အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ အသံုး၀င္ေနတဲ႔ Lavender ပန္းအဆီ

Lavender ပန္းအဆီက သံုးတဲ႔သူရွားပါးပါတယ္။ဒါကလည္းသူ႔ရဲ႔အသံုး၀င္ပံုေတြကိုမသိေသးတဲ႔အတြက္ေၾကာင့္ျဖစ္ပါလိမ့္မယ္။Lavender ပန္းအဆီဟာ အလွအပအတြက္အသံုး၀င္ေနသလုိ က်န္းမာေရးအတြက္လည္းအသံုး၀င္ေနတာေလ့လာေတြ႔ရွိထားရပါတယ္။ဒါေၾကာင့္ Trend ပရိသတ္ၾကီးအတြက္ Lavender ပန္းအဆီရဲ ႔အသံုး၀င္ပံုေလးေတြကုိ ဗဟုသုတအေနနဲ႔ ျပန္ျပီးေဖာ္ျပေပးလိုက္ပါတယ္။

*စိတ္တည္ျငိမ္္ေစတယ္

Lavender အဆီရဲ႔နာမည္ေက်ာ္ၾကားဆံုးအခ်က္က စိတ္ဖိစီးမႈေလ်ွာ့ခ်ေပးနုိင္တဲ႔၊စိတ္တည္ျငိမ္ေစတဲ႔အစြမ္းသတိၱေတြရွိေနတာပါပဲ။အဆီအနည္းငယ္ကုိ လက္ႏွစ္ဖက္မွာပြတ္လိုက္ျပီး အနံ႔ကုိရႈရိႈက္ၾကည့္ပါ။အဲ႔ဒီအနံ႔က စိတ္ကုိလန္းဆန္းတက္ၾကြသြားေစပါလိမ့္မယ္။ညဘက္အိပ္မေပ်ာ္ျဖစ္ေနရင္ေတာင္ ဒီအဆီေလးကုိ ရႈရိႈက္ေပးမယ္ဆုိရင္ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါလိမ့္မယ္။

* ၀က္ျခံေတြဖယ္ရွားေပးတယ္

Lavender အဆီ ဟာ ဘတ္တီးရီးယားပုိးေတြကိုေသေစတဲ႔အတြက္ ကုိယ္လိမ္းေနက် Skin cream တစ္ခုခုမွာ Lavender အဆီ ၂စက္ ၃စက္ကုိ ထည့္လိမ္းေပးပါ။ဒါက ၀က္ျခံေတြေလ်ာ့က်ေစျပီး နီျမန္းျခင္းကုိသက္သာေစပါတယ္။အေရျပားေပၚတင္ရမွာျဖစ္လို႔ အရင္ဆံုးေမးေစ့နားတစ္၀ုိက္စမ္းသပ္လိမ္းၾကည့္သင့္ပါတယ္။

*နာက်င္မႈေလ်ွာ့ခ်ေပးတယ္

Lavender အဆီဟာ စိတ္ကုိတည္ျငိမ္ေစသလုိ ၾကြက္သားနာက်င္တာ၊အရုိးအဆစ္နာက်င္တာေတြအတြက္လည္းအသံုး၀င္ပါတယ္။Lavender အဆီေလးအနည္းငယ္ကုိ ပြတ္ျပီး နာက်င္ေနတဲ႔ေနရာမွာ ႏွိပ္နယ္ေပးမယ္ဆုိရင္ နာက်င္မႈကုိသက္သာေလ်ာ့ပါးေစပါတယ္။

*အသက္ရႈရလြယ္ကူေစတယ္

ဒါကေတာ့ႏွာေခါင္းပိတ္လို႔ ညဘက္အိပ္မေပ်ာ္တဲ႔အခါအသံုး၀င္ပါတယ္။Lavender အဆီအနည္းငယ္ကုိပြတ္ျပီး လည္ပင္း၊ရင္ဘတ္နဲ႔ေက်ာေတြမွာလိမ္းေပးပါ။Body Cream ေလးနဲ႔ေရာလိမ္းေပးမယ္ဆုိရင္ အသက္ရႈရတာပိုျပီးလြယ္ကူလာတာသတိထားမိပါလိမ့္မယ္။ဒါေပမဲ႔ သင့္မွာပန္းနာေရာဂါရွိရင္ေတာ့ မလိမ္းသင့္ပါဘူး။

