ဘ၀မွာခံရေပါင္းမ်ားလာတဲ႔သူေတြက မာနပိုျကီးသြားတတ္ျကတယ္…

မာနျကီးတဲ႔သူေတြရဲ႕ေနာက္ကြယ္မွာ ျပင္းထန္တဲ႔စိတ္ခံစားမႈေတြရွိေနတတ္တယ္