လာမယ့်တနင်္ဂနွေနေ့မှာ ချဲလ်ဆီး-လီဗာပူးလ်ပွဲကစားဖို့ရှိနေပြီး အဆင့်(၃)နဲ့(၄)နေရာကအသင်းတွေ ဆုံတွေ့နေ တာဖြစ်လို့ အရေးကြီးတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ တစ်မှတ်သာအမှတ်ကွာဟချက်ရှိတာကြောင့် အနိုင်ရတဲ့မ အ သင်းအနေနဲ့ အဆင့်တက်သွားမှာဖြစ်တာနဲ့အညီ ပရိသတ်တိုင်းစိတ်ဝင်စားကြတဲ့ ပွဲတစ်ပွဲလည်းဖြစ်နေပြန်ပါ တယ်။ ဒီပွဲမတိုင်ခင်မှာ ချဲလ်ဆီးနည်းပြ မော်ရင်ညိုက လီဗာပူးလ်အသင်း ဒီနှစ်မှာ အခြေအနေကောင်းနေရခြင်း အပေါ် မှတ်ချက်ပြုစကားပြောလာခဲ့ပါပြီ။ “ ပွဲတစ်ပွဲကစားဖို့ တစ်ပတ်အချိန်ရတယ်ဗျာ။ အဲဒီလိုကစားပြီးတဲ့အ ခါကျရင်လည်း နောက်တစ်ပတ်ထပ်နား။ ဒါက အရမ်းကိုကောင်းမွန်တဲ့ အားသာချက်ကြီးပဲဗျ။ လီဗာပူးလ်က ပရီးမီးယားလိဂ်ဖလားရနိုင်တယ်လို့ထင်တယ်။ သူတို့ကစားပုံကောင်းတယ်။ ဘရန်းဒန်ကလည်း နည်းပြကောင်း ဖြစ်နေတယ်။ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်လို ဖိအားများလွန်းတဲ့ အခြေအနေမကြုံရလို့ နည်းစနစ်ပိုင်းပြင်ဆင် မှုအများကြီးလုပ်လို့ရတယ်။ ချဲလ်ဆီးကစားသမားတွေပွဲ(၆၀)လောက်ကစားပြီးချိန်မှာ လီဗာပူးလ်ကတော့ပွဲ(၄၀) လောက်ပဲ ကစားထားရတယ်။ ဒါက တကယ့်ကွာခြားမှုကြီးပဲ။ အရည်အချင်း၊ ရည်မှန်းချက်တွေထဲကို ဒီအားသာ ချက်ထည့်ပေါင်းလိုက်မှတော့ အားလုံးအိုကေပြီပေါ့ဗျာ”လို့ မော်ရင်ညိုက သုံးသပ်ပြခဲ့ပါတယ်။
လီဗာပူးလ်က ဥရောပပွဲမကစားရတာ တကယ့်အားသာချက်ကြီးဖြစ်နေပါတယ်လို့ မော်ရင်ညိုပြောပြီ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။