*ခရီးရွည္သြားတဲ႔အခါ သက္ေတာင့္သက္သာျဖစ္ေစတယ္

ခရီးရွည္သြားရလို႔ ေအာ့အန္ခ်င္စိတ္၊မူးေမာ္စိတ္ျဖစ္တတ္ရင္ Lavender အဆီ ေလးကုိ နားရြက္နားေလးတစ္၀ုိက္လိမ္းေပးပါ။ဒါက စိတ္ကုိလန္းဆန္းေစျပီးသက္ေတာင့္သက္သာျဖစ္ေစပါတယ္။

*Body lotion ထဲမွာထည့္သံုးလို႔ရတယ္

Lavender အဆီက ပန္းရနံ႔ေလးျဖစ္တဲ႔အတြက္ ကုိယ့္ရဲ ႔ Lotion မွာ Lavender အဆီ ႏွစ္စက္သံုးစက္ေလးထည့္ျပီးလိမ္းေပးမယ္ဆုိရင္ ခႏၶာကုိယ္က ရနံ႔သင္းသင္းေလးထြက္ေနမွာပါ။ဒါ့အျပင္ Hair mask ထဲထည့္သံုးမယ္ဆုိရင္လည္း ေဗာက္ေတြကင္းရွင္းေစပါတယ္။

*အက်ီအ၀တ္အစားေမႊးပ်ံ႔ဖုိ႔အတြက္သံုးလုိ႔ရတယ္

ကုိယ့္အ၀တ္အစားေလးေတြ ေမႊးပ်ံ႔ေနခ်င္တယ္ဆုိရင္ မီးပူတုိက္တဲ႔အခါ Lavender အဆီအနည္းငယ္ကုိျဖန္းေပးပါ။အဲ႔ဒါဆုိရင္ အ၀တ္အစားေလးေတြကပန္းရနံ႔ေလးေမႊးပ်ံ႔ေနပါလိမ့္မယ္။

ကဲ ဒီအက်ိဳးေက်းဇူးေလးေတြသိထားျပီဆုိရင္ Lavender အဆီေလးေဆာင္ထားသင့္ျပီေနာ္

Ref:Brightside

Unicode

Lavender ပန်းအဆီက သုံးတဲ့သူရှားပါးပါတယ်။ဒါကလည်းသူ့ရဲ့အသုံးဝင်ပုံတွေကိုမသိသေးတဲ့အတွက်ကြောင့်ဖြစ်ပါလိမ့်မယ်။Lavender ပန်းအဆီဟာ အလှအပအတွက်အသုံးဝင်နေသလို ကျန်းမာရေးအတွက်လည်းအသုံးဝင်နေတာလေ့လာတွေ့ရှိထားရပါတယ်။ဒါကြောင့် Trend ပရိသတ်ကြီးအတွက် Lavender ပန်းအဆီရဲ ့အသုံးဝင်ပုံလေးတွေကို ဗဟုသုတအနေနဲ့ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

*စိတ်တည်ငြိမ််စေတယ်

Lavender အဆီရဲ့နာမည်ကျော်ကြားဆုံးအချက်က စိတ်ဖိစီးမှုလျှော့ချပေးနိုင်တဲ့၊စိတ်တည်ငြိမ်စေတဲ့အစွမ်းသတ္တိတွေရှိနေတာပါပဲ။အဆီအနည်းငယ်ကို လက်နှစ်ဖက်မှာပွတ်လိုက်ပြီး အနံ့ကိုရှုရှိုက်ကြည့်ပါ။အဲ့ဒီအနံ့က စိတ်ကိုလန်းဆန်းတက်ကြွသွားစေပါလိမ့်မယ်။ညဘက်အိပ်မပျော်ဖြစ်နေရင်တောင် ဒီအဆီလေးကို ရှုရှိုက်ပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်။

