”Hotel Mumbai” ဟာ အိန္ဒိယ-အမေရိကန် သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Anthony Maras၊ ဇာတ်ညွှန်း John Collee တို့ရိုက်ကူးထားတာဖြစ်ပါတယ်။
၂ဝဝ၉ခုနှစ်က အိန္ဒိယနိုင်ငံရှိ Taj Mahal Palace Hotel မှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ အနုပညာရှင်တွေဖြစ်တဲ့ Dev Patel, Armie Hammer, Nazanin Boniadi, Anupam Kher, Tilda Cobham-Hervey တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားကို ၂ဝ၁၈ စက်တင်ဘာ ၇ရက်နေ့က Toronto International Flim Festival မှာ အကြိုပြသခဲ့ပြီးပါပြီ။ တကယ်ထွက်ရှိမယ့်ရက်ကတော့ ၂ဝ၁၉ မတ်လ (၂၉)ရက်နေ့ဖြစ်ပါတယ်။
trailer ဗီဒီယိုလေးဖော်ပြပေးလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။