တစ္ေန႔ကုိ ၈နာရီထက္ပိုအိပ္မိရင္ ဘယ္လိုက်န္းမာေရးျပႆနာေတြၾကံဳလာရႏုိင္လဲ?

အိပ္ေရး၀၀အိပ္တာေကာင္းပါတယ္။ဒါေပမဲ႔ အိပ္ေရး၀တာထက္ပုိအိပ္မိရင္ေတာ့ မေကာင္းေတာ့ပါဘူး။လိုအပ္တာထက္ပိုအိပ္မိတဲ့အခါ ျဖစ္လာႏုိင္တဲ႔ဆုိးက်ိဳးေတြကုိ ေဆာင္းပါးေတြမွာဖတ္ဖူး၊ေျပာသံေတြၾကားဖူးမွာပါ။အိပ္ခိ်န္ေလ်ာ့နည္းတာက က်န္းမာေရးအတြက္မေကာင္းသလုိ အိပ္ခ်ိန္ပုိသြားျပန္ရင္လည္း က်န္းမာေရးနဲ႔ပတ္သက္ျပီး ေကာင္းက်ိဳးမရွိႏုိင္ျပန္ပါဘူးတဲ႔။

အခု Trend ပရိသတ္ၾကီးအတြက္ တစ္ေန႔ကုိ ၈နာရီထက္ပိုအိပ္မိတဲ႔အခါ ဘယ္လိုျပႆနာေတြၾကံဳေတြ႔လာရႏုိင္လဲဆုိတာ က်န္းမာေရးဗဟုသုတအေနနဲ႔ျပန္လည္မ်ွေ၀ေပးသြားမွာျဖစ္ပါတယ္။

*၀ိတ္တက္လာမယ္

၀ိတ္တက္လာမွာကုိေၾကာက္ေပမဲ႔ အိပ္ကလည္း အိပ္ခ်င္ေနျပန္ဆုိရင္ မျဖစ္ေသးဘူးေနာ္။တစ္ေန႔ကုိ ၈နာရီထက္ေက်ာ္လြန္ျပီးအိပ္စက္မိတဲ႔အခါ ၀ိတ္တက္လာႏုိင္ပါတယ္။အ၀လြန္တာနဲ႔ဆီးခ်ိဳေရာဂါဟာ အိပ္ျခင္းန႔ဲဆက္စပ္ေနတဲ႔အတြက္ ကိုယ့္ရဲ႔အိပ္ခ်ိန္က ပံုမွန္အခိ်န္အတိုင္းအတာမွာပဲရွိသင့္ပါတယ္။ေနာက္က်မွအိပ္ရာထတ႔ဲအခါ ကုိယ္လက္လႈပ္ရွားမႈက ပုိျပီးနည္းသြားတဲ႔အတြက္ ကုိယ္အေလးခိ်န္က မမ်ွမတျဖစ္လာပါတယ္။ဒါေၾကာင့္ အိပ္ခ်ိန္ဟာ ပံုမွန္တစ္ေန႔ကုိ၇နာရီ နဲ႔ ၈နာရီၾကားမွာပဲရွိသင့္ပါတယ္။

*စိတ္အားငယ္မႈမ်ားလာတယ္

စိတ္ဓာတ္က်လြယ္၊အားငယ္လြယ္တဲ႔လူေတာ္ေတာ္မ်ားမ်ားဟာ အိပ္စက္ပံုမမွန္ကန္တာေၾကာင့္ပါ။အိပ္ေရးပ်က္တာမ်ိဳးျဖစ္ေစ၊အလြန္အကြ်ံအိပ္မိလို႔ျဖစ္ေစ စိတ္ပုိင္းဆုိင္ရာေျပာင္းလဲမႈေတြျဖစ္လာတတ္ပါတယ္။တျဖညး္ျဖည္းနဲ႔အိပ္ရတာပိုၾကိဳက္လာေလ အိပ္ရာထဲက မထခ်င္ေလျဖစ္လာေစပါတယ္။ၾကာရင္ စိတ္ဖိစီးမႈေတြလြယ္လြယ္ကူကူ၀င္ေရာက္ႏုိင္ျပီးစိတ္က်ေရာဂါပါ ျဖစ္လာႏုိင္ပါတယ္။

