ဇန်နဝါရီ ၆ရက်နေ့က ကယ်လီဖိုးနီးယား Beverly Hill ရှိ The Beverly Hilton Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 76th Annual Golden Globe Awards မှာ မင်းသား Rami Malek က “Bohemian Rhapsody” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။
Freddy Mercury အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Rami Malek ရဲ့အောင်မြင်မှုကတော့ တစ်ရှိန်ထိုးအောင်မြင်လျက်ရှိနေပါတယ်။ Malek အတွက် စိုးရိမ်ပူပန်မှုတွေရှိခဲ့ပေမယ့်လည်း ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။
အားလုံးထဲမှာမှ သူ့ကို ဒီလိုဆုရရှိအောင် အခွင့်ရေးပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
ဒါဟာ Rami Malekအတွက် Golden Globes မှာ တတိယကြိမ်မြောက် စာရင်းဝင်ခဲ့တာဖြစ်ပြီိး ပထမဆုံးအကြိမ်အောင်မြင်မှုပဲဖြစ်ပါတယ်။
Congratulations ပါ … Rami Malek ရေ..
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။