ပီေက၀ါးသံ၊ဇြန္းခရင္းခ်သံေတြက သင့္ကုိစိတ္အေနွာင့္အယွက္ေပးေနျပီလား?

တစ္ေယာက္ေယာက္ရဲ႔ပီေက၀ါးသံ၊ေရဘူးေဖာက္သံ၊ေဘာပင္အဖံုးေတာက္လိုက္သံ၊တံခါးဖြင့္သံစသျဖင့္ အျပဳအမူတစ္ခုခုကုိလုပ္လိုက္တဲ႔အသံေသးေသးေလးေတြက သင့္အတြက္ နားညီးစရာ၊စိတ္အေႏွာင့္အယွက္ျဖစ္စရာအသံေတြလုိ႔ခံစားေနရလား?တစ္နည္းအားျဖင့္ဆုိရမယ္ဆုိရင္ အဲ႔ဒီအသံေတြၾကားရတာ မုန္းေနလား၊မၾကားခ်င္ဘူးျဖစ္ေနလားေပါ့။

အဲ႔ဒီလုိအသံေတြၾကားရတဲ႔အခါ စိတ္ထဲမွာအေႏွာင့္အယွက္ျဖစ္သြားျပီး အဲ႔လူကုိ ေအာ္ခ်င္တဲ့စိတ္၊တစ္ခုခုေျပာလိုက္ခ်င္တဲ႔စိတ္မ်ိဳးျဖစ္ေနတယ္ဆုိရင္ ဒါက misophonia လုိ႔ေခၚတဲ႔ OCD တစ္မ်ိဳးျဖစ္ေနတာပါပဲ။

အသံေတြကုိမုန္းတဲ႔ misophonia လကၡဏာဟာ ျပင္းထန္လာျပီဆုိရင္ မိသားစုု၀င္ေတြၾကား၊ခ်စ္သူေတြ၊သူငယ္ခ်င္းေတြၾကားမွာ ျပႆနာတစ္ခုလိုျဖစ္လာႏုိင္ပါတယ္။သူတုိ႔ရဲ ႔ပီေက၀ါးသံ၊မုန္႔၀ါးသံ၊မုန္႔ေဖာက္တဲ႔သံစသျဖင့္ အ႔ဲဒီလုိအသံေတြၾကားရတဲ႔အခါ သင့္ဘက္က ရည္ရြယ္မထားတဲ႔တံု႔ျပန္မႈေတြေတာင္ျဖစ္လာႏုိင္တယ္လုိ႔ ေလ့လာသူပညာရွင္ေတြက ေျပာထားပါတယ္။ဒီအသံေတြၾကားတဲ႔အခါ လူကပုိျပီးစိတ္တုိလာတယ္။စိတ္ဖိစီးမႈေတြျမင့္တက္လာတယ္။အေျပာအဆုိေတြပါၾကမ္းတမ္းလာတတ္ပါတယ္။

ဒါက ဘာလုိ႔ျဖစ္တာလဲဆုိရင္္ ဦးေနွာက္ထဲက myelination ဆုိတဲ႔ လုပ္ငန္းစဥ္ေဆာင္ရြက္မႈအတိုင္းအတာက မ်ားျပားက်ယ္ျပန္႔ေနျပီး တစ္ျခားသူေတြရဲ ႔ဦးေႏွာက္တည္ေဆာက္ပံုနဲ႔ ျခားနားေနတဲ႔အတြက္ေၾကာင့္ပါ။ဒီ Misophonia လကၡဏာကုိ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြက ပုိျပီးခံစားရေလ့ရွိပါတယ္။

Misophonia လကၡဏာဟာ ျပင္းထန္လာရင္ ဘ၀ေနထုိင္မႈမွာပါျပႆနာအနည္းနဲ႔အမ်ားျဖစ္လာႏိုင္ပါတယ္။တစ္ခိ်ဳ႔ဆုိရင္ ေျခသံ၊ဇြန္းခရင္းခ်သံ၊မုန္႔စားေနတဲ႔အသံ၊အေအးေသာက္တဲ႔အသံစတဲ႔ အသံတုိးတုိးေလးကအစ စိတ္အေႏွာင့္အယွက္ျဖစ္ေၾကာင္းေလ့လာေတြ႔ရွိရပါတယ္။ဒါျဖင့္ ဒါကုိဘယ္လိုကုသရမလဲ?ကုုသရမယ့္နည္းလမ္းဆုိတာထက္ ကာကြယ္တဲ႔နည္းလမ္းလုိ႔ပဲေျပာရမွာပါပဲ။

