ်။ ဒီလိုပဲ.. အားလပ်ရက်မှာ ဘာလုပ်စားကြမယ်ဆိုပြီး စီစဉ်ရတာလည်း ဖိစီးမှုရှိသလို ၊ လူသစ်နဲ့တွေ့ဆုံတဲ့အခါလည်း ဖြစ်ဖူးမှာပါ။ ဒါဟာ အိပ်ရေးပျက်တဲ့ညတွေ များလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေအပေါ်လည်း အရမ်းအာရုံစိုက်လွန်းရင် ဖိစီးမှုတွေတက်လာနိုင်ပါတယ်။

စိုးရိမ်ပူပန်တတ်တာက နည်းနည်းတော့ အန္တရာယ်များပါတယ်

Image result for anxiety

ဖြေရှင်းစရာကိစ္စက ပြီးသွားပြီ။ ဒါပေမယ့် မင်းစိတ်ထဲမှာ စိုးရိမ် ပူလောင်နေတဲ့ခံစားချက်ကြီးက ကျန်
တုန်းပဲ။ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုပြီး တွေးပူနေတာမျိုးပေါ့။ တကယ်တော့ စိတ်ဖိစီးမှုတွေနဲ့အတူ စိုးရိမ်ပူပန်စိတ်တွေပါ ခန္ဓာကိုယ်ထဲ မသယ်ဆောင်လာသင့်ဘူး။ ဒီစိတ်က မိသားစုနဲ့ မင်းရဲ့personal ဘဝကို ထိခိုက်စေပါတယ်။ ဘာလုပ်လုပ် အဆင်ပြေမှာမဟုတ်ပါဘူး။

ဖိစီးမှုက အကျိုးကျေးဇူးရှိနိုင်တယ်။ အန္တရာယ်တွေက မြန်မြန်တုံ့ပြန်နိုင်တယ်။ ဒါကို ဘယ်လိုဖြေရှင်း
ကိုင်တွယ်လိုက်မလဲ ၊ အတွေ့ကြုံများလေ ဖိစီးမှုပြဿနာကို စမတ်ကျကျ ဖြေရှင်းနိုင်လေပါပဲ။
သင့်ရဲ့နေထိုင်မှု ပုံစံကိုလည်း ပြောင်းလဲစေပါတယ်။ အရေးမပါတာတွေ အသာထားပြီး အဓိကကျတာကို ပိုအာရုံစိုက်လာနိုင်တယ်။ ဒီလို ခံစားချက်နှစ်ခုလုံးကို လျော့ချချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ညီတဲ့ အစားသောက်တွေ စားသုံးပေးခြင်းက အထောက်ကူဖြစ်စေမှာပါ။

Image result for exercise

ဖြစ်နိုင်ရင် ဒီခံစားချက် နှစ်ခုလုံးမရှိတာ အကောင်းဆုံးပေါ့။ နေ့စဉ်ကြုံတွေ့နေရတာမို့ အကောင်းဆုံး
ဖြေရှင်းနိုင်အောင် ကြိုးစားပါ။

174 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.