အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေမှာ သားသားနဲ့ မီးမီးတို့ လည်းပါဝင်နေပါတယ်။

16635880.jpg

ကလေးသူငယ်လေးတွေက တစ်ချိန်ချိန်မှာ နိုင်ငံတော်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်လာနိုင်ပါတယ်၊ ထူးချွန်ထက်မြတ်တဲ့ နိုင်ငံခေါင်းဆောင်၊ နိုင်ငံဂုဏ်ဆောင်တွေလို့ တင်စားလို့ လဲရပါတယ်။ ဒါတွေအားလုံးဖြစ်လာနိုင်ဖို့  ငယ်စဉ်ကာလအချိန်အခါမှာကတည်းက မှန်ကန်တဲ့ သွန်သင်ဆုံးမမှုနဲ့ ဖေးမမှုမျိုးပေးဖို့ တွေက လူကြီးမိဘတွေရဲ့  တာဝန်ဝတ္တရားတွေပါပဲ။ သွန်သင်ဆုံးမမှုနဲ့  အားပေးဖေးမမှုတွေ အပြင် အသက်၁၈နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ကလေးသူငယ်အခွင့်အရေးအပြည့်အဝပေးပြီး ကာကွယ်စောင့်ရှောက်မှုတွေကို နိုင်ငံတော်ကလည်းပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ကလေးတွေက ကလေးအခွင့်အရေးတွေချိုးဖောက်ခံနေကြရတာ ဖွံ့ ဖြိုးတိုးတက်နေတဲ့ မြို့ ကြီးတွေမှာသာ သိပ်မသိသာတာပါ၊ တခြား သိပ်မဖွံ့ ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေ၊ တိုင်းနဲ့ ပြည်နယ်တွေမှာ အရမ်းများပြားနေတာကို လူကြီးမိဘ၊ နိုင်ငံတော်ကတာဝန်ရှိသူတွေက လျစ်လျူရှုနေကြပါတယ်။ အဆိုးရွားဆုံးတစ်ချက်ကတော့ ကလေးသူငယ်တွေကို အတင်းအကျပ်အဓ္ဓမနည်းနဲ့ တစ်နည်း၊ ခြိမ်းခြောက်ကြိမ်းမောင်းခြင်းတွေနဲ့ တစ်ဖုံ စစ်တပ်ထဲကိုနည်းအမျိုးမျိုးနဲ့  ဖြားယောင်းသိမ်းသွင်းနေတာတွေပါပဲ။

မိဘတွေကလည်း ကလေးအခွင့်အရေးနဲ ပတ်သက်ပြီး ဗဟုသုတအနည်းနဲ့ အများရှိထားသင့်တယ်။ စာသင်ကျောင်းကလည်း ကလေးတွေကို ပညာပေးသင်ကြားပေးတဲ့ နေရာတစ်နေရာဖြစ်လို့  ကျောင်းတွင်းက စာသင်ကြားတဲ့ဆရာ၊ဆရာမ နဲ့  ကျောင်းအုပ်ဆရာ၊ဆရာမတွေ ကိုယ်တိုင်ကလည်း ကလေးသူငယ်အခွင်းအရေးကို သိရှိနားလည်ထားပြီး ကလေးသူငယ်အခွင့်အရေးစာချုပ်ထဲက ပြဌာန်းထားတဲ့အတိုင်း လိုက်နာပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို နည်းစနစ်ကျကျ၊ မှန်ကန်တဲ့စာသင်ကြားမှုနဲ့  နိုင်ငံတကာအဆင့်မှီတဲ့ သင်ရိုးညွှန်းတန်းတွေနဲ့  သင်ကြားပေးနိုင်ရင် ကလေးတွေက ကျောင်းနေပျော်နိုင်ပြီး ပညာဗဟုသုတတွေကို ပိုမိုရှာဖွေ လေ့လာလိုစိတ်တွေဖြစ်ပေါ်လာနိုင်မှာပါ။

ကိုယ်တွေငယ်စဉ်ဘဝက မရခဲ့၊ မသိခဲ့တဲ့ ကလေးအခွင်းအရေးတွေကို နောက်လာမယ့် မျိုးဆက်သစ်ကလေးသူငယ်တွေ သိရှိခံစားစေနိုင်ဖို့  ကြိုးစားနေကြတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံမှာရှိနေပါတယ်။ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်လေးတွေက ကလေးအခွင့်အရေးချိုးဖောက်ခံနေရတာမျိုးနဲ့ ကြုံတွေ့ နေရရင် အကူအညီတွေပေးပြီး ကလေးအခွင့်အရေးချိုးဖောက်နေသူတွေကိုလည်း ပညာပေးမှုတွေလုပ်ဆောင်ရင်း ကလေးသူငယ်အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးတဲ့ လူထုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကလေးငယ်တွေရဲ့ အနာဂတ်ကလည်း ပိုမိုလှပနိုင်မှာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.