မၾကာခင္ တကၠသိုလ္ေက်ာင္းသူျဖစ္ေတာ့မယ့္ မင္းသမီးေခ်ာေလး Kim Hyang Gi

“Along with the Gods” ဇာတ္ကားထဲက ခ်စ္စရာကေလးမေလး Kim Hyang Gi ဟာ အထက္တန္းေက်ာင္းကုိေအာင္ျမင္စြာျပီးဆံုးသြားျပီလုိ႔ Soompi မီဒီယာကေနေဖာ္ျပလာခဲ႔ပါတယ္။

ဇန္န၀ါရီ ၇ရက္ေန႔က သူမရ႔ဲေအဂ်င္စီ Namoo Actors က သူတုိ႔ရဲ ႔အင္စတာဂရမ္အေကာင့္ကေန ကေလးသရုပ္ေဆာင္မေလး Kim Hyang Gi ရဲ ႔ေက်ာင္းဆင္းဂုဏ္ျပဳပြဲပံုရိပ္ေလးေတြ ျပန္တင္ေပးခဲ႔တာျဖစ္ပါတယ္။ သူမေလးက Gyunggi ျပည္နယ္၊Yongin ျမိဳ႔က Sung Bok အထက္တန္းေက်ာင္းအျပင္ဘက္မွာ ဓာတ္ပံုလွလွေလးေတြရုိက္ကူးထားခဲ႔တာပါ။

၂၀၀၀ခုႏွစ္ဖြားမင္းသမီးေလးဟာ အသက္ ၃ႏွစ္အရြယ္တည္းက ေၾကာ္ျငာစတင္ရိုက္ကူးခဲ့ရတာျဖစ္ပါတယ္။ကေလးသရုပ္ေဆာင္အျဖစ္ ေသခ်ာစတင္ရိုက္ကူးျဖစ္တာကေတာ့၂၀၀၆ ခုႏွစ္မွပါ။အဲ႔ဒီေနာက္မွာေတာ့ A Werewolf Boy ၊ Thread of Lies ၊ The Queen’s Classroom ၊ Bad Love စတဲ႔ဇာတ္လမ္းတြဲေတြမွာ ပါ၀င္ရိုက္ကူးခဲ့ပါတယ္။

မၾကာေသးခင္ခုႏွစ္ေတြကေတာ့ Along With the Gods စီးရီးမွာပါ၀င္ခဲ႔ျပီး ပရိသတ္ေတြႏွစ္ျခိဳက္စြာအားေပးလက္ခံၾကတဲ႔ ကေလးသရုပ္ေဆာင္မင္းသမီးေလးျဖစ္လာခဲ႔ပါတယ္။Along With the Gods 1 မွာေရာ 2 မွာပါ ပါ၀င္ခဲ႔ျပီး ေနာက္ထပ္ထြက္ရွိလာမယ့္ Along with the Gods 3 မွာလည္း ျပန္လည္ပါ၀င္ဦးမွာျဖစ္ပါတယ္။

ဒီ ၂၀၁၉ ထဲမွာေတာ့ သူမေလးဟာ တကၠသိုလ္စတက္ရေတာ့မွာျဖစ္ျပီး သူမနဲ႔ Jung Woo Sung တြဲဖက္ရုိက္ကူးထားတဲ႔ Witness ဇာတ္ကားဟာလည္း ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။အထက္တန္းေက်ာင္းကုိေအာင္ျမင္စြာျဖတ္ေက်ာ္ျပီးဆံုးသြားျပီျဖစ္တဲ႔သူမေလးရဲ႔ပံုရိပ္ေလးေတြကုိလည္း ျပန္ျပီးေဖာ္ျပေပးလုိက္ပါတယ္။

Congratulations ! 💗

Source:Soompi

Unicode

“Along with the Gods” ဇာတ်ကားထဲက ချစ်စရာကလေးမလေး Kim Hyang Gi ဟာ အထက်တန်းကျောင်းကိုအောင်မြင်စွာပြီးဆုံးသွားပြီလို့ Soompi မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။

ဇန်နဝါရီ ရရက်နေ့က သူမရဲ့အေဂျင်စီ Namoo Actors က သူတို့ရဲ ့အင်စတာဂရမ်အကောင့်ကနေ ကလေးသရုပ်ဆောင်မလေး Kim Hyang Gi ရဲ ့ကျောင်းဆင်းဂုဏ်ပြုပွဲပုံရိပ်လေးတွေ ပြန်တင်ပေးခဲ့တာဖြစ်ပါတယ်။ သူမလေးက Gyunggi ပြည်နယ်၊Yongin မြို့က Sung Bok အထက်တန်းကျောင်းအပြင်ဘက်မှာ ဓာတ်ပုံလှလှလေးတွေရိုက်ကူးထားခဲ့တာပါ။

၂ဝဝဝခုနှစ်ဖွားမင်းသမီးလေးဟာ အသက် ၃နှစ်အရွယ်တည်းက ကြော်ငြာစတင်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ကလေးသရုပ်ဆောင်အဖြစ် သေချာစတင်ရိုက်ကူးဖြစ်တာကတော့၂၀၀၆ ခုနှစ်မှပါ။အဲ့ဒီနောက်မှာတော့ A Werewolf Boy ၊ Thread of Lies ၊ The Queen’s Classroom ၊ Bad Love စတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

မကြာသေးခင်ခုနှစ်တွေကတော့ Along With the Gods စီးရီးမှာပါဝင်ခဲ့ပြီး ပရိသတ်တွေနှစ်ခြိုက်စွာအားပေးလက်ခံကြတဲ့ ကလေးသရုပ်ဆောင်မင်းသမီးလေးဖြစ်လာခဲ့ပါတယ်။Along With the Gods 1 မှာရော 2 မှာပါ ပါဝင်ခဲ့ပြီး နောက်ထပ်ထွက်ရှိလာမယ့် Along with the Gods 3 မှာလည်း ပြန်လည်ပါဝင်ဦးမှာဖြစ်ပါတယ်။

ဒီ ၂၀၁၉ ထဲမှာတော့ သူမလေးဟာ တက္ကသိုလ်စတက်ရတော့မှာဖြစ်ပြီး သူမနဲ့ Jung Woo Sung တွဲဖက်ရိုက်ကူးထားတဲ့ Witness ဇာတ်ကားဟာလည်း ထွက်ရှိလာတော့မှာဖြစ်ပါတယ်။အထက်တန်းကျောင်းကိုအောင်မြင်စွာဖြတ်ကျော်ပြီးဆုံးသွားပြီဖြစ်တဲ့သူမလေးရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

Congratulations ! 💗

Source:Soompi

 

934 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.