အာရှတစ်ခွင်က ပရိသတ်တွေနဲ့ တစ်ကိုယ်တော်တွေ့ဆုံပွဲကျင်းပသွားမယ့် Minho
Source:Soompi
Unicode
SHINee အဖွဲ့ဝင် Minho ကတော့ အာရှတစ်ခွင်က ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေပြီလို့သိရပါတယ်။
ဇန်နဝါရီ ၉ရက်နေ့မနက်ပိုင်းကပဲ Minho က “Best CHOI’s MINHO” ဆိုတဲ့ fan meeting tour ကို ဖေဖေ်ဝါရီ ၁၆ ရက်နေ့ကစတင်မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ ဆိုးလ်က Gyedang Hall မှာ ပရိသတ်တွေ့ဆုံပွဲကျင်းပမှာဖြစ်ပြီး အဲ့ဒီနောက် ဂျပန်နိုင်ငံ၊တိုကျိုမြို့က ပရိသတ်တွေနဲ့ ဖေဖော်ဝါရီ ၂၃ ၊၂၄ မှာတွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ်။
မတ်လ ၂ရက်နေ့မှာတော့ ထိုင်းနိုင်ငံ၊ဘန်ကောက်၊မတ်လ ၃ရက်နေ့မှာတော့ ထိုင်ဝမ်နိုင်ငံက
ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကျင်းပမှာပါ။ဒီတွေ့ဆုံပွဲကတော့ အဖွဲ့ဝင်တွေအားလုံးမဟုတ်ပဲ သူ့ရဲ ့တစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲလည်းဖြစ်ပါတယ်။
Minho ဟာ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ မင်းသားတစ်လက်ဖြစ်နေပါပြီ။အခုဆိုရင် သူ့ရဲ ့ပရိသတ်တွေလည်းအများကြီးရှိနေတဲ့အတွက် ဒီ Fan meeting tour က သူ့ကို စိတ်လှုပ်ရှားမှုတွေဖြစ်စေတယ်လို့လည်းပြောခဲ့ပါသေးတယ်။
လတ်တလောကာလမှာလည်း “Jangsa-ri 9.15” ဆိုတဲ့ဇာတ်ကားမှာ ကျောင်းသားစစ်သားခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။Minho ကလည်း သူ့ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စိတ်လှုပ်ရှားနေသလို ပရိသတ်တွေကလည်း သူတို့အိုင်ဒေါလ်နဲ့တွေ့ရမှာမို့ ကြိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြတယ်လို့သိရပါတယ်။
Source:Soompi
579 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.