လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Hong Soo Hyun နဲ့ Microdot

လပေါင်းများစွာတွဲပြီးနောက်မှာတော့ ဒီကနေ့ ဇန်နဝါရီ(၈)ရက်နေ့မှာပဲ Hong Soo Hyun နဲ့ Microdot တို့လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ ဘာအကြောင်းကြောင့် လမ်းခွဲလိုက်တယ်ဆိုတာတော့ အသေးစိတ်မပြောထားပါဘူး။ ဒါဟာ သူတို့ရဲ့အတွင်းရေးကိစ္စသာဖြစ်တယ်လို့ Hong Soo Hyun အေဂျင်စီ Content Y မှ ဆိုပါတယ်။

Image result for Hong Soo Hyun And Microdot Break Up

Channel Aရဲ့Variety Show ဖြစ်တဲ့ ”The Fishermen and the City” မှာ Hong Soo Hyun နဲ့ Microdot တို့စတင်ရင်းနှီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ဒိတ်သတင်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အတည်ပြုကြေငြာခဲ့ပါတယ်။

Image result for Hong Soo Hyun And Microdot Break Up

သူတို့လမ်းခွဲလိုက်ပြီဆိုတာ အစောပိုင်းအချိန်တွေမှာ ကောလဟာလတွေထွက်လာခဲ့ပေမယ့်
သူတို့ရဲ့relationship ကို တိတ်တဆိတ်ပဲထားထားခဲ့ပါတယ်။ ထွက်ရှိလာတဲ့ သတင်းများအရ သူတို့နှစ်ယောက်လုံးရဲ့နှစ်ဖက် မိဘချင်း အဆင်မပြေမှုတွေများလို့ လမ်းခွဲလိုက်ကြတယ်လို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်အတွက် ပရိတ်သတ်တွေလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

157 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.