ယူတို့ရဲ့ အဆိုတော်မင်းသားချော Chanyeol နဲ့ပတ်သက်လို့ ဒါတွေသိပြီးပြီလား?
Ref:cleo/sbs
Unicode
ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် EXO အဖွဲ့ဝင် Rapper အဆိုတော်လေး Chanyeol နဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်ပြီးဝေမျှပေးသွားမှာဖြစ်ပါတယ်။အခုလတ်တလော ဆိုရှယ်မီဒီယာတွေထက်မှာရေပန်းစားနေတဲ့ ‘Memories of the Alhambra’ ဇာတ်လမ်းတွဲမှာ ပါဝင််ထားတဲ့ အဆိုတော်မင်းသား Park Chanyeol မှာ ပရိသတ်တွေမသိသေးတဲ့ဒီလိုအကြောင်းအရာလေးတွေရှိနေပါတယ်။သူ့ရဲ ့ပရိသတ်မှန်ရင် သိထားသင့်တယ်နော်။ဘာတွေလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်
*EXO ထဲမှာ အရပ်အရှည်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chanyeol ရဲ ့အကြိုက်ဆုံးရုပ်ရှင်ကားက ဘာလဲဆိုရင် Jack Black ရဲ ့School of Rock ဇာတ်ကားပါတဲ့
*နောက်တစ်ခုပရိသတ်တွေမသိသေးတာကတော့ EXO ရဲ ့သင်္ကေတ hexagon logo ကို ပထဆုံးစဖန်တီးဒီဇိုင်းဆွဲခဲ့တာက Chanyeol ပဲဖြစ်ပါတယ်။
*Chanyeol ဟာ သူ့ရဲ ့သွားတွေကို ဂရုစိုက်ရတာ ကြိုက်ပါသတဲ့။တစ်နေ့ကို သုံးကြိမ်သွားတိုက်ပြီး တစ်ခါတိုက်တိုင်း သုံးမိနစ်တောင်ကြာတယ်လို့သိရပါတယ်။
*သူ့မှာအသက်သုံးနှစ်ကြီးတဲ့အစ်မတစ်ယောက်ရှိပြီး အစ်မဖြစ်သူ ဘယ်လောက်ချောကြောင်းလှကြောင်းကိုလည်း အမြဲတမ်းပြောနေတတ်သူတစ်ယောက်ပါတဲ့။အစ်မကိုဘယ်လိုတောင်ချစ်တတ်တာလဲ
*ယူတို့ရဲ ့Park Chanyeol လေးက Dara ကို အရမ်းသဘောကျတယ်လို့လည်းသိရပါတယ်။သူမအနားရောက်ပြီဆိုရင် စိတ်လှုပ်ရှားနေတတ်ပါတယ်တဲ့။
*Chanyeol ဟာ Rilakkuma အရုပ်လေးတွေကိုလည်း တအားသဘောကျပါတယ်တဲ့။သူ့ရဲ့အိပ်ခန်းမှာ Rilakkuma အရုပ်လေးတွေ တန်းစီထားတာကို တစ်ချို့ပရိသတ်တွေမြင်ဖူးကြမှာပါ။
*EXO အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးအဖွဲ့ဝင်ဖြစ်သလို 1.85 m ရှိတဲ့သူဟာ SM Entertainment ရဲ့အရပ်အရှည်ဆုံးသူတွေထဲမှာ တစ်ယောက်အပါအဝင်လည်းဖြစ်ပါသေးတယ်။
*Rap စကေးတစ်ခုတည်းရလားဆိုတော့မဟုတ်ပြန်ပါဘူး။Chanyeol ဟာ စန္ဒယား၊ဂစ်တာ၊ဘေ့စ်၊ဒရမ်တွေလည်းတီးတတ်ပါသေးတယ်တဲ့။တစ်ခါတစ်လေဖျော်ဖြေမှုတွေမှာ သူ့ရဲ ့စကေးတွေကို ပြလေ့ရှိပါတယ်။
*အဖွဲ့ဝင်သူငယ်ချင်းဖြစ်တဲ့ D.O ရဲ့ပြောပြချက်အရ Chanyeol က အစားအသောက်မက်တဲ့ foodie လေးတစ်ယောက်ပါတဲ့။ဒါပေမဲ့ အစပ်တော့မစားနိုင်ဘူးလို့သိရပါတယ်။
*သူအကြိုက််ဆုံးရေမွှေးကတော့ Byredo ရဲ ့Blanche ပဲဖြစ်ပါတယ်။သူ့မွေးနေ့တစ်နှစ်မှာ ပရိသတ်တစ်ယောက်ကို ဒီရေမွှေးလက်ဆောင်ပေးခဲ့ဖူးတယ်လို့သိရပါတယ်။
*Chanyeol က သူငယ်ငယ်တုန်းက သူ့ရဲ့နားရွက်တွေနဲ့ပတ်သက်ပြီးအားငယ်ခဲ့ဖူးပါတယ်တဲ့။ဘာလို့လဲဆိုတော့ သူ့ရဲ့နားရွက်လေးတွေကချွန်ချွန်လေးတွေဖြစ်နေလို့ပါ။ဒါပေမဲ့ နောက်တော့ အဲ့ဒီလိုချွန်ချွန်လေးဖြစ်နေတာကိုက သူ့ကိုချစ်စရာကောင်းစေတဲ့အချက်ပဲလို့ တွေးထားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။
ဒီလောက်ဆို Chanyeol ကိုချစ်တဲ့ ပရိသတ်ကြီးလည်း စိတ်ကျေနပ်မယ်ထင်ပါတယ်နော် 💗
Ref:cleo/sbs
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.