ဘရော့ဒ်ဝေး စင်ဒရဲလားအဖြစ် သရုပ်ဆောင်မယ့် အဆိုတော် Carly Rae Jepsen

carly_rae_jepsen-prn-105257.jpg

 

ဘရော့ဒ်ဝေး ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်တဲ့ Rodgers & Hammerstein’s “Cinderella” ဇာတ်လမ်းမှာ Carly Rae Jepsen ဟာ Cinderella အဖြစ် သရုပ်ဆောင်မယ်လို့ starpulse ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ Carly Rae Jepsen ဟာ “ခု  ကျွန်မရဲ့ NYC လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပါတော့မယ်။ ဖေဖော်ဝါရီ ၂၄ရက်နေ့ကစပြီး ဘရော့ဒ်ဝေး စင်ဒရဲလားအဖြစ် သရုပ်ဆောင် ရိုက်ကူးသွားမယ်။” လို့ Twitter စာမျက်နှာမှာ ဒီဇင်ဘာ ၂၉ရက်နေ့ နေ့ခင်းက ရေးခဲ့ပါတယ်။

သူမရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီဆိုတဲ့ အကြောင်းကို ထပ်မံပြောကြားခဲ့ပြီး ရိုက်ကူရေးနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ နယူးယောက်တိုင်းမ်စ် ဆောင်းပါးရဲ့ link ကိုလဲ ပူးတွဲ တင်ထားခဲ့ပါတယ်။

“အဆို၊ အက၊ သရုပ်ဆောင် စတဲ့ ဂီတဆိုင်ရာဇာတ် လေ့ကျင့်မှုတွေကို လုပ်ကိုလုပ်ဖို့လိုတယ်။” Carly Rae Jepsen ကပြောသွားပါတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.