*ႏွလံုးေရာဂါျဖစ္ပြားမႈရာခိုင္ႏႈန္းမ်ားလာမယ္

အိပ္ခ်ိန္အမ်ားၾကီးအိပ္စက္မိတဲ႔အခါ အခ်ိန္လည္းကုန္သလုိ ႏွလံုးေရာဂါပါ ရလာႏုိင္ပါတယ္။၈နာရီထက္ပိုအိပ္စက္တဲ႔အခါ ႏွလံုးေရာဂါျဖစ္ပြားမႈႏႈန္း ၃၄ရာခုိင္ႏႈန္းေတာင္ပုိမ်ားလာတယ္လုိ႔ ေလ့လာခ်က္ေတြအရသိရပါတယ္။တန္ဖိုးရွိတဲ႔အခ်ိန္ေတြလည္းမကုန္ေအာင္ နွလံုးေရာဂါလည္းကာကြယ္ျပီးသားျဖစ္ေအာင္ ဒီေန႔ကစျပီး ပံုမွန္အိပ္ခ်ိန္ျဖစ္ေအာင္ အေလ့အက်င့္လုပ္ထားသင့္ပါတယ္။

*မၾကာခဏေခါင္းကုိက္ေ၀ဒနာခံစားလာရမယ္
အိပ္ေရးပ်က္တာက ေခါင္းကုိက္ေစသလို အိပ္ခ်ိန္မ်ားတာကလည္း ေခါင္းကုိက္ေ၀ဒနာခံစားရေစပါတယ္။အားလပ္ရက္ေတြွမွာ အၾကာၾကီးအိပ္တာမ်ိဳးကုိေရွာင္သင့္ေနပါျပီ။တကယ္လုိ႔ သင္ဟာ မၾကာခဏေခါင္းကုိက္ေ၀ဒနာခံစားေနရရင္ ကုိယ့္ရဲ႔အိပ္ခ်ိန္က ပုိေနလား။လိုေနလားေသခ်ာျပန္စစ္ျပီး
ပံုမွန္အခ်ိန္အတုိင္းအိပ္စက္ေပးသင့္ပါတယ္။အခ်ိန္ပုိအိပ္ေလ ပင္ပန္းႏြမ္းနယ္မႈက ေျပေပ်ာက္မသြားပဲ ပုိျပီးေတာ့ေတာင္ ပင္ပန္းသလုိခံစားရတတ္တာသတိထားမိတယ္ဆုိရင္ အိပ္ခ်ိန္ကုိ ေလ်ာ့သင့္ေနပါျပီ။

*မွတ္ဥာဏ္ပိုင္းဆုိင္ရာ အားနည္းလာတယ္
ေလ့လာခ်က္ေတြအရ အခ်ိန္ၾကာၾကာအိပ္ေလ ဦးေႏွာက္ကိုထိခိုက္ေလပါပဲတဲ႔။ဦးေႏွာက္စြမ္းေဆာင္ရည္ကုိထိခိုက္လာတဲ႔အခါ နဂိုမွတ္မိေနက်အရာေတြက ပုိျပီးေတာ့ေမ့လြယ္လာတယ္။တစ္ခုခုဆုိ မွတ္ရတာ ပုိခက္လာတာမ်ိဳးျဖစ္လာတတ္ပါတယ္။

*ညဘက္အိပ္ေပ်ာ္ဖုိ႔ခက္ခဲလာတယ္

အိပ္ခိ်န္မ်ားရင္ ဒီျပႆနာၾကံဳရႏုိင္တယ္ဆုိေတာ့ အံ႔ၾသသြားႏုိင္စရာရွိပါတယ္။ဒါေပမ႔ဲလည္း သင္က ေနာက္က်တဲ႔အထိ ကြန္ပ်ဴတာသံုးတယ္။ျပီးရင္ ေနာက္တစ္ေန႔ ေန႔လည္၊ညေနေလာက္ထိဆက္အိပ္တယ္ဆိုရင္ ဒီလုိ ညဘက္အိပ္မေပ်ာ္တဲ႔ေ၀ဒနာ၊အိပ္ေပ်ာ္ဖို႔ခက္ခဲတဲ႔ေ၀ဒနာခံစားလာရႏုိင္ပါတယ္။
ညဘက္အိပ္လို႔မရေတာ့ပဲ ေနာက္က်တဲ႔အထိအျမဲေနမယ္ဆုိရင္ က်န္းမာေရးကုိၾကာရင္ထိခိုက္လာႏုိင္ပါတယ္။

