JTBC ရဲ့ဒရာမာအသစ်အတွက် ကမ်းလှမ်းခံထားရတဲ့ Ha Ji Won နဲ့ Yoon Kye Sang

တစ်ချိန်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ မင်းသမီးချောလေး Ha Ji Won ဟာ JTBC ရဲ့ဒရာမာသစ်
”Chocalate” မှာ မင်းသားYoon Kye Sang နဲ့ရိုက်ကူးသွားဖို့ကို ပရိတ်သတ်တွေကတော့ မျှော်လင့်နေပါတယ်။

Related image

ဒီ ဇာတ်ကားကို ထုတ်လုပ်ရေး/ဒါရိုက်တာ – Lee Hyung Min ၊ ဇာတ်ညွှန်း- Lee Kyung Hee တို့ကအတူ ဖန်တီးသွားမှာဖြစ်ပါတယ်။ Yoon Kye Sang အတွက် ဇာတ်ရုပ်ကိုတော့ အခုထိဆွေးနွေးနေတုန်းပဲဖြစ်ပြီး Ha Ji Wonကိုတော့ စားဖိုမှူးအဖြစ် ကမ်းလှမ်းထားပါတယ်။

Image result for Ha Ji Won And Yoon Kye Sang

”Chocalate” ရုပ်ရှင်မှာ Ha Ji Won ဟာ အီတလီနိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာဆိုင်ရာ အချက်ပြုတ်ပြိုင်ပွဲမှ အတော်ဆုံးစားဖိုမှူးအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ha Ji Won ဒီဇာတ်ကားကိုသာ လက်ခံမယ်ဆိုရင် MBC ရဲ့ ” Hospital Ship” ရုပ်ရှင်ပြီးနောက် ၂နှစ်ကြာ သူမရဲ့အနုပညာလှုပ်ရှားမှုဖြစ်မှာပါ။
“Chocolate” ကို JTBC ရုပ်သံလိုင်းကနေပြသသွားမှာဖြစ်ပါတယ်။

92 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.