LDRS စံုတြဲတစ္ခ်ိဳ႔ အခ်စ္ေရးခိုင္ျမဲၾကတယ္ဆုိတာ ဒါေတြေၾကာင့္ပါ…

အေနေ၀းတဲ႔ခ်စ္သူစံုတြဲေတြဟာ အခ်စ္ေရးမွာပုိျပီးခိုင္ျမဲၾကတယ္ဆုိတာ သင္သိပါသလား? တစ္ခိ်ဳ႔ကေတာ့ထင္ၾကမယ္။အေနေ၀းရင္ ေသြးေအးသြားမွာ၊ဟိုမွာေနာက္တစ္ေယာက္ေတြ႔ခ်င္ေတြ႕ေနမွာ၊ေ၀းေ၀းကလူကုိမခ်စ္နဲ႔စသျဖင့္ေပါ့ LDRS အခ်စ္ေရးမ်ိဳးက အဆံုးသတ္မေကာင္းဘူးေျပာေလ့ရွိၾကပါတယ္။ဒါေပမဲ႔ ေလ့လာခ်က္ေတြအရ …

*သူတုိ႔က ပုိျပီးအဆက္အသြယ္ရွိၾကတယ္
Cornell တကၠသိုလ္ရဲ႔ေလ့လာခ်က္အရ အေနေ၀းတဲ႔ခ်စ္သူစံုတြဲေတြဟာ တစ္ေန႔ကုိ သံုးေလးၾကိမ္ထက္မနည္းအဆက္အသြယ္ရွိၾကတယ္လို႔သိရပါတယ္။အေနနီးတဲ႔သူေတြက အျမဲတမ္းေတြ႔ေနရတယ္ဆုိေပမဲ႔ အေနေ၀းတဲ႔သူေတြက်ေတာ့ ေ၀းကြာေနတဲ႔အတြက္ တစ္ေန႔ကုိ သံုးေလးၾကိမ္ေလာက္ ဖုန္းေျပာ၊ဗီဒီယုိေကာလ္ေျပာေနတတ္ပါတယ္။ဒါကပဲ သူတို႔ရဲ႔အခ်စ္ေရးကုိပုိျပီးခိုင္ျမဲလာေစတာပါ။

*ရင္းႏွီးမႈသံေယာဇဥ္ေတြတုိးလာတယ္
နီးလြန္းရင္လည္းမျမင္တတ္ၾကပါဘူး။တစ္ေယာက္နဲ႔တစ္ေယာက္ေ၀းေနတဲ႔အခါမွ တစ္ေယာက္ကုိတစ္ေယာက္ဘယ္ေလာက္ခ်စ္ေၾကာင္း၊မခြဲႏုိင္ေၾကာင္း ျမင္လာတတ္တာပါ။အ႔ဲဒီလုိျမင္လာေလ အျမဲတမ္းအဆက္အသြယ္မျပတ္ရွိေနတတ္ပါတယ္။ေလ့လာခ်က္တစ္ခုအရ အေနနီးတဲ႔ခ်စ္သူေတြထက္ အေနေ၀းတဲ႔ခ်စ္သူေတြဟာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ပုိသိလာျပီး တစ္ေယာက္နဲ႔တစ္ေယာက္ပိုျပီး ရင္းႏီွးလာတယ္လုိ႔ ေတြ႔ရွိရပါတယ္။

*တစ္ေယာက္ကုိတစ္ေယာက္ပုိျပီးတန္ဖိုးထားတတ္လာတယ္
အေနေ၀းေနရတဲ႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ဆံုခ်ိန္မွာ သူတို႔အတြက္ အခိ်န္ပုိေပးျဖစ္လာတယ္။သူတုိ႔ရဲ႔တန္ဖုိးကုိသိလာတယ္။ဒါေၾကာင့္ ႏွစ္ေယာက္သားေတြ႔ဆံုခိ်န္မွာ အခ်ိန္ေတြကုိအမွတ္တရျဖစ္ေအာင္ကုန္ဆံုးတတ္လာတယ္။ျပီးေတာ့ေ၀းေနတဲ႔အခ်ိန္မွာ သူကလြဲလို႔
တစ္ျခားတစ္ေယာက္ဆုိတာမရွိဘူးဆုိတဲ့အေတြးေတြနဲ႔ အခ်စ္ေတြပိုလာတတ္ပါတယ္။

