ရိုက်ကူးရေးအဖွဲ့သားတွေအံ့သြသွားကြတယ်ဆိုတဲ့ မင်းသမီး Yoo In Na ရဲ့ စပရိုက်စ်လက်ဆောင်
Source:Soompi
Unicode
နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချော Yoo In Na ဟာ “Touch Your Heart” ဇာတ်လမ်းတွဲကို ဝိုင်းဝန်းရိုက်ကူးပေးနေကြတဲ့ ထုတ်လုပ်ရေးအဖွဲ့သားတွေအပေါ် စပရိုက်စ်လက်ဆောင်လေးတွေပေးခဲ့ပါတယ်တဲ့။
ဇန်နဝါရီ ၁ဝရက်နေ့က Mydaily သတင်းစာကနေ Yoo In Na ဟာ tvN ထုတ်လုပ်ရေးအဖွဲ့သားတွေအတွက် ဆောင်းရာသီမှာနွေးနွေးထွေးထွေးရှိစေဖို့ winter boot တစ်စုံစီ အစုံ ၁၀၀ ကျော် လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်းဖော်ပြလာခဲ့တာပါ။
ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ အတွင်းသိတစ်ယောက်က “အဖွဲသားတွေအားလုံးက Yoo In Na ရဲ ့စပရိုက်စ်လက်ဆောင်ကြောင့် အတော်လေးအံ့သြဝမ်းသာနေကြပါတယ်။သူမဟာ သူမရဲ့ အဖွဲ့သားတွေအပေါ် အမြဲဂရုစိုက်မှု၊လေးစားမှုရှိတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါ။ဒါ့အပြင်
သူမဟာရိုးးသားဖြူစင်ပွင့်လင်းတဲ့ နှလုံးသားနွေးထွေးတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။
သူမ လက်ဆောင်ပေးခဲ့တဲ့ဖိနပ်တန်ဖိုးဟာ စုစုပေါင်း ဝမ် ၁ဝသန်းနီးပါးရှိပါတယ်။Yoo In Na ဟာ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဒုက္ခရောက်နေတဲ့ကလေးတွေကိုကူညီထောက်ပံ့ပေးနေတဲ့ ပရိုဂရမ်အတွက် ဝမ် သန်း ၃၀ လှူဒါန်းခဲ့ပါသေးတယ်။
သူမရဲ့ဇာတ်ကားသစ် “Touch Your Heart” ဟာတော့ ဖေဖော်ဝါရီ ၆ရက်နေ့မှာ စတင်ပြသမယ်လို့သိရပါတယ်။အဲ့ဒီဇာတ်ကားမှာ မင်းသား Lee Dong Wook နဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်း သူတို့ရဲ ့ဇာတ်ကားသစ်လေးကိုစောင့်မျှော်အားပေးဖို့ မမေ့နဲ့နော်
Source:Soompi
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.