အိမ္သာတက္ျပီးတုိင္းအနံ႕ဆိုးေတြ မက်န္ခဲ႔ေအာင္ ဘယ္လိုလုပ္ျကမလဲ…

ကိုယ္အိမ္သာတက္ျပီးျပီးခ်င္းထြက္လာတဲ႔အခါ အနံ႕ဆိုးေတြက်န္ခဲ႔တာေျကာင္႔ ေနာက္၀င္မဲ႔လူကိုသိပ္အားနာရတဲ႔အခိုက္အတန္႕မ်ိဳးျကံဳဖူးျကမွာပါ။ ဒီလုိပဲကိုယ္တုိင္လည္း အနံ႕မသက္ျပင္းထန္လြန္းတဲ႔ အိမ္သာကို မျဖစ္လို႕သာတက္ခ်င္တက္ရမယ္ စိတ္ေတာ႔ဆင္းရဲမွာပဲ။ ဒါေျကာင္႔ ဒီလိုျပႆနာမ်ိဳးေတြ မျဖစ္ပဲ ျပင္းထန္တဲ႔အနံ႕ဆိုးကင္းေ၀းတဲ႔ အိမ္သာမ်ိဳးျဖစ္ေအာင္ ဘယ္လုိနည္းလမ္းေကာင္းေလးေတြသံူးသင္႔သလဲ…လြယ္လြယ္ကူကူေလးေတြပါပဲ…

(၁) အိမ္သာတက္ျပီးတုိင္း အိမ္သာေဆးအေမႊးေရအနည္းငယ္ကိုအိမ္သာခြက္ထဲေလာင္းထည္႔ခဲ႔ပါ

ဒီနည္းလမ္းဟာ ေနာက္တက္မဲ႔သူကို အနံ႕ဆိုးေတြမရွဴပဲေအးေအးလူလူအိမ္သာတတ္လို႕ရေအာင္လုပ္ေဆာင္ေပးနုိင္ပါတယ္။

(၂) အိမ္သာတက္ေနစဥ္ေရကို အပုိင္းနွစ္ပိုင္းခြဲျပီးေလာင္းပါ

ေျပာခ်င္တာက ကိုယ္ ဟာက်င္ျကီးစြန္႔တယ္ဆိုရင္ ကိုယ္႔တစ္ခါ ၀မ္းသြားျပီးတုိင္းခ်က္ခ်င္းေရေလာင္ပါ(ဘိုထိုင္ဆုိရင္ တစ္ျကိမ္ေရဆြဲခ်ပါ) အားလံုးျပီးရင္ေနာက္တစ္ခ်ီျပန္ဆြဲခ်ပါ။ ဒီလုိမလုပ္ပဲ ေနာက္ဆံုးပိတ္မွ ေရကိုေပါင္းဆြဲခ်တာဟာ အနံ႕အသက္ေတြကိုပိုလို႕က်န္ခဲ႔ေစနုိင္ပါတယ္။

(၃) အိမ္သာထဲ အေမႊးခဲတစ္ခုပံုမွန္ထည္႔ထားပါ

ကိုယ္႔ရဲ႕အိမ္သာကို ပံုမွန္အေမႊးခဲတစ္ခု၀ယ္ထည္႕ပါ။

(၄) တတ္နုိင္ရင္ ေလထုတ္စက္တပ္ဆင္ထားပါ

ေရဆြဲခ်လုိက္တာနဲ႕ Auto ေလထုတ္စက္ကေလေတြထုတ္လႊင္႔ေပးတဲ႔စနစ္က အိမ္သာတစ္ခုအတြက္သိပ္ကိုအက်ိဳးရွိေစပါတယ္။