* ဝက်ခြံတွေဖယ်ရှားပေးတယ်

Lavender အဆီ ဟာ ဘတ်တီးရီးယားပိုးတွေကိုသေစေတဲ့အတွက် ကိုယ်လိမ်းနေကျ Skin cream တစ်ခုခုမှာ Lavender အဆီ ၂စက် ၃စက်ကို ထည့်လိမ်းပေးပါ။ဒါက ဝက်ခြံတွေလျော့ကျစေပြီး နီမြန်းခြင်းကိုသက်သာစေပါတယ်။အရေပြားပေါ်တင်ရမှာဖြစ်လို့ အရင်ဆုံးမေးစေ့နားတစ်ဝိုက်စမ်းသပ်လိမ်းကြည့်သင့်ပါတယ်။

*နာကျင်မှုလျှော့ချပေးတယ်

Lavender အဆီဟာ စိတ်ကိုတည်ငြိမ်စေသလို ကြွက်သားနာကျင်တာ၊အရိုးအဆစ်နာကျင်တာတွေအတွက်လည်းအသုံးဝင်ပါတယ်။Lavender အဆီလေးအနည်းငယ်ကို ပွတ်ပြီး နာကျင်နေတဲ့နေရာမှာ နှိပ်နယ်ပေးမယ်ဆိုရင် နာကျင်မှုကိုသက်သာလျော့ပါးစေပါတယ်။

*အသက်ရှုရလွယ်ကူစေတယ်

ဒါကတော့နှာခေါင်းပိတ်လို့ ညဘက်အိပ်မပျော်တဲ့အခါအသုံးဝင်ပါတယ်။Lavender အဆီအနည်းငယ်ကိုပွတ်ပြီး လည်ပင်း၊ရင်ဘတ်နဲ့ကျောတွေမှာလိမ်းပေးပါ။Body Cream လေးနဲ့ရောလိမ်းပေးမယ်ဆိုရင် အသက်ရှုရတာပိုပြီးလွယ်ကူလာတာသတိထားမိပါလိမ့်မယ်။ဒါပေမဲ့ သင့်မှာပန်းနာရောဂါရှိရင်တော့ မလိမ်းသင့်ပါဘူး။

*ခရီးရှည်သွားတဲ့အခါ သက်တောင့်သက်သာဖြစ်စေတယ်

ခရီးရှည်သွားရလို့ အော့အန်ချင်စိတ်၊မူးမော်စိတ်ဖြစ်တတ်ရင် Lavender အဆီ လေးကို နားရွက်နားလေးတစ်ဝိုက်လိမ်းပေးပါ။ဒါက စိတ်ကိုလန်းဆန်းစေပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။

*Body lotion ထဲမှာထည့်သုံးလို့ရတယ်

Lavender အဆီက ပန်းရနံ့လေးဖြစ်တဲ့အတွက် ကိုယ့်ရဲ ့ Lotion မှာ Lavender အဆီ နှစ်စက်သုံးစက်လေးထည့်ပြီးလိမ်းပေးမယ်ဆိုရင် ခန္ဓာကိုယ်က ရနံ့သင်းသင်းလေးထွက်နေမှာပါ။ဒါ့အပြင် Hair mask ထဲထည့်သုံးမယ်ဆိုရင်လည်း ဗောက်တွေကင်းရှင်းစေပါတယ်။

*အကျီအဝတ်အစားမွှေးပျံ့ဖို့အတွက်သုံးလို့ရတယ်

ကိုယ့်အဝတ်အစားလေးတွေ မွှေးပျံ့နေချင်တယ်ဆိုရင် မီးပူတိုက်တဲ့အခါ Lavender အဆီအနည်းငယ်ကိုဖြန်းပေးပါ။အဲ့ဒါဆိုရင် အဝတ်အစားလေးတွေကပန်းရနံ့လေးမွှေးပျံ့နေပါလိမ့်မယ်။

ကဲ ဒီအကျိုးကျေးဇူးလေးတွေသိထားပြီဆိုရင် Lavender အဆီလေးဆောင်ထားသင့်ပြီနော်

Ref:Brightside

37 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.