Eminemရဲ့ အောင်မြင်တယ်လို့ပြောလို့ရတဲ့ Berzerkသီချင်းထွက်ရှိပြီးတဲ့နောက်မှာတော့ “Rap God”သီချင်း ထပ်ထွက်လာပါတယ်။ “Rap God” သီချင်းမှာ Eminemဟာ သူ့ကိုယ်သူ ရပ်ပ်နတ်ဘုရားလို့ပြောခဲ့ပါတယ်။ နောက်အယ်လ်ဘမ်ထွက်လာမယ့် အချိန်ထိတောင် မအောင့်အီးနိုင်ခဲ့ပါဘူး။ The Marshall Mathers LP2 အယ်လ်ဘမ်ဟာ နောက်လလောက်ထွက်ရှိမယ်လို့ ရက်ချိန်းရှိထားပြီးသားပါ။ “Rap God”သီချင်းကို အောက်တိုဘာ၁၅ရက်ကူးတာနဲ့ iTunesကနေရနိုင်ပါပြီ။
Berzerkတုန်းကလိုပဲ Eminem ဟာ old schoolတွေကို ချီးကျူးဂုဏ်ပြုခဲ့ပြန်ပါတယ်။ “Rap God” သီချင်းရဲ့ Chorusမှာ R&Bအဆိုတော် Rhianna နဲ့ “Survival”သီချင်းကိုသီဆိုပေးခဲ့တဲ့ LozRodriguesတို့ ကိုမဆိုခိုင်းခဲ့ဘဲ သူ့ကိုယ်သူ ရပ်ပ်နတ်ဘုရားလို့ သဘောထားပြီး ရပ်ပ်တွေချည်းလှိမ့်ဆိုနေခဲ့ပါတယ်။ Versusတွေမှာတော့ Heavy D & the Boyzအကြောင်း၊ Fabolousနဲ့ Ray-Jတို့တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အကြောင်းစတာတွေကို ဆိုထားတဲ့အတွက် Hip Hopသမိုင်းကို ပြန်ပြီး အမှတ်ရစေခဲ့ပါတယ်။ Monica Lewinskyနဲ့ စိတ်ဓါတ်ကျနေတဲ့နေ့ရက်တွေအကြောင်း၊ Aftermath Entertainment Recordsက ငေါက်လိုက်တဲ့အကြောင်းစတဲ့ ကိုယ်ပိုင်သမိုင်းကြောင်းတွေကိုပါ Eminem က ထည့်ဆိုထားတာပါ။ နောက်ဆုံး verse မှာလည်း twistလုပ်ပြီး rapရွတ်သွားတာကို အားလုံးနားဆင်ကြရဦးမှာပါ။
(Ref:billboard,rollingstone)