တစ္ရက္တစ္ေလအိပ္ေရးပ်က္တာ၊အိပ္ခ်ိန္ပုိသြားတာက ဘာမွမျဖစ္ေပမဲ႔ ေရရွည္ျဖစ္ေနမယ္ဆုိရင္ေတာ့ ဘယ္အရာမွမေကာင္းပါဘူး။ဒါေၾကာင့္ တစ္ေန႔အိပ္ခိ်န္က ၇နာရီကေန ၈နာရီအတြင္းပဲရွိေအာင္ ၾကိဳးစားေနထုိင္သင့္ပါတယ္။

Ref:Brightside

Unicode

အိပ်ရေးဝဝအိပ်တာကောင်းပါတယ်။ဒါပေမဲ့ အိပ်ရေးဝတာထက်ပိုအိပ်မိရင်တော့ မကောင်းတော့ပါဘူး။လိုအပ်တာထက်ပိုအိပ်မိတဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ဆောင်းပါးတွေမှာဖတ်ဖူး၊ပြောသံတွေကြားဖူးမှာပါ။အိပ်ချိန်လျော့နည်းတာက ကျန်းမာရေးအတွက်မကောင်းသလို အိပ်ချိန်ပိုသွားပြန်ရင်လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းကျိုးမရှိနိုင်ပြန်ပါဘူးတဲ့။

အခု Trend ပရိသတ်ကြီးအတွက် တစ်နေ့ကို ၈နာရီထက်ပိုအိပ်မိတဲ့အခါ ဘယ်လိုပြဿနာတွေကြုံတွေ့လာရနိုင်လဲဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။

*၀ိတ်တက်လာမယ်
၀ိတ်တက်လာမှာကိုကြောက်ပေမဲ့ အိပ်ကလည်း အိပ်ချင်နေပြန်ဆိုရင် မဖြစ်သေးဘူးနော်။တစ်နေ့ကို ၈နာရီထက်ကျော်လွန်ပြီးအိပ်စက်မိတဲ့အခါ ၀ိတ်တက်လာနိုင်ပါတယ်။အဝလွန်တာနဲ့ဆီးချိုရောဂါဟာ အိပ်ခြင်းနဲ့ဆက်စပ်နေတဲ့အတွက် ကိုယ့်ရဲ့အိပ်ချိန်က ပုံမှန်အချိန်အတိုင်းအတာမှာပဲရှိသင့်ပါတယ်။နောက်ကျမှအိပ်ရာထတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုက ပိုပြီးနည်းသွားတဲ့အတွက် ကိုယ်အလေးချိန်က မမျှမတဖြစ်လာပါတယ်။ဒါကြောင့် အိပ်ချိန်ဟာ ပုံမှန်တစ်နေ့ကိုရနာရီ နဲ့ ၈နာရီကြားမှာပဲရှိသင့်ပါတယ်။

*စိတ်အားငယ်မှုများလာတယ်
စိတ်ဓာတ်ကျလွယ်၊အားငယ်လွယ်တဲ့လူတော်တော်များများဟာ အိပ်စက်ပုံမမှန်ကန်တာကြောင့်ပါ။အိပ်ရေးပျက်တာမျိုးဖြစ်စေ၊အလွန်အကျွံအိပ်မိလို့ဖြစ်စေ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတတ်ပါတယ်။တဖြညး်ဖြည်းနဲ့အိပ်ရတာပိုကြိုက်လာလေ အိပ်ရာထဲက မထချင်လေဖြစ်လာစေပါတယ်။ကြာရင် စိတ်ဖိစီးမှုတွေလွယ်လွယ်ကူကူဝင်ရောက်နိုင်ပြီးစိတ်ကျရောဂါပါ ဖြစ်လာနိုင်ပါတယ်။

