ပျိုမေတိုင်းသိထားသင့်တဲ့ အလှကုန်ပစ္စည်းလေးတွေရဲ့ သက်တမ်း


*2-3 လ

*6-12 လ

*1-1.5 နှစ်

*2 နှစ်

* 3 နှစ်


Ref:Brightside

Unicode

ကိုယ်တွေအမြဲသုံးနေကျမိတ်ကပ်၊ပေါင်ဒါ၊နှုတ်ခမ်းနီ၊ရေမွှေးစတဲ့အလှကုန်ပစ္စည်းတွေဟာ သက်တမ်းဘယ်လောက်ထိခံလဲဆိုတာ သေချာသိတဲ့သူရှားပါတယ်။ဘယ်လောက်ခံမလဲစဉ်းစားလိုက်ရင် မရေမရာပါပဲ။ဒါကြောင့်ပျိုမေတို့အတွက် ကိုယ့်အလှကုန်ပစ္စည်းလေးတွေဘယ်လောက်ထိသက်တမ်းရှိလဲ၊ဘယ်လောက်ကြာရှည်ခံလဲဆိုတာသိစေဖို့ ဗဟုသုတအနေနဲ့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*2-3 လ
မက်စ်ကာရာ၊မျက်နှာချေးချွတ် Scrub ၊မျက်နှာပေါင်းတင်ကပ်ခွာ စတဲ့ အလှကုန်ပစ္စည်းတွေက ၂လကနေ ၃လအတွင်းပဲ ခံပါတယ်။အဲ့ထက်ကျော်သွားရင်တော့ ဘတ်တီးရီးယားတွေအများကြီးဖြစ်လာနိုင်ပါတယ်။

*6-12 လ
၆လကနေ ၁၂ လအထိ သက်တမ်းရှိတဲ့ အလှကုန်ပစ္စည်းတွေကတော့ အိုင်းလိုင်နာအရည်၊မိတ်ကပ်၊ကွန်ဆီလာ၊မျက်လုံးလိမ်းခရင်မ်၊မျက်နှာသစ်ဆေး  တွေပဲဖြစ်ပါတယ်။ကြာရင်တော့ ဒီပစ္စည်းတွေကို မျက်နှာမှာအသုံးမပြုသင့်တော့ပါဘူး။

*1-1.5 နှစ်
အချိန်ကာလ ၁နှစ်ကနေ ၁နှစ်ခွဲထိ ကြာရှည်ခံတဲ့ အလှကုန်ပစ္စည်းတွေကတော့ Lipgloss ၊ Cream eyeshadow ၊Sunscreen ၊ Eyebrow Gel ၊ဆပ်ပြာနဲ့ Face Cream တွေပဲဖြစ်ပါတယ်။ဒီပစ္စည်းတွေကတော့ သေချာသုံးစွဲမယ်ဆိုရင် တစ်နှစ်ခွဲလောက်ထိသက်တမ်းကြာရှည်ခံပါတယ်။အဲ့ထက်ကျော်သွားရင်တော့ ဘတ်တီးရီးယားတွေပေါက်ဖွားလာနိုင်တဲ့အတွက် အရေပြားအတွက်မကောင်းတော့ပါဘူး။

*2 နှစ်
သက်တမ်း ၂နှစ်ထိ ကြာရှည်သုံးစွဲနိုင်တဲ့ပစ္စည်းတွေကတော့ Eye Pencil ၊ Lip Liner ၊ Lipstick ၊ Powder မှုန့် ၊eyeshadow Power ၊ Body lotioin နဲ့Body Scrub တွေပဲဖြစ်ပါတယ်။၂နှစ်ထက်ကြာရင်တော့ မသုံးသင့်တော့ပါဘူး။

* 3 နှစ်
ခေါင်းလျှော်ရည်၊ပျော့ဆေး၊ရေမွှေး၊ Hairspray တွေကတော့ ၃နှစ်တာကြာရှည်ခံပါတယ်။ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် ဒီပစ္စည်းတွေကိုတော့ ၃နှစ်ထိ အသစ်မပြောင်းလဲပဲ သုံးပေးနိုင်ပါတယ်။

ကဲ ပျိုမေတို့သုံးနေတဲ့ပစ္စည်းတွေသက်တမ်းကုန်ရင်အသစ်ပြောင်းလဲသုံးစွဲနိုင်ဖို့ ၊ဒိတ်ကုန်တာတွေမသုံးမိစေဖို့ ဒါလေးတွေမှတ်ထားသင့်တယ်နော်

Ref:Brightside

450 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.