နည္းလမ္းက ဘာလဲဆုိရင္ အဲ႔႔ဒီအသံေတြၾကားရလုိ႔ စိတ္အေႏွာင့္အယွက္ျဖစ္လာတဲ့အခါ တစ္ျခားအသံတစ္ခုခုကုိအစားထုိးနားေထာင္တာက စိတ္ဖိစီးမႈေတြ၊စိတ္အေႏွာင့္အယွက္ျဖစ္တာေတြမခံစားရေတာ့ပါဘူးတဲ႔။ပညာရွင္ေတြကေတာ့ ear-level devices ေလးေတြသံုးဖုိ႔အၾကံေပးထားပါတယ္။သဘာ၀ေရစီးသံေလးေတြ၊မိုးရြာသံေလးေတြ၊ေက်းငွက္ေအာ္သံေလးေတြစတဲ႔သဘာ၀ဆန္တဲ႔အသံေလးေတြပဲၾကားရတဲ႔ Ear-level Device သံုးေပးတာက ဒီ Misophonia ကုိ အေကာင္းဆံုးကာကြယ္ေပးႏုိင္တဲ႔နည္းလမ္းလုိ႔ ေျပာထားပါတယ္။

ဒါေပမဲ႔ Misophonia ခံစားေနရသူေတြဟာ တစ္ဖက္ကၾကည့့္မယ္ဆုိရင္ ဖန္တီးေတြးေခၚႏုိင္စြမ္းေကာင္းမြန္သူေတြျဖစ္တယ္လုိ႔လည္းဆုိထားပါေသးတယ္။ေလ့လာေတြ႔ရွိခ်က္ေတြအရ ဒီလုိ တစ္ျခားသူေတြရဲ ႔လႈပ္ရွားမႈအသံေတြကုိ အာရံုစုိက္မိတယ္၊ဒီအသံေတြၾကားရလု႔ိစိတ္အေနွာင့္အယွက္ျဖစ္တယ္ဆုိတာကုိက ဦးေႏွာက္က တစ္ျခားသူေတြထက္ပုိျပီးအလုပ္လုပ္တယ္၊တစ္ျခားသူေတြထက္ ပတ္၀န္းက်င္ကုိပုိျပီးအာရံုစူးစုိက္မိတယ္ဆုိတာ ျပသေနတာပဲလုိ႔ သိရပါတယ္Misophonia ရွိသူေတြဟာ တစ္ျခားသူေတြထက္ IQ ပုိျမင့္တယ္လုိ႔လည္း ေလ့လာေတြ႔ရွိထားရပါတယ္။

Misophonia လကၡဏာျပင္းထန္လာတယ္ဆုိုရင္ေတာ့ အေပၚမွာအၾကံေပးထားသလို Ear-level device ေလးေတြသံုးေပးသင့္ပါတယ္။

Ref:Brightside/healthline

Unicode

တစ်ယောက်ယောက်ရဲ့ပီကေဝါးသံ၊ရေဘူးဖောက်သံ၊ဘောပင်အဖုံးတောက်လိုက်သံ၊တံခါးဖွင့်သံစသဖြင့် အပြုအမူတစ်ခုခုကိုလုပ်လိုက်တဲ့အသံသေးသေးလေးတွေက သင့်အတွက် နားညီးစရာ၊စိတ်အနှောင့်အယှက်ဖြစ်စရာအသံတွေလို့ခံစားနေရလား?တစ်နည်းအားဖြင့်ဆိုရမယ်ဆိုရင် အဲ့ဒီအသံတွေကြားရတာ မုန်းနေလား၊မကြားချင်ဘူးဖြစ်နေလားပေါ့။

အဲ့ဒီလိုအသံတွေကြားရတဲ့အခါ စိတ်ထဲမှာအနှောင့်အယှက်ဖြစ်သွားပြီး အဲ့လူကို အော်ချင်တဲ့စိတ်၊တစ်ခုခုပြောလိုက်ချင်တဲ့စိတ်မျိုးဖြစ်နေတယ်ဆိုရင် ဒါက misophonia လို့ခေါ်တဲ့ OCD တစ်မျိုးဖြစ်နေတာပါပဲ။

