Harry Styles နဲ့ G-Dragon ရည်းစားဟောင်း Mizuhara တို့တွဲနေတဲ့ သတင်းများပျံ့နေ

မကြာခင်က တက်လာတဲ့သတင်းတွေမှာ G-Dragon ရည်းစားဟောင်း Mizuhara Kiko နဲ့
One Direction အဖွဲ့ဝင် Harry Styles တို့ဒိတ်နေကြောင်း ကောလဟလတွေထွက်လာပါတယ်။

Image result for Mizuhara Kiko

The Sun သတင်းအရ Harry Styles ဟာ တိုကျိုကို ပြီးခဲ့တဲ့လက အကြိမ်ပေါင်းများစွာ အလည်ပတ်ခရီးတွေသွားခဲ့ပါတယ်တဲ့။ အဲ့ဒီအချိန်ကစပြီး နှစ်ယောက်လုံးဟာ အင်စတာဂရမ်မှာ အပြန်လည် follow ထားတာကိုလည်း တွေ့ရပါတယ်။

Image result for့ harry styles

Mizuhara Kiko ဟာ ဂျပန်- ကိုရီးယား နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တုန်းက
G-Dragon ရဲ့ရည်းစားဟောင်းလည်းဖြစ်ပါတယ်။

ဒါတင်မဟုတ်ပဲ အရင်တုန်းက K-pop အဆိုတော်တွေနဲ့လည်း ဒိတ်ခဲ့ဖူးကြောင်း သိရပါတယ်။ Black Pink နဲ့လည်း သူငယ်ချင်းတွေဖြစ်ပါတယ်။

ပရိတ်သတ်အချို့ကတော့ ဒါဟာ အလိမ်အညာစကားတွေဖြစ်မယ်လို့လည်း ဝေဖန်နေကြပါတယ်။
အဓိက ကာယံကရှင်တွေကတော့ ဒီသတင်းနဲ့ပတ်သတ်ပြီး ဘာမှပြောထားခြင်းမရှိပါဘူး။

197 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.