ရင်ခုန်သံတွေ ဆူညံခဲ့ရတဲ့ ဒီဇင်ဘာလရဲ့ အကယ်ဒမီည

_mg_6480_resize.jpg

၂၀၁၂ခုနှစ်အတွက် အားလုံးမျှော်လင့်နေကြတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၉ရက်နေ့က သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေ၊ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ ပွဲဟာ စည်းကားခမ်းနားခဲ့ပါတယ်။ ဆန်းပြားတဲ့ ဖက်ရှင် တီထွင်ဖန်တီးမှုအသစ်တွေနဲ့ အလှချင်းပြိုင်နေတဲ့ အနုပညာရှင်တွေရဲ့ ပွဲတက်ဖက်ရှင်တွေကို တွေ့မြင်နေရချိန်မှာ အခမ်းအနားမှာလည်း ဖျော်ဖြေရေး အစီအစဉ်နဲ့ စတင်နေခဲ့ပါပြီ။

၂၀၁၂ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲဟာ ဆိုရင်ဖြင့် ပရိသတ်တွေ မျှော်လင့် ထားတဲ့ အနုပညာရှင်တွေရော၊ မမျှော်လင့်ခဲ့ ကြတဲ့ အနုပညာရှင်တွေပါ ရရှိခဲ့တာကိုလည်း အားလုံးမြင်တွေခဲရမှာပါ။ ဒါ့အပြင် အရင်တုန်းကနဲ့ မတူပဲ ဟာသဇာတ်ကားကို အကယ်ဒမီအဖြစ် ပေးအပ်ချီးမြှင့် ခဲ့တာတွေ ကိုတွေ့မြင်ရခဲ့ရပါတယ်။ ရုပ်ရှင်ချစ် ပရိသတ်တွေအားလုံးက တိမ်မင်းသမီးရဲ့ဒဏ္ဍရီဇာတ်ကားနဲ့ သရုပ်ဆောင် န၀ရတ်ကို အကယ်ဒမီရလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့လည်း အကယ်ဒမီဆုနဲ့လွဲခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

နာမည်ထွက်ထားတဲ့ ဒါရိုက်တာတွေဆုမရရှိဘဲ မမျှော်လင့်ထားတဲ့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ကရရှိသွားခဲ့တာကလည်း ပရိသတ်တွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေခဲ့တာပါ။ အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆုရရှိခဲ့တဲ့ ဒါရိုက်တာအောင်ကိုလတ်ဟာ ပထမဆုံး အကယ်ဒမီဆုရရှိခြင်း ဖြစ်ပါတယ်။  ဒါရိုက်တာ လုပ်လာခဲ့တာ ၇နှစ် ကြာခဲ့ပါပြီ။ ကျေးဇူးတင်ပါတယ်လို့ဆိုပြီး စင်ပေါ်က ဆင်းသွားခဲ့တဲ့ အောင်ကိုလတ်ဟာ သူလုပ်စရာရှိတာ၊ အကောင်းဆုံးလုပ်ပြပြီးတာသွားမို့ တာဝန်ကျေပွန်သွားသလို သူနဲ့အတူ ပရိသတ်တွေ ခံစားလိုက်ရပါတယ်။

အကောင်းဆုံး ကလေးရုပ်ရှင် သရုပ်ဆောင် ဆုရရှိ ခဲ့တဲ့ ယွန်းယွန်းကလည်း လုပ်ဖော်ကိုင်ဖက် ကလေးသရုပ်ဆောင် အားလုံးရဲ့ကိုယ်စား ဆုလက်ခံရယူတယ်လို့ ယူဆပါတယ်ဆို ပြီးတော့ ကျေးဇူးတင်ထိုက်သူအားလုံးကို စုံစုံလင်လင်နဲ့ အကောင်းဆုံးပြောပြသွားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အကောင်းဆုံးရုပ်ရှင် အမျိုးသမီးဇာတ်ပို့ဆုရှင် ရရှိခဲ့တဲ့ ချောရတနာကတော့ ဗုဒ္ဓမြတ်စွာဘုရားကို ကျေးဇူးတင်ပါတယ်။ ကိုဇော်(အရုဏ်ဦး) ၊ ခင်ပွန်းကိုကျော်လင်းတို့ကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ခင်ပွန်းနဲ့ ကလေးလေးရဲ့ကံကြောင့် ရပါတယ်လို့ ယုံကြည်တဲ့အကြောင်း ဖွင့်ဟသွားခဲ့တာပါ။

အကောင်းဆုံးရုပ်ရှင် အမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့ ပြေတီဦးကလည်း ကျွန်တော် အရင်နှစ်ထက် ပိုပြီးတော့ ဒီနှစ်ပိုရင်ခုန် မိပါတယ်။ ဆုရလိမ့် မယ်လို့ မျှော်လင့်မထားမိပါဘူး။ အားလုံးကိုကျေးဇူးတင်မိပါတယ်။ အူဝဲကို ကျေးဇူးတင် ပါတယ် ဆိုပြီးပြောပြသွားခဲ့ ပါတယ်။

အကောင်းဆုံးရုပ်ရှင် အမျိုးသမီးဇာတ်ဆောင် ဆုရှင်ရရှိခဲ့တဲ့ ဖွေးဖွေးမှာတော့ ဘာတွေပြောလို့ ပြောရမှန်းမသိလောက်အောင်ကို ရင်ခုန်နေတာ အားလုံးမြင်တွေ့ခဲ့ရမှာပါ။ ပွဲစတက်လာကတည်းက ရင်ခုန်နေတဲ့ ဖွေးဖွေးရဲ့ ရင်ခုန်သံတွေကို ပရိသတ်တွေ ခံစားမိကြမှာဖြစ်ပြီး ဆုကြေငြာပြီးတဲ့နောက် လူငယ်တွေ ချစ်ကြတဲ့ သရုပ်ဆောင်ဖွေးဖွေးဟာ ပရိသတ်တွေရဲ့ ဟေးခနဲ ဆိုတဲ့ အားပေးသံနဲ့အတူ အကယ်ဒမီဆုကို လက်ဝယ်ပိုင်ဆိုင်ထားသူ ဖြစ်သွားခဲ့ပါပြီ။ ဒါ့ကြောင့်၂၀၁၂ခုနှစ် ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သူတွေရဲ့ စာရင်းကို ခုလိုဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံးရုပ်ရှင် အသံဆု – တိုနီ(လင်း) (ကယန်းအလှ)

အကောင်းဆုံးရုပ်ရှင် တေးဂီတဆု- ဂီတမှူး ၀င်းကို (အမွေခံထိုက်သူဖြစ်ပါစေ)

အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆု- ဇော်မင်း(ဟံသာမြေ)

အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆု – အောင်ကိုလတ် (ကယန်းအလှ)

အကောင်းဆုံးကလေးရုပ်ရှင် သရုပ်ဆောင်ဆု- ယွန်းယွန်း(တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင် – ပြေတီဦး (လက်ပံ)

အကောင်းဆုံးရုပ်ရှင် အမျိုးသမီးဇာတ်ပို့ဆုရှင် – ချောရတနာ (ဥ)

အကောင်းဆုံးရုပ်ရှင် အမျိုးသမီးဇာတ်ဆောင် ဆုရှင်- ဖွေးဖွေး(လက်ပံ)

အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုရှင်- ကိုဇော်( အရုဏ်ဦး) (ဥ)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.