အသံတွေကိုမုန်းတဲ့ misophonia လက္ခဏာဟာ ပြင်းထန်လာပြီဆိုရင် မိသားစုုဝင်တွေကြား၊ချစ်သူတွေ၊သူငယ်ချင်းတွေကြားမှာ ပြဿနာတစ်ခုလိုဖြစ်လာနိုင်ပါတယ်။သူတို့ရဲ ့ပီကေဝါးသံ၊မုန့်ဝါးသံ၊မုန့်ဖောက်တဲ့သံစသဖြင့် အဲ့ဒီလိုအသံတွေကြားရတဲ့အခါ သင့်ဘက်က ရည်ရွယ်မထားတဲ့တုံ့ပြန်မှုတွေတောင်ဖြစ်လာနိုင်တယ်လို့ လေ့လာသူပညာရှင်တွေက ပြောထားပါတယ်။ဒီအသံတွေကြားတဲ့အခါ လူကပိုပြီးစိတ်တိုလာတယ်။စိတ်ဖိစီးမှုတွေမြင့်တက်လာတယ်။အပြောအဆိုတွေပါကြမ်းတမ်းလာတတ်ပါတယ်။

ဒါက ဘာလို့ဖြစ်တာလဲဆိုရင်် ဦးနှောက်ထဲက myelination ဆိုတဲ့ လုပ်ငန်းစဉ်ဆောင်ရွက်မှုအတိုင်းအတာက များပြားကျယ်ပြန့်နေပြီး တစ်ခြားသူတွေရဲ ့ဦးနှောက်တည်ဆောက်ပုံနဲ့ ခြားနားနေတဲ့အတွက်ကြောင့်ပါ။ဒီ Misophonia လက္ခဏာကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးခံစားရလေ့ရှိပါတယ်။

Misophonia လက္ခဏာဟာ ပြင်းထန်လာရင် ဘဝနေထိုင်မှုမှာပါပြဿနာအနည်းနဲ့အများဖြစ်လာနိုင်ပါတယ်။တစ်ချို့ဆိုရင် ခြေသံ၊ဇွန်းခရင်းချသံ၊မုန့်စားနေတဲ့အသံ၊အအေးသောက်တဲ့အသံစတဲ့ အသံတိုးတိုးလေးကအစ စိတ်အနှောင့်အယှက်ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ဒါဖြင့် ဒါကိုဘယ်လိုကုသရမလဲ?ကုုသရမယ့်နည်းလမ်းဆိုတာထက် ကာကွယ်တဲ့နည်းလမ်းလို့ပဲပြောရမှာပါပဲ။

နည်းလမ်းက ဘာလဲဆိုရင် အဲ့့ဒီအသံတွေကြားရလို့ စိတ်အနှောင့်အယှက်ဖြစ်လာတဲ့အခါ တစ်ခြားအသံတစ်ခုခုကိုအစားထိုးနားထောင်တာက စိတ်ဖိစီးမှုတွေ၊စိတ်အနှောင့်အယှက်ဖြစ်တာတွေမခံစားရတော့ပါဘူးတဲ့။ပညာရှင်တွေကတော့ ear-level devices လေးတွေသုံးဖို့အကြံပေးထားပါတယ်။သဘာဝရေစီးသံလေးတွေ၊မိုးရွာသံလေးတွေ၊ကျေးငှက်အော်သံလေးတွေစတဲ့သဘာဝဆန်တဲ့အသံလေးတွေပဲကြားရတဲ့ Ear-level Device သုံးပေးတာက ဒီ Misophonia ကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့နည်းလမ်းလို့ ပြောထားပါတယ်။

ဒါပေမဲ့ Misophonia ခံစားနေရသူတွေဟာ တစ်ဖက်ကကြည့့်မယ်ဆိုရင် ဖန်တီးတွေးခေါ်နိုင်စွမ်းကောင်းမွန်သူတွေဖြစ်တယ်လို့လည်းဆိုထားပါသေးတယ်။လေ့လာတွေ့ရှိချက်တွေအရ ဒီလို တစ်ခြားသူတွေရဲ ့လှုပ်ရှားမှုအသံတွေကို အာရုံစိုက်မိတယ်၊ဒီအသံတွေကြားရလို့စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာကိုက ဦးနှောက်က တစ်ခြားသူတွေထက်ပိုပြီးအလုပ်လုပ်တယ်၊တစ်ခြားသူတွေထက် ပတ်ဝန်းကျင်ကိုပိုပြီးအာရုံစူးစိုက်မိတယ်ဆိုတာ ပြသနေတာပဲလို့ သိရပါတယ်Misophonia ရှိသူတွေဟာ တစ်ခြားသူတွေထက် IQ ပိုမြင့်တယ်လို့လည်း လေ့လာတွေ့ရှိထားရပါတယ်။

Misophonia လက္ခဏာပြင်းထန်လာတယ်ဆိုုရင်တော့ အပေါ်မှာအကြံပေးထားသလို Ear-level device လေးတွေသုံးပေးသင့်ပါတယ်။

Ref:Brightside/healthline

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.