ကိုယ့်နှလုံးသားကိုအကြိမ်ကြိမ်မသတ်ပါနဲ့…
Unicode
ကိုယ့်ကိုယ်ကိုယ်နှိပ်စက်သလိုဖြစ်နေတဲ့ Relationship မျိုးကနေရုန်းထွက်နိုင်ပါစေ… လူတစ်ချို့ကို အချစ်ကို တန်ဖိုးထားတာထက်လွန်ပြီးကိုးကွယ်သလိုတွေဖြစ်တော့ ကိုယ်ကျိုးတွေနည်းကုန်ရောပေါ့။ ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးထားတတ်ဖို့ပဲလိုပါတယ်( ကိုယ့်အပေါ်တန်ဖိုးထားသူအတွက်သာ)
တစ်ချို့သူတွေက ပေါင်းစည်းဖို့အဆင်မပြေမှန်းသိတဲ့ Relationship ကြီးမှာ စိတ်ပင်ပန်းခံပြီးကပ်တွယ်နေတတ်ကြပါတယ်။ ဒီလိုနေတာဟာ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်နှိပ်စက်ရာရောက်လည်းဆိုတာ သူတို့အသိဆုံးပါ။
တွယ်ညိနေတဲ့သံယောဇဉ် နာကျင်ရမဲ့ ကိုယ့်နှလုံးသားကို ခဏလေးဥပေက္ခာပြုပြီး ပျော်စရာမကောင်းစိတ်ချမ်းသာမှုမရှိတဲ့ Relationship ကနေရုန်းထွက်ပစ်လိုက်စမ်းပါ။ နာကျင်ရလည်း ခဏပေါ့ တစ်ကြိမ်တစ်ခါပေါ့ကွာ…ဘယ်တော့များသူပြောင်းလဲလာမလဲဆိုတဲ့စိတ်နဲ့ စောင့်ရင်းကိုယ့်ကို မေတ္တာမစစ်လို့မပြောင်းလဲလာသူကို မျှော်လင့်မနေပါနဲ့။ ကိုယ့်နှလုံးသားကို စာနာသောအားဖြင့် တစ်ကြိမ်ပဲသတ်ပါ။ တစ်ကြိမ်သာအနာခံပါ။ အကြိမ်ကြိမ်နာကျင်ခံစားရအောင်မသတ်မိပါစေနဲ့။ ကိုယ့်အတွက်ဆိုတဲ့အရာတွေက တစ်နေရာမှာသင့်ဆီလာဖို့စောင့်ဆိုင်းနေကြမှာပါ…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.