အိမ္တစ္အိမ္မွာ အိမ္သာကို ဘာလို႕အိမ္သာလုိ႕ေခၚသလဲေပါ႔…တကယ္ေတာ႔ အိမ္တစ္အိမ္ရဲ႕သာယာမႈ အိမ္တစ္အိမ္ရဲ႕စည္းစနစ္က်မႈဟာ အိမ္သာကိုျကည္႔တာနဲ႕သိသာေနလို႕ျဖစ္ပါလိမ္႔မယ္။

Unicode

ကိုယ်အိမ်သာတက်ပြီးပြီးချင်းထွက်လာတဲ့အခါ အနံ့ဆိုးတွေကျန်ခဲ့တာကြောင့် နောက်ဝင်မဲ့လူကိုသိပ်အားနာရတဲ့အခိုက်အတန့်မျိုးကြုံဖူးကြမှာပါ။ ဒီလိုပဲကိုယ်တိုင်လည်း အနံ့မသက်ပြင်းထန်လွန်းတဲ့ အိမ်သာကို မဖြစ်လို့သာတက်ချင်တက်ရမယ် စိတ်တော့ဆင်းရဲမှာပဲ။ ဒါကြောင့် ဒီလိုပြဿနာမျိုးတွေ မဖြစ်ပဲ ပြင်းထန်တဲ့အနံ့ဆိုးကင်းဝေးတဲ့ အိမ်သာမျိုးဖြစ်အောင် ဘယ်လိုနည်းလမ်းကောင်းလေးတွေသူံးသင့်သလဲ…လွယ်လွယ်ကူကူလေးတွေပါပဲ…

(၁) အိမ်သာတက်ပြီးတိုင်း အိမ်သာဆေးအမွှေးရေအနည်းငယ်ကိုအိမ်သာခွက်ထဲလောင်းထည့်ခဲ့ပါ

ဒီနည်းလမ်းဟာ နောက်တက်မဲ့သူကို အနံ့ဆိုးတွေမရှူပဲအေးအေးလူလူအိမ်သာတတ်လို့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

(၂) အိမ်သာတက်နေစဉ်ရေကို အပိုင်းနှစ်ပိုင်းခွဲပြီးလောင်းပါ

ပြောချင်တာက ကိုယ် ဟာကျင်ကြီးစွန့်တယ်ဆိုရင် ကိုယ့်တစ်ခါ ဝမ်းသွားပြီးတိုင်းချက်ချင်းရေလောင်ပါ(ဘိုထိုင်ဆိုရင် တစ်ကြိမ်ရေဆွဲချပါ) အားလုံးပြီးရင်နောက်တစ်ချီပြန်ဆွဲချပါ။ ဒီလိုမလုပ်ပဲ နောက်ဆုံးပိတ်မှ ရေကိုပေါင်းဆွဲချတာဟာ အနံ့အသက်တွေကိုပိုလို့ကျန်ခဲ့စေနိုင်ပါတယ်။

(၃) အိမ်သာထဲ အမွှေးခဲတစ်ခုပုံမှန်ထည့်ထားပါ

ကိုယ့်ရဲ့အိမ်သာကို ပုံမှန်အမွှေးခဲတစ်ခုဝယ်ထည့်ပါ။

(၄) တတ်နိုင်ရင် လေထုတ်စက်တပ်ဆင်ထားပါ

ရေဆွဲချလိုက်တာနဲ့ Auto လေထုတ်စက်ကလေတွေထုတ်လွှင့်ပေးတဲ့စနစ်က အိမ်သာတစ်ခုအတွက်သိပ်ကိုအကျိုးရှိစေပါတယ်။

အိမ်တစ်အိမ်မှာ အိမ်သာကို ဘာလို့အိမ်သာလို့ခေါ်သလဲပေါ့…တကယ်တော့ အိမ်တစ်အိမ်ရဲ့သာယာမှု အိမ်တစ်အိမ်ရဲ့စည်းစနစ်ကျမှုဟာ အိမ်သာကိုကြည့်တာနဲ့သိသာနေလို့ဖြစ်ပါလိမ့်မယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.