*တစ္ေယာက္အမူအက်င့္၊အက်င့္စရိုက္ကိုပိုျပီးနားလည္လက္ခံလာၾကတယ္
ေလ့လာေတြ႔ရွိခ်က္ေတြအရ အေနေ၀းတဲ႔ခ်စ္သူစံုတြဲေတြဟာ တစ္ေယာက္ရဲ႔အမူအက်င့္ေတြ၊အျပစ္အနာေတြကုိ ပုိျပီးနားလည္လက္ခံေပးၾကတယ္လုိ႔သိရပါတယ္။အေနနီးတဲ႔ခ်စ္သူေတြေလာက္ အျမဲတေစမေတြ႔ရေပမဲ႔ ေ၀းကြာျခင္းကပဲ သူတုိ႔ကုိ ပုိျပီးနီးကပ္သြားေစတာပါ။

အေနေ၀းေပမဲ႔ အခ်စ္ေရးခိုင္ျမဲၾကတဲ႔ခ်စ္သူစံုတြဲေတြရဲ႔အဓိကအားသာခ်က္ကေတာ့ နားလည္မႈနဲ႔ယံုၾကည္မႈေပးႏုိင္ၾကတာပါပဲ။အခ်စ္ေရးတစ္ခုမွာ တစ္ေယာက္ကိုတစ္ေယာက္နားလည္ဖုိ႔လိုအပ္သလို ယံုၾကည္မႈရွိဖုိ႔လည္းလိုအပ္ပါတယ္။အေနေ၀းေနတာေတာင္ ကုိယ့္ခ်စ္သူကုိ အျမဲယံုၾကည္မႈရွိေနဖို႔ဆိုတာမလြယ္ပါဘူး။ယံုၾကည္မႈနဲ႔နားလည္မႈအျပည့္ရွိေနမွသာ အေနနီးတဲ႔အခ်စ္ေရးျဖစ္ေစ။အေနေ၀းတဲ႔အခ်စ္ေရးျဖစ္ေစ ခိုင္ျမဲမွာပါ။ဒီေနရာမွာ အခ်စ္ကလည္းအေရးပါပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္မရွိေတာ့ရင္ ေ၀းေ၀းနီးနီး အဲ႔အခ်စ္ေရးက ေရရွည္ခိုင္ျမဲမွာမဟုတ္ပါဘူး။

Ref:Yourtango

Unicode

အနေဝေးတဲ့ချစ်သူစုံတွဲတွေဟာ အချစ်ရေးမှာပိုပြီးခိုင်မြဲကြတယ်ဆိုတာ သင်သိပါသလား? တစ်ချို့ကတော့ထင်ကြမယ်။အနေဝေးရင် သွေးအေးသွားမှာ၊ဟိုမှာနောက်တစ်ယောက်တွေ့ချင်တွေ့နေမှာ၊ဝေးဝေးကလူကိုမချစ်နဲ့စသဖြင့်ပေါ့ LDRS အချစ်ရေးမျိုးက အဆုံးသတ်မကောင်းဘူးပြောလေ့ရှိကြပါတယ်။ဒါပေမဲ့ လေ့လာချက်တွေအရ …

*သူတို့က ပိုပြီးအဆက်အသွယ်ရှိကြတယ်
Cornell တက္ကသိုလ်ရဲ့လေ့လာချက်အရ အနေဝေးတဲ့ချစ်သူစုံတွဲတွေဟာ တစ်နေ့ကို သုံးလေးကြိမ်ထက်မနည်းအဆက်အသွယ်ရှိကြတယ်လို့သိရပါတယ်။အနေနီးတဲ့သူတွေက အမြဲတမ်းတွေ့နေရတယ်ဆိုပေမဲ့ အနေဝေးတဲ့သူတွေကျတော့ ဝေးကွာနေတဲ့အတွက် တစ်နေ့ကို သုံးလေးကြိမ်လောက် ဖုန်းပြော၊ဗီဒီယိုကောလ်ပြောနေတတ်ပါတယ်။ဒါကပဲ သူတို့ရဲ့အချစ်ရေးကိုပိုပြီးခိုင်မြဲလာစေတာပါ။

