၂၀၁၂ အကယ်ဒမီပွဲကြီးမှာ အမျိုးသမီးဇာတ်ဆောင်ဆုအနေနဲ့ ပရိသတ်တွေကရော ရုပ်ရှင်အနုပညာ နယ်ပယ်ကပါ ထင်ကြေးပေးနေတဲ့ န၀ရတ်ဟာ ‘တိမ်မင်းသမီး’ ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု အလွဲကြီး လွဲခဲ့ရပါတယ်။ ဆုကြေညာခါနီး စင်ပေါ်ကိုတက်ဖို့ပြင်ဆင်နေတဲ့ သူမ၊ အနုပညာမောင်နှမတွေ ၀န်းရံထားတဲ့သူမဟာ မမျှော်လင့်ပဲနဲ့ ၂၀၁၂ အကယ်ဒမီဆုနဲ့လွဲခဲ့ရတာမို့ သူမရဲ့ခံစားချက်ဘယ်လိုရှိမယ်ဆိုတာ မေးမြန်းကြည့်တဲ့အခါမှာတော့ “အကယ်ဒမီဆုမရခဲ့တဲ့အတွက် စိတ်ထဲမှာ အေးချမ်းသွားတယ်။ ပရိသတ်ပေးတဲ့ဆုကို ရခဲ့ပြီး နိုင်ငံတော်ကပေးတဲ့ဆုကို မရခဲ့ဘူး။ အဲဒီအတွက်တော့ စိတ်မကောင်း ဖြစ်တယ်။ ဒါပေမဲ့ နောင်နှစ်တွေမှာ မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရှိသေးတဲ့အတွက် သူရနိုင်ပါသေး တယ်’’တဲ့။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။