ငယ်ငယ်ရွယ်ရွယ်နဲ့ ကျိကျိတက် ချမ်းသာနေတဲ့ မင်းသမီးများ

Bella Throne

Image result for Bella Thorne

အသက် ၂၁နှစ်သာရှိသေးတဲ့ Bella Throne ရဲ့လက်ရှိဝင်ငွေဟာ ဒေါ်လာ ၂မီလီလျံဝန်းကျင်ရှိပါတယ်။ အသက် ၉နှစ်အရွယ်မှာ သူမရဲ့ပထမဆုံး ရုပ်ရှင်ပွဲဦးထွက်ခဲ့ပါတယ်။ Disney မင်းသမီးလေးအဖြစ် လူသိလာများခဲ့ပြီးနောက် ရုပ်ရှင်တွေနဲ့ တီဗီရှိုးတွေမှာ ဆက်တိုက် သရုပ်ဆောင်ခဲ့ပါတယ်။Midnight Sun ထဲက သူမရဲ့သီချင်းလေးကိုလည်း ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။

Kylie  Jenner

Image result for Kylie Jenner

Kylie လည်း အသက် ၂၁နှစ်အရွယ်နဲ့ ကိုယ်ပိုင် brand တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး အခုဆို ချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အသက် ၁၉နှစ်မှာစပြီး ” Keeping up with the Kardashians” တီဗီရှိုးမှာ ပါဝင်ခဲ့ပါတယ်။ ကလေးမွေးပြီးလည်း လှဆဲ၊ လှမြဲပါပဲ။ လက်ရှိသူမဝင်ငွေဟာ ဒေါ်လာ ၉ဝဝမီလီလျံ ရှိပါတယ်။

Elle Fanning

Related image

အမေရိကန် မင်းသမီးလေးElle Fanning ဟာ အသက်၃နှစ်တည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့တာပါ။ အခုဆို အသက်၂ဝရှိပြီဖြစ်ပြီး Dakota Fanning ရဲ့ညီမဆိုတာလည်း ပရိတ်သတ်တွေ သိပြီးကြမှာပါ။ ရုပ်ရှင်တွေအများကြီးရိုက်ကူးခဲ့ပြီး လက်ရှိဝင်ငွေဟာ ဒေါ်လာ ၅မီလီလျံရှိပါတယ်။ ၂ဝ၁၄ခုနှစ်က Maleficent ဇာတ်ကားနဲ့ ပရိတ်သတ်အချစ်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ Maleficent 2 အတွက် ရိုက်ကူးနေပြီး ၂​​ဝ၂ဝဆို ထွက်ရှိမှာဖြစ်ပါတယ်။

Spohie Turner

Image result for Sophie Turner

Game of Throne စီးရီးထဲက Spohie Turner က Sansa Stark အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အသက် ၂၂နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ရှိုးမှာ ဝင်ငွေအကောင်းဆုံး မင်းသမီး ငါးယောက်ထဲက
တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိဝင်ငွေဟာ ဒေါ်လာ၆ မီလီလျံရှိပါတယ်။

Chloe Grace Moretz

Related image

အသက် ၈နှစ်ကစပြီး ရုပ်ရှင်တွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ Chloe ဟာ ၂ဝ၁ဝမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားနဲ့ ဟောလိဝုဒ်မှာ ရေပန်းစားဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း IF I Stay , Carrie , The 5th Wave နဲ့ Brain On Fire ဇာတ်ကားတို့နဲ့လည်း
ပရိတ်သတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ အသက် ၂၁နှစ်ရှိပြီး လက်ရှိဝင်ငွေကတော့ ၁၂မီလီလျံပါ။

ကဲ… ဒါကတော့ ဝင်ငွေအကောင်းဆုံး မင်းသမီး ၅ယောက်ဖြစ်ပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.