လူတိုင်းကသူတို့အလေးထားရသူတွေအတွက်ပဲပြောင်းလဲလေ့ရှိတယ်






Unicode

မိန်းကလေးဆိုတာသူတကယ်ချစ်တဲ့သူအတွက်ပဲစကားနားထောင်သလိုယောကျာ်းလေးဆိုတာသူချစ်တဲ့သူအတွက်ပဲ ပြောင်းလဲလေ့ရှိတယ်…

ကိုယ့်ကိုယ်ချစ်ပါတယ် ဆိုတဲ့သူတိုင်း ကိုယ့် အတွက်ပြောင်းလဲနိုင်မယ်မထင်နဲ့နော်။ လူတိုင်းမှာ ကိုယ်ပိုင် အတ္တ ကိုယ်စီရှိတယ်။ ဒီအတ္တကိုလည်းလျော့ချဖို့ သိပ် ကို ကြန့်ကြာတတ်ကြတယ်။ သူတို့တကယ် Feel မလာတဲ့သူတွေအတွက် သူတို့အကျင့်တွေကိုပြောင်းလဲပေးလေ့မရှိပဲ ငါဒီလိုပဲနေလာတာလို့ပဲပြောပါလိမ့်မယ်။

တကယ်နှစ်နှစ်ကာကာဖြစ်သွားတဲ့သူတစ်ယောက်အတွက် ပြောင်းပါလို့ပြောနေစရာမလိုအောင်ကို ကိုယ်ကြောင့် တစ်ချို့သောအရာတွေကို အရင်နဲ့မတူအောင်ပြောင်းလဲပြီးသားပါ။ ကိုယ်ထိခိုက်မှာဆိုးလို့တစ်ချို့သောကိစ္စတွေကို ရှောင်ရှားပြီးသားပါ။ ကိုယ်စိတ်ပူရမှာဆိုလို့ တစ်ချို့သော ပြဿနာတွေကိုရှုပ်မလာအောင်ရှင်းပြီးသားပါ။ ဒီလိုလုပ်နိုင်တာလည်းစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့စွမ်းအားတစ်ခုပဲရှိပါတယ်။

ချစ်တယ်လို့အော်နေတဲ့သူတိုင်းသင့်အတွက်မပြောင်းလဲနိုင်ပါဘူး။ သင့်အတွက် သင့်အတွက်ဆိုပြီး ထည့်ထည့်တွေးတတ်တဲ့ သူမှသာသင့်ကို တကယ်ချစ်တာပါ။

Trend ပရိတ်သတ်ကြီးတွေလည်းစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ခံစားမိကြပါစေ…

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.