Son Ye Jin နဲ့ Hyun Bin တို့ နှစ်ယောက်အတူခရီးသွားကြတယ်ဆိုတဲ့သတင်းထွက်ပေါ်လာ…
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ မင်းသမီးချော Son Ye Jin နဲ့ ပျိုမေတို့အသည်းစွဲမင်းသားချော Hyun Bin တို့ နှစ်ယောက်အတူခရီးသွားကြတယ်ဆိုတဲ့ သတင်းတွေ မီဒီယာတွေထက်မှာပျံ့နှံ့လာခဲ့ပါတယ်။တကယ်ပဲလား?
Source:Soompi
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ မင်းသမီးချော Son Ye Jin နဲ့ ပျိုမေတို့အသည်းစွဲမင်းသားချော ံHyun Bin တို့ နှစ်ယောက်အတူခရီးသွားကြတယ်ဆိုတဲ့ သတင်းတွေ မီဒီယာတွေထက်မှာပျံ့နှံ့လာခဲ့ပါတယ်။တကယ်ပဲလား?
တကယ်မဟုတ်တဲ့ ကောလဟာလသတင်းပါလို့ Hyun Bin ရဲ ့အေဂျင်စီကနေ ပြန်လည်ဖြေရှင်းချက်ထုတ်ထားတဲ့အကြောင်း Soompi မီဒီယာကနေဖော်ပြထားပါတယ်။အေဂျင်စီက “Hyun Bin က သူ့ရဲ ့စီးပွားရေးကိစ္စနဲ့ ယူအက်စ်ကို သွားခဲ့တာပါ။သူတုုိ့နှစ်ယောက်အတူခရီးသွားကြတယ်ဆိုတဲ့သတင်းက အမှန်မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၉ရက်နေ့တုန်းက Hyun Bin နဲ့ Son Ye Jin ဟာ နှစ်ယောက်သားလော့အိန်ဂျလိစ်ကို ခရီးထွက်ကြတယ်ဆိုုပြီး သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။အင်တာနက်သုံးစွဲသူတစ်ယောက်က “သူတို့နှစ်ယောက်ခရီးအတူထွက်လာကြတာဖြစ်မယ်။ယူအက်စ်မှာ သူမရဲ့ မိဘတွေနဲ့ ထမင်းအတူစားနေကြတာ တွေ့လိုက်ရပါတယ်”ဆိုပြီးရေးတင်ထားခဲ့တာပါ။Son Ye Jin ရဲ ့အေဂျင်စီကတော့ အဲ့ဒီပို့စ်ဟာ မမှန်ကြောင်း၊သူမက တစ်ယောက်တည်းခရီးထွက်သွားတာဖြစ်ကြောင်း၊ခါတိုင်းလည်း ဒီလိုပဲတစ်ယောက်တည်းခရီးတွေထွက်နေကျပါ”ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် အေဂျင်စီက
Son Ye Jin ရဲ ့မိဘတွေက ကိုရီးယားမှာပဲရှိနေပါတယ်။ဒါကြောင့် သူတို့ကို ယူအက်စ်မှာ အတူတွေ့မြင်ရတယ်ဆိုတဲ့သတင်းက ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး”ဆိုပြီးထပ်ပြောခဲ့ပါတယ်။
Son Ye Jin နဲ့ Hyun Bin တို့ဟာ ၂၀၁၈ အတွင်းမှာ “The Negotiation”ဆိုတဲ့ဇာတ်ကားမှာအတူတွဲဖက်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေက သူတို့နှစ်ယောက်ဒိတ်ရင် ဝမ်းသာကြမယ်ဆိုပေမဲ့ အေဂျင်စီတွေရဲ့ဖြေရှင်းချက်အရတော့ ဘာမှသက်ဆိုင်မှုမရှိကြောင်းတွေ့ရပါတယ်။သူတို့ရဲ ့ဇာတ်ကားလေးကလည်း အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်တာကြောင့် ပရိသတ်တွေလည်းအကြိုက်တွေ့မယ်ထင်ပါတယ်။မကြည့်ရသေးရင် ကြည့်လိုက်ဦးနော်
Source:Soompi
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.