Queen Elizebeth II ရဲ့ အသက်(၆၀)ပြည့် မွေးနေ့အခမ်းအနားမှာ နာမည်ကျော်တစ်ချို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်များအနေနဲ့ နာမည်ကျော်တွေဟာ ဒီလိုတော်ဝင်မိသားစုရဲ့ အခမ်းအနားမျိုးမှာ ဘယ်လိုများ လှပပြီး နန်းဆန်အောင် ၀တ်စားဆင်ယင်သွားနိုင်သလဲဆိုတာ အနည်းငယ် လေ့လာကြည့်ရအောင်။
ခေတ်အဆက်ဆက် ဒီလိုမွေးနေ့ပွဲမျိုး ကျင်းပခဲ့ရာမှာ ဘုရင်မကြီးအနေနဲ့ နာမည်ကျော်တွေကို အခုလိုမျိုးပဲ ရင်းရင်းနှီးနှီးဖိတ်ကြား တွေ့ဆုံတတ်တဲ့ အလေ့အထ ရှိခဲ့ပါတယ်။ ဒီပုံကတော့ ၁၉၅၆ ခုနှစ်မှာ Marilyn Monroe နဲ့ ဘုရင်မကြီး လက်ဆွဲနှုတ်ဆက်နေကြတာပါ။
အခမ်းအနားနဲ့လိုက်အောင် ဂုဏ်သရေရှိရှိနဲ့ သူမတို့ရဲ့ ပင်ကိုယ်စတိုင်လည်းနဲ့လည်း အများကြီး သွေဖယ်မသွားအောင် အခုလိုမျိုး ၀တ်ဆင်သွားခဲ့ကြပါတယ်။
(၁) Adele ကတော့ အင်္ဂလိပ်ဖက်ရှင်ဒီဇိုင်နာ Stella McCartney ရဲ့ဒီဇိုင်းကို ၀တ်ဆင်သွားပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့လည်း သင့်တော်ပြီး မဟာဆန်တဲ့ အသွင်အပြင်လည်း အပြည့်ရှိပါတယ်။
(၂) Taylor Swift ကတော့ အခုလိုမျိုး သိပ်မရိုင်းတဲ့အသွင်အပြင်နဲ့ သူမရဲ့ ပင်ကိုယ်စတိုင်ဖြစ်တဲ့ မိန်းမဆန်မှုကို အပြည့်အ၀ ဖော်ကျူးသွားနိုင်ပါတယ်။
(၃) Jessie J ကတော့ လူငယ်စတိုင်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်နဲ့ accessories ဆိုလို့ နားကွင်းတွေသာ ဆင်မြန်းခဲ့ပါတယ်။
(၄) ဘုရင်မကြီးမွေးနေ့ပွဲမှာ မဟုတ်ပေမယ့် တော်ဝင်မိသားစုရဲ့ အရေးကြီး အခမ်းအနား တစ်ခုဖြစ်တဲ့ မင်းသား ၀ီလျံရဲ့ လက်ထပ်ပွဲမှာတော့ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ အတွဲဟာ အခုလို မဟာဆန်လှစွာ ၀တ်ဆင်ခဲ့ကြပါတယ်။ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဗစ်တိုးရီးယားဟာ သူမရဲ့ ၀တ်စုံကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
(၅) CBE ဆုကို လက်ခံရရှိခဲ့တဲ့ Kate Winslet ကတော့ သတ်လတ်ပိုင်း အမျိုးသမီးဟန်နဲ့ အခုလို တင့်တင့်တယ်တယ် ၀တ်ဆင်ပြသွားပါတယ်။ Alexander McQueen ရဲ့ ၀တ်စုံဖြစ်ပြီး ဦးထုပ်ကတော့ Elsewhere ကုမ္ပဏီရဲ့ ဒီဇိုင်းဖြစ်ပါတယ်။
(၆) Lady Ga Ga ကတော့ အနီရောင် သားရေအပြောင်သားနဲ့ သူမရဲ့ ကိုယ်ပိုင်စတိုင်လည်း မပျောက်အောင်နဲ့ တော်ဝင်အခမ်းအနားနဲ့လည်း ကိုက်ညီအောင် အခုလိုဝတ်ဆင်ခဲ့ပါတယ်။
Ref:elleuk