*ရင်းနှီးမှုသံယောဇဉ်တွေတိုးလာတယ်
နီးလွန်းရင်လည်းမမြင်တတ်ကြပါဘူး။တစ်ယောက်နဲ့တစ်ယောက်ဝေးနေတဲ့အခါမှ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်ကြောင်း၊မခွဲနိုင်ကြောင်း မြင်လာတတ်တာပါ။အဲ့ဒီလိုမြင်လာလေ အမြဲတမ်းအဆက်အသွယ်မပြတ်ရှိနေတတ်ပါတယ်။လေ့လာချက်တစ်ခုအရ အနေနီးတဲ့ချစ်သူတွေထက် အနေဝေးတဲ့ချစ်သူတွေဟာ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပြီး တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ရင်းနှီးလာတယ်လို့ တွေ့ရှိရပါတယ်။

*တစ်ယောက်ကိုတစ်ယောက်ပိုပြီးတန်ဖိုးထားတတ်လာတယ်
အနေဝေးနေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ပြန်ဆုံချိန်မှာ သူတို့အတွက် အချိန်ပိုပေးဖြစ်လာတယ်။သူတို့ရဲ့တန်ဖိုးကိုသိလာတယ်။ဒါကြောင့် နှစ်ယောက်သားတွေ့ဆုံချိန်မှာ အချိန်တွေကိုအမှတ်တရဖြစ်အောင်ကုန်ဆုံးတတ်လာတယ်။ပြီးတော့ဝေးနေတဲ့အချိန်မှာ သူကလွဲလို့
တစ်ခြားတစ်ယောက်ဆိုတာမရှိဘူးဆိုတဲ့အတွေးတွေနဲ့ အချစ်တွေပိုလာတတ်ပါတယ်။

*တစ်ယောက်အမူအကျင့်၊အကျင့်စရိုက်ကိုပိုပြီးနားလည်လက်ခံလာကြတယ်
လေ့လာတွေ့ရှိချက်တွေအရ အနေဝေးတဲ့ချစ်သူစုံတွဲတွေဟာ တစ်ယောက်ရဲ့အမူအကျင့်တွေ၊အပြစ်အနာတွေကို ပိုပြီးနားလည်လက်ခံပေးကြတယ်လို့သိရပါတယ်။အနေနီးတဲ့ချစ်သူတွေလောက် အမြဲတစေမတွေ့ရပေမဲ့ ဝေးကွာခြင်းကပဲ သူတို့ကို ပိုပြီးနီးကပ်သွားစေတာပါ။

အနေဝေးပေမဲ့ အချစ်ရေးခိုင်မြဲကြတဲ့ချစ်သူစုံတွဲတွေရဲ့အဓိကအားသာချက်ကတော့ နားလည်မှုနဲ့ယုံကြည်မှုပေးနိုင်ကြတာပါပဲ။အချစ်ရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်နားလည်ဖို့လိုအပ်သလို ယုံကြည်မှုရှိဖို့လည်းလိုအပ်ပါတယ်။အနေဝေးနေတာတောင် ကိုယ့်ချစ်သူကို အမြဲယုံကြည်မှုရှိနေဖို့ဆိုတာမလွယ်ပါဘူး။ယုံကြည်မှုနဲ့နားလည်မှုအပြည့်ရှိနေမှသာ အနေနီးတဲ့အချစ်ရေးဖြစ်စေ။အနေဝေးတဲ့အချစ်ရေးဖြစ်စေ ခိုင်မြဲမှာပါ။ဒီနေရာမှာ အချစ်ကလည်းအရေးပါပါတယ်။တစ်ယောက်နဲ့တစ်ယောက် အချစ်မရှိတော့ရင် ဝေးဝေးနီးနီး အဲ့အချစ်ရေးက ရေရှည်ခိုင်မြဲမှာမဟုတ်ပါဘူး။

Ref:Yourtango

76 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.