Exနဲ့သူငယ်ချင်းတွေလိုနေနိုင်ပါတယ်ဆိုတဲ့သူတွေဟာသိပ်မလေးနက်သူများဖြစ်ကြောင်း…






Unicode

ကိုယ်အရင်ကပတ်သတ်ခဲ့တဲ့ Ex နဲ့ချစ်သူမဟုတ်တဲ့ဆက်ဆံရေးမှာ သူငယ်ချင်းလိုရင်းရင်းနှီးနှီးနေနိုင်တယ်ဆိုတဲ့သူတစ်ချို့ရှိပါတယ်။ သူတို့ကတော့သူတို့အတွေးနဲ့သူတို့ပေါ့လေ…

သေချာသလောက်ကတော့ဒီလို ex ကို Friend Zone ထဲ ထည့်နိုင်တဲ့သူဆိုတာ ဒီလူအပေါ်သိပ်နက်နက်ရှိုင်းရှိုင်းမရှိခဲ့ဘူးလို့ပြောရမှာပါပဲ။ ဒါမှမဟုတ် ဘယ်အရာကိုမှသိပ်ပြီမလေးနက်တတ်တဲ့သူတွေပေါ့။

ဘာလို့ဒီလိုယူဆသလဲဆိုရင် အရင်ကသာနစ်နစ်သည်းသည်းချစ်ခဲ့ရင် လမ်းခွဲတဲ့အခါသိပ်ကိုနာကျင်သွားတတ်ကြတာပါပဲ။ ကိုယ့်အတွက် ချစ်သူတစ်ယောက်လိုထိတွေ့ပြောဆိုဆက်ဆံခဲ့တဲ့သူတစ်ယောက်ကို မသိချင်ယောင်ဆောင်မမေ့ထားပဲ သူငယ်ချင်းဆိုပြီး ပြောဆိုဆက်ဆံနေနိုင်တာဟာ အရင်ကတည်းကမလေးနက်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။

သူငယ်ချင်းကနေ ချစ်သူဖြစ်လာနိုင်ပင်မဲ့ တစ်ယောက်အတွက်တစ်ယောက် မလိုအပ် မပတ်သတ်ချင်တော့လို့ပြတ်ဆဲလိုက်တဲ့ Relationship တစ်ခုမှာချစ်သူကိုသူငယ်ချင်းကိုပြန်ဆက်ဆံ တာကြီးကတော့တကယ်ကိုသွေးအေးလွန်းတယ်လို့ဆိုရမှာပါပဲ….

လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လည်းတစ်ယောက်နဲ့တစ်ယောက်ကတော့ခံယူချက်ခြင်းမတူနိုင်ဘူးပေါ့လေ…

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.