ဘယ်တော့မှ မလိုက်နာသင့်တဲ့ အချစ်ရေးအချစ်ရာ အကြံပေးစကားတွေ

အချစ်ဆိုတာ ခါးသီးခြင်းတွေရောစပ်ထားတဲ့ ချိုမြိန်ဆုံး စိတ်ခံစားမှုတွေဖြစ်သတဲ့။ တကယ်ချစ်တဲ့သူနဲ့ဘဝတစ်ခုကိုတည်ဆောက်တော့မယ်ဆိုရင် အခက်ခဲ ၊ ပြဿနာတွေကတော့ ရှိလာမှာပါပဲ။
ကြားလူတွေ ဝင်ရှုပ်တာရှိသလို နှစ်ယောက်ကြား စိတ်သဘောထားတွေမတိုက်ဆိုင်တဲ့အခါ
စကားတွေလွန် အကြောင်းမဲ့ စိတ်ညစ်ရတဲ့ပြဿနာတွေပဲ ပိုလာခဲ့ရတယ်။

တစ်ခါတစ်လေ ကိုယ့်ရဲ့အချစ်ရေးကိစ္စကို မဖြေရှင်းတတ်တော့တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေဆီကနေ အကူညီတောင်းတတ်ကြပါတယ်။ အကြံဥာဏ်ပေးသူ ကိုယ်တိုင်ကလွဲနေရင် မင်းကိုယ်တိုင်လည်းကောင်းမွန်တဲ့ RS တစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အကျိုးမပြုနိုင်တဲ့ အချစ်ရေး အချစ်ရာအကြံပေးစကားတွေက ဘာတွေဖြစ်မလဲ…

” သူ့ထက်ကောင်းတဲ့လူအများကြီးပါ.. ”

Image result for sugar daddy
နည်းနည်းတော့ ပြောရခက်ပါတယ်။ အခြေအနေပေါ်မူတည်တာပေါ့။ သူဟာတကယ်ပဲ မကောင်းတဲ့လူဆိုရင် ဒီစကားကိုလိုက်နာသင့်ပေမယ့် ခဏတာ စကားများတာလေးနဲ့ နောက်တစ်ယောက်ရှာပစ်တာကတော့ လွယ်လွန်းပါတယ်။ နောက်တစ်ယောက်ထပ်ရှာလည်း စကားများရဦးမှာပါပဲ။ ငွေရေးကြေးရေးကြောင့် သူ့ထက်ကောင်းတဲ့လူကို မင်းရှာမယ်ဆိုရင်လည်း တစ်ခုသတိထားရမှာက အဲ့ဒီပိုက်ဆံကပဲ မင်းရဲ့ပျော်ရွှင်မှုကို အချိန်မရွေးဖျက်ဆီးနိုင်တယ်ဆိုတာပါပဲ။

” ဘာမှမပြောနဲ့.. အခြေအနေတွေဆိုးအောင် မလုပ်ပစ်နဲ့ ”

Image result for sad
ရေငုံနှုတ်ပိတ်နေတိုင်း ပြဿနာတွေဟာ ပြေလည်သွားမှာလား ? ကိစ္စတစ်ခုမှာ မင်းရဲ့စိတ်အခြေအနေကတော့ ဘယ်လို ၊ ဒါကို ဘယ်လိုမြင်ပါတယ်ဆိုတာ မင်းအနေနဲ့ ပြောခွင့်ရှိပါတယ်။ ဒါမှလည်း တစ်ဖက်ကသိပြီး တုံ့ပြန်လို့ရမှာပေါ့ ။ အတူတူစိတ်ခံစားချက်တွေ ဖလှယ်ပြီး ညှိနှိုင်းဖြေရှင်းပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်နိုင်မှာပေါ့။

” သူ့privacy တွေ နင်သိခွင့်ရှိတယ်… ဒါနင့်အခွင့်ရေးပဲ “


လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ သူနဲ့ပတ်သတ်ပြီး တစ်စိတ်တစ်ပိုင်းလောက်သာ သိထားသင့်ပါတယ်။ ဒီထက်ပိုပြီး အဆင့်ကျော်မယ်ဆိုရင် သူ့အပေါ်ချုပ်ကိုင်ထားရာ ရောက်သလို သူလည်း မလွတ်လပ်တော့ပါဘူး။ ငါလည်း သူ့နေရာမှာဆိုပြီး ကိုယ်ချင်းစာတတ်ပါစေ။ နှစ်ယောက်လုံးသက်တောင့်သက်သာဖြစ်စေဖို့ အချို့ ကိစ္စတွေဟာ သိထားဖို့မလိုပါဘူး။

” နင်လိုချင်တဲ့ type အတိုင်း ပုံသွင်းပေါ့ ချစ်ရင်လိုက်နာမှာပဲ ”

Image result for toxic relationship

ချစ်တာက ချစ်တာ။ အကျင့်ကတော့ ဖျောက်လို့ရမယ်မထင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ချစ်လာရင်
သူ့ကို ကိုယ်လိုချင်တဲ့ပုံစံဘောင်ထဲ ဆွဲထည့်ချင်လာတယ်။ လူတစ်ယောက်ကို ပြောင်းလဲဖို့လွယ်မယ်ထင်သလား။ မိဘတွေတောင် သားသမီးကို ပုံသွင်းလို့မရတာ .. သွေးသားမတော်စပ်သူတစ်ယောက်ကို ” ငါ့ကိုချစ်ရင် ဒီလိုနေ .. ဟိုမှာစား .. ဒါကိုဝတ် ” ဆိုပြီး ပုံသွင်းလို့မရပါဘူး။ ခေါက်ရိုးချိုးနေတဲ့ အကျင့်ဗီဇဆိုတာ ပြင်ဖို့ခက်ပါတယ်။ အရှိကိုအရှိတိုင်း လက်ခံပြီး သူ့ပုံစံအတိုင်း မင်းချစ်ပေးနိုင်မှသာ ရေရှည်အဆင်ပြေပါလိမ့်မယ်။

အချို့ အကြံပေးစကားတွေက အသုံးဝင်ပါတယ်။ အဓိက ကိုယ့်ကိစ္စရဲ့အခြေအနေပေါ်မူတည်ပြီး
အကြံပေးစကားတွေနဲ့ ဆက်စပ်ကာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုသာ ချတတ်ဖို့လိုပါတယ်။
လူကောင်းတွေ့နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ မှန်ကန်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံဖို့ မကောင်းတဲ့လူကိုတွန်းထုတ်လိုက်ရတာ ဘာမှမဖြစ်ပေမယ့် မကောင်းတဲ့လူအတွက်နဲ့ မှန်ကန်တဲ့လူတစ်ယောက်ကို ကျောခိုင်းပစ်မိရင် နောင်တရမှာ မင်းပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.