ငှားနေခဲ့တဲ့အိမ်မှာ စည်းပျက်ကမ်းပျက်နေခဲ့မိလို့ ပေါင်(၂)သိန်းလောက်လျော်ရတော့မယ့် အန်ဒီကာရိုးလ်

article-2465473-05677bd900000514-643_634x458.jpg

ဝက်စ်ဟမ်းနဲ့ အင်္ဂလန်တိုက်စစ်မှူး အန်ဒီကာရိုးလ်ဟာ လီဗာ ပူးလ်အသင်းမှာ ကစားခဲ့စဉ်အခါက ငှားရမ်းနေထိုင်ခဲ့တဲ့ နှစ်ထပ်အိမ် ကြီးကို စည်းမဲ့ကမ်းမဲ့နေထိုင်ခဲ့တာကြောင့် အပျက်အဆီးတွေများစွာ ဖြစ်ခဲ့ရလို့ အခုဆိုရင် အိမ်ပိုင်ရှင်ကနေ ပေါင်(၁၉၁၀၀၀)လျော်ကြေး ပေးဖို့ တရားစွဲလိုက်ပါပြီတဲ့။ ကာလပေါက်ဈေး ပေါင်(၂)သန်းတန် ဖိုးရှိတဲ့ မာဆေးဆိုက်ဒ်ဒေသက စံအိမ်ကြီးထဲမှာ ကာရိုးလ်လုပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကတော့ တန်ဖိုးကြီးပရိဘောဂပစ်္စည်းများပေါ်မှာ အချိုရည်၊ အရက်များဖိတ်စင်ကာ အစွန်းကွက်များဖြစ်စေခဲ့ခြင်း၊ မျက် နှာကျက်များလည်းပေါက်ပြဲယိုယွင်းကာ ပရိဘောဂပစ်္စည်းတွေကိုလည်း  အိမ်ရှင်ကိုအသိမပေးဘဲ ပြောင်းတာရွှေ့တာတွေလုပ်ခဲ့ခြင်း၊ (၁၂)မီ တာကျယ်တဲ့ရေကူးကန်အတွင်းမှာလည်း ရေညှိများနဲ့ ဖုံးအုပ်နေတဲ့ အထိပစ်ထားခဲ့ခြင်းများ အပါအ၀င်အခြား ပြသနာများစွာလည်းရှိနေ ခဲ့ပါတယ်။ ဒါကြောင့်  အိမ်ရှင်ဖြစ်သူကနေ ပေးရန်ကျန်သေးတဲ့ အိမ်ငှားရန်ခအပါအ၀င် အပျက်အဆီးမှာပြုပြင်ရန်၊ သန့်ရှင်းရေးပြု လုပ်ခများအပါအ၀င် စုစုပေါင်းပေါင်(၁၉၁၀၀၀)ကို ပေးဖို့တရားစွဲဆို ထားတာဖြစ်ပါတယ်။

          အန်ဒီကာရိုးလ်အနေနဲ့ အိမ်ကိုစတင်ငှားရမ်းခဲ့စဉ်အခါ က မိမိစငှားတဲ့နေ့က အနေအထားအတိုင်း ပြန်လည်အပ်နှံ့မယ့်နေ့ မှာ ပြန်အပ်ပါ့မယ်လို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတဲ့အ တွက် အိမ်ရှင်ဘက်ကတောင်းတဲ့ လျော်ကြေးကို ပေးရဖို့ ရာခိုင်နှုန်းအလွန် ကိုများနေပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.