အွန်လိုင်း လက်လီရောင်း ကုမ္ပဏီကြီးဖြစ်တဲ့ Amazon မှာ Bruce Springsteen ရဲ့ နောက်ထွက်မယ့်အယ်လ်ဘမ် “High Hope”ဟာ မထင်မှတ်ဘဲမတော်တဆ နှစ်ပတ်စောပြီး download လုပ်လို့ရသွားတယ် လို့ Bruce Springsteen ရဲ့ ပရိတ်သတ်တွေဆီက သိရပါတယ်။
“High Hope” အယ်လ်ဘမ်သစ်မှာ သီချင်း ၁၂ပုဒ်ပါရှိပြီး အဲ့ဒီ့ထဲကမှ ၈ပုဒ်ကို ဂီတာသမားဟောင်း Tom Morello ကတီးပေးထားပါတယ်။ အယ်လ်ဘမ် တရားဝင်မထုတ်ခင်မှာ Bruce Springsteen ရဲ့ပရိတ်သတ်တွေဟာ ကော်ပီတွေ ရရှိနေနိုင်ပြီပါပြီ။
တရားမ၀င် သီချင်းဖိုင်တွေကို ၀ဘ်ဆိုဒ်တွေမှာ ဝေငှနေတာမျိုးတွေလဲ ရှိတယ်လို့ billboard ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီ error တွေကို ပြင်ဆင်ပြီးတဲ့နောက် January 13ရက်နေ့မှာတော့ Bruce Springsteen ရဲ့ သီချင်းခွေတွေကို လက်ဝယ်အရောက် ရရှိနိုင်ပါပြီ။
Ref:starpulse
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။