*နှလုံးရောဂါဖြစ်ပွားမှုရာခိုင်နှုန်းများလာမယ်
အိပ်ချိန်အများကြီးအိပ်စက်မိတဲ့အခါ အချိန်လည်းကုန်သလို နှလုံးရောဂါပါ ရလာနိုင်ပါတယ်။၈နာရီထက်ပိုအိပ်စက်တဲ့အခါ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၃၄ရာခိုင်နှုန်းတောင်ပိုများလာတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။တန်ဖိုးရှိတဲ့အချိန်တွေလည်းမကုန်အောင် နှလုံးရောဂါလည်းကာကွယ်ပြီးသားဖြစ်အောင် ဒီနေ့ကစပြီး ပုံမှန်အိပ်ချိန်ဖြစ်အောင် အလေ့အကျင့်လုပ်ထားသင့်ပါတယ်။

*မကြာခဏခေါင်းကိုက်ဝေဒနာခံစားလာရမယ်
အိပ်ရေးပျက်တာက ခေါင်းကိုက်စေသလို အိပ်ချိန်များတာကလည်း ခေါင်းကိုက်ဝေဒနာခံစားရစေပါတယ်။အားလပ်ရက်တွှေမှာ အကြာကြီးအိပ်တာမျိုးကိုရှောင်သင့်နေပါပြီ။တကယ်လို့ သင်ဟာ မကြာခဏခေါင်းကိုက်ဝေဒနာခံစားနေရရင် ကိုယ့်ရဲ့အိပ်ချိန်က ပိုနေလား။လိုနေလားသေချာပြန်စစ်ပြီး
ပုံမှန်အချိန်အတိုင်းအိပ်စက်ပေးသင့်ပါတယ်။အချိန်ပိုအိပ်လေ ပင်ပန်းနွမ်းနယ်မှုက ပြေပျောက်မသွားပဲ ပိုပြီးတော့တောင် ပင်ပန်းသလိုခံစားရတတ်တာသတိထားမိတယ်ဆိုရင် အိပ်ချိန်ကို လျော့သင့်နေပါပြီ။

*မှတ်ဉာဏ်ပိုင်းဆိုင်ရာ အားနည်းလာတယ်
လေ့လာချက်တွေအရ အချိန်ကြာကြာအိပ်လေ ဦးနှောက်ကိုထိခိုက်လေပါပဲတဲ့။ဦးနှောက်စွမ်းဆောင်ရည်ကိုထိခိုက်လာတဲ့အခါ နဂိုမှတ်မိနေကျအရာတွေက ပိုပြီးတော့မေ့လွယ်လာတယ်။တစ်ခုခုဆို မှတ်ရတာ ပိုခက်လာတာမျိုးဖြစ်လာတတ်ပါတယ်။

*ညဘက်အိပ်ပျော်ဖို့ခက်ခဲလာတယ်
အိပ်ချိန်များရင် ဒီပြဿနာကြုံရနိုင်တယ်ဆိုတော့ အံ့သြသွားနိုင်စရာရှိပါတယ်။ဒါပေမဲ့လည်း သင်က နောက်ကျတဲ့အထိ ကွန်ပျူတာသုံးတယ်။ပြီးရင် နောက်တစ်နေ့ နေ့လည်၊ညနေလောက်ထိဆက်အိပ်တယ်ဆိုရင် ဒီလို ညဘက်အိပ်မပျော်တဲ့ဝေဒနာ၊အိပ်ပျော်ဖို့ခက်ခဲတဲ့ဝေဒနာခံစားလာရနိုင်ပါတယ်။
ညဘက်အိပ်လို့မရတော့ပဲ နောက်ကျတဲ့အထိအမြဲနေမယ်ဆိုရင် ကျန်းမာရေးကိုကြာရင်ထိခိုက်လာနိုင်ပါတယ်။

တစ်ရက်တစ်လေအိပ်ရေးပျက်တာ၊အိပ်ချိန်ပိုသွားတာက ဘာမှမဖြစ်ပေမဲ့ ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ ဘယ်အရာမှမကောင်းပါဘူး။ဒါကြောင့် တစ်နေ့အိပ်ချိန်က ရနာရီကနေ ၈နာရီအတွင်းပဲရှိအောင် ကြိုးစားနေထိုင်သင့်ပါတယ်။

Ref:Brightside

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.