ရည္းစားေဟာင္းနဲ႔သူငယ္ခ်င္းျဖစ္ေနဆဲေကာင္ေလးကုိ ခ်စ္သူအျဖစ္လက္ခံေတာ့မယ္ဆုိရင္ ဒါေလးေတြသိထားသင့္

ရည္းစားေဟာင္းနဲ႔လံုး၀အဆက္အသြယ္ျပတ္တာမ်ိဳးမဟုတ္ပဲ သူငယ္ခ်င္းအျဖစ္ရွိေနဆဲ ေကာင္ေလးကုိ သင့္ဘက္က ခ်စ္သူအျဖစ္လက္ခံမယ္ဆုိရင္ ဒီအခ်က္ေလးေတြေတာ့သိထားသင့္ပါတယ္။သံုးပြင့္ဆုိင္ဇာတ္လမ္းေတြမျဖစ္လာေအာင္၊ခ်စ္သူစျဖစ္ကတည္းက စိတ္ပူေလာင္မေနရေအာင္ အစကတည္းကစိတ္ကုိၾကိဳတင္ျပင္ဆင္သင့္တယ္မဟုတ္လား?ကဲ ဒါျဖင့္ ဘာေတြသိထားသင့္လဲ?

*စုိးရိမ္ပူပန္ေနစိတ္ကုိ ေဖ်ာက္ပါ
ခ်စ္သူအျဖစ္လက္ခံေတာ့မယ္လို႔စဥ္းစားထားျပီးျပီဆုိရင္ အဲ႔ဒီမိန္းကေလးက သင့္အတြက္စုိးရိမ္စရာ တစ္ခု ျဖစ္ေကာငး္ျဖစ္လာႏုိင္ပါတယ္။ခ်စ္သူအျဖစ္လက္ခံျပီးမွအဲ႔ဒီေကာင္ေလးက ရည္းစားေဟာင္းဆီျပန္သြားတာမ်ိဳးျဖစ္မွာ စုိးရိမ္ေနမွာလည္းမလြဲပါဘူး။ဒါေပမဲ႔ သူမကုိ သင့္ခ်စ္သူေကာင္ေလးရဲ ႔သူငယ္ခ်င္းအျဖစ္ စိတ္ထဲမွာလက္ခံထားလုိက္ပါ။ျဖစ္ေတာင္ျဖစ္မလာေသးတဲ႔ကိစၥကုိၾကိဳတင္စဥ္းစားမေနပါနဲ႔။အဲ႔လိုမဟုတ္ရင္ေတာ့ သင္ပဲ စိတ္ပူေလာင္ရမွာပါ။

*ခ်စ္သူေျပာတဲ႔စကားကုိ အေလးအနက္ထား နားေထာင္ပါ
ေဘးလူေျပာတဲ႔စကားေတြ၊ကုိယ္တုိင္ေလ်ွာက္ေတြးေနတဲ႔သံသယအေတြးေတြထက္ ကုိယ့္ခ်စ္သူက သူ႔ရည္းစားေဟာင္းနဲ႔ပတ္သက္ျပီးရွင္းျပ ေျပာျပတာမ်ိဳးရွိရင္ နားေထာင္ပါ။ဒီအခ်ိန္မွာ ရည္းစားေဟာင္းက အတိတ္ျဖစ္သြားပါျပီ။သူခ်စ္တာ သင္တစ္ေယာက္ပဲရွိေနပါတယ္။ဒါေၾကာင့္ မဟုတ္တဲ႔အေတြးေတြ၊စကားေတြနဲ႔ ျပႆနာလုပ္ေနတာထက္ ကုိယ့္ခ်စ္သူေကာင္ေလးေျပာတာကုိ အေလးအနက္ထား နားေထာင္ေပးလိုက္ပါ။စစခ်င္းကတည္းက ဒီလုိျပႆနာေတြျဖစ္ေနရင္ ေရရွည္အဆင္ေျပမွာမဟုတ္ပါဘူး။

*ကုိယ္တည္ေဆာက္ထားတဲ႔အခ်စ္ေရးကုိ ယံုၾကည္ပါ
ရည္းစားေဟာင္းနဲ႔ပတ္သက္ျပီး ျပတ္စဲသြားၾကတ့ဲအခ်စ္ေရးေတြအမ်ားၾကီးပါ။သင္က သင့္ရဲ႔အခ်စ္ေရးကုိလြယ္လြယ္နဲ႔အျပတ္မခံႏုိင္ဘူး။သူနဲ႔ပဲ ဘ၀ကိုေရွ႔ဆက္ခ်င္တယ္ဆုိရင္ေတာ့ ကုိယ့္ခ်စ္သူလက္တြဲေဖာ္အေပၚယံုၾကည္မႈရွိပါ။ရွင္းျပခြင့္ေပးပါ။ကုိယ့္ခ်စ္သူက အေနအထိုင္မွန္ကန္ေနသေရြ႔
သံသယနဲ႔စြပ္စြဲတာမ်ိဳး၊တစ္ခုခုဆုိ ရည္းစားေဟာင္းနဲ႔ပတ္သက္ျပီးေစာင္းေျမာင္းေျပာတာမ်ိဳးက သူ႔အတြက္လည္းမေကာင္းသလို သင္တို႔အခ်စ္ေရးမွာလည္း အနာအဆာျဖစ္ႏုိင္ပါတယ္။အစကတည္းယံုၾကည္မႈမရွိဘူးဆိုရင္ ဒီအခ်စ္ေရးကုိ မစတာအေကာင္းဆံုးပါပဲ။

အၾကံေပးရမယ္ဆုိရင္ေတာ့ အဲ႔ဒီေကာင္ေလးကုိခ်စ္သူအျဖစ္လက္မခံခင္ ရည္းစားေဟာင္းနဲ႔တကယ္ပဲကင္းရွင္းရဲ႔လား၊သူငယ္ခ်င္းဆုိတာ တကယ္ပဲဟုတ္လား ၾကိဳတင္ေလ့လာၾကည့္ပါ။လက္ခံျပီးရင္ေတာ့ အေပၚကအခ်က္ေတြအတုိင္းျပဳမူေနထုိင္ပါ 💗

Ref:Yourtango

Unicode

ရည်းစားဟောင်းနဲ့လုံးဝအဆက်အသွယ်ပြတ်တာမျိုးမဟုတ်ပဲ သူငယ်ချင်းအဖြစ်ရှိနေဆဲ ကောင်လေးကို သင့်ဘက်က ချစ်သူအဖြစ်လက်ခံမယ်ဆိုရင် ဒီအချက်လေးတွေတော့သိထားသင့်ပါတယ်။သုံးပွင့်ဆိုင်ဇာတ်လမ်းတွေမဖြစ်လာအောင်၊ချစ်သူစဖြစ်ကတည်းက စိတ်ပူလောင်မနေရအောင် အစကတည်းကစိတ်ကိုကြိုတင်ပြင်ဆင်သင့်တယ်မဟုတ်လား?ကဲ ဒါဖြင့် ဘာတွေသိထားသင့်လဲ?

*စိုးရိမ်ပူပန်နေစိတ်ကို ဖျောက်ပါ
ချစ်သူအဖြစ်လက်ခံတော့မယ်လို့စဉ်းစားထားပြီးပြီဆိုရင် အဲ့ဒီမိန်းကလေးက သင့်အတွက်စိုးရိမ်စရာ တစ်ခု ဖြစ်ကောငး်ဖြစ်လာနိုင်ပါတယ်။ချစ်သူအဖြစ်လက်ခံပြီးမှအဲ့ဒီကောင်လေးက ရည်းစားဟောင်းဆီပြန်သွားတာမျိုးဖြစ်မှာ စိုးရိမ်နေမှာလည်းမလွဲပါဘူး။ဒါပေမဲ့ သူမကို သင့်ချစ်သူကောင်လေးရဲ ့သူငယ်ချင်းအဖြစ် စိတ်ထဲမှာလက်ခံထားလိုက်ပါ။ဖြစ်တောင်ဖြစ်မလာသေးတဲ့ကိစ္စကိုကြိုတင်စဉ်းစားမနေပါနဲ့။အဲ့လိုမဟုတ်ရင်တော့ သင်ပဲ စိတ်ပူလောင်ရမှာပါ။

*ချစ်သူပြောတဲ့စကားကို အလေးအနက်ထား နားထောင်ပါ
ဘေးလူပြောတဲ့စကားတွေ၊ကိုယ်တိုင်လျှောက်တွေးနေတဲ့သံသယအတွေးတွေထက် ကိုယ့်ချစ်သူက သူ့ရည်းစားဟောင်းနဲ့ပတ်သက်ပြီးရှင်းပြ ပြောပြတာမျိုးရှိရင် နားထောင်ပါ။ဒီအချိန်မှာ ရည်းစားဟောင်းက အတိတ်ဖြစ်သွားပါပြီ။သူချစ်တာ သင်တစ်ယောက်ပဲရှိနေပါတယ်။ဒါကြောင့် မဟုတ်တဲ့အတွေးတွေ၊စကားတွေနဲ့ ပြဿနာလုပ်နေတာထက် ကိုယ့်ချစ်သူကောင်လေးပြောတာကို အလေးအနက်ထား နားထောင်ပေးလိုက်ပါ။စစချင်းကတည်းက ဒီလိုပြဿနာတွေဖြစ်နေရင် ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။

*ကိုယ်တည်ဆောက်ထားတဲ့အချစ်ရေးကို ယုံကြည်ပါ
ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ပြတ်စဲသွားကြတဲ့အချစ်ရေးတွေအများကြီးပါ။သင်က သင့်ရဲ့အချစ်ရေးကိုလွယ်လွယ်နဲ့အပြတ်မခံနိုင်ဘူး။သူနဲ့ပဲ ဘဝကိုရှေ့ဆက်ချင်တယ်ဆိုရင်တော့ ကိုယ့်ချစ်သူလက်တွဲဖော်အပေါ်ယုံကြည်မှုရှိပါ။ရှင်းပြခွင့်ပေးပါ။ကိုယ့်ချစ်သူက အနေအထိုင်မှန်ကန်နေသရွေ့
သံသယနဲ့စွပ်စွဲတာမျိုး၊တစ်ခုခုဆို ရည်းစားဟောင်းနဲ့ပတ်သက်ပြီးစောင်းမြောင်းပြောတာမျိုးက သူ့အတွက်လည်းမကောင်းသလို သင်တို့အချစ်ရေးမှာလည်း အနာအဆာဖြစ်နိုင်ပါတယ်။အစကတည်းယုံကြည်မှုမရှိဘူးဆိုရင် ဒီအချစ်ရေးကို မစတာအကောင်းဆုံးပါပဲ။

အကြံပေးရမယ်ဆိုရင်တော့ အဲ့ဒီကောင်လေးကိုချစ်သူအဖြစ်လက်မခံခင် ရည်းစားဟောင်းနဲ့တကယ်ပဲကင်းရှင်းရဲ့လား၊သူငယ်ချင်းဆိုတာ တကယ်ပဲဟုတ်လား ကြိုတင်လေ့လာကြည့်ပါ။လက်ခံပြီးရင်တော့ အပေါ်ကအချက်တွေအတိုင်းပြုမူနေထိုင်ပါ 💗

Ref:Yourtango

 

346 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.