ယခုနှစ်ဘောလုံးရာသီနွေရသီအပြောင်းအရွှေ့ဈေးကွက်မှာ စပိန်လာ လီဂါကလပ်အသလက်တီကိုကနေ ပြင်သစ်လီဂူးကလပ် မိုနာကိုဆီ ကို ယူရိုသန်း(၆၀)ကျော်နဲ့ ပြောင်းလာခဲ့တဲ့ ကိုလံဘီယာတိုက်စစ်မှူးရွန် ဒါမဲဖဲလ်ကာအိုဟာ ဘောလုံးရာသီထက်ဝက်ပဲ ကစားရသေးတဲ့အသင်းကနေ ပြန်ပြောင်းတော့ မယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဖဲလ်ကာအိုအနေနဲ့ ဥရော ပအသင်းပေါင်းများစွာ ကမ်းလှမ်းနေကြတဲ့ကြားက မိုနာကိုအသင်းကို မှရွေးချယ်ခဲ့ရခြင်း အဓိကအကြောင်းရင်းဟာ မိုနာကိုရဲ့ ၀င်ငွေခွန်လုံး ၀မကောက်တဲ့အခွန်စနစ်ကြောင့်ပါ။ ဒါပေမယ့် ပြင်သစ်လီဂူးအဖွဲ့ချုပ် ရဲ့ သတ်မှတ်ချက်အသစ်ကြောင့် နောက်တစ်နှစ်ကစလို့ အခွန်ငွေ တွေမြင့်မြင့်မားမားပေးရမယ့်ကိန်းဆိုက်နေပါပြီ။ ဒါကြောင့်လည်း ဖဲလ် ကာအိုအနေနဲ့ မိုနာကိုကနေပြောင်းတော့မယ်လို့ သတင်းတွေထွက် လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ကနေ အခုလိုရှင်းပြ လာခဲ့ပါတယ်။ ““ဒါတွေဟာ လုံးဝကိုမှားယွင်းနေပါတယ်။ ကျွန်တော် က မိုနာကိုမှာပျော်နေတယ်လေဗျာ။ ဒီလိုကောလာဟလတွေ ဘယ် ကနေထွက်လာသလဲဆိုတာ မသိပါဘူး။ ကျွန်တော်က မိုနာကိုနဲ့အ တူ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားမှာပါ”” လို့ဖဲလ် ကာအိုကပြောခဲ့ပါတယ်။ ဖဲလ်ကာအိုဟာ မိုနာကိုနဲ့ ပွဲစဉ်(၁၅)ပွဲကစား ပြီးချိန်မှာ (၉)ဂိုးသွင်းယူထားပါတယ်။
မိုနာကိုကနေ ပြောင်းတော့မယ်ဆိုတာ မဟုတ်ရပါဘူးဗျာလို့ ရှင်းလင်းချက်ထုတ်ပြန်လိုက်တဲ့ ဖဲလ်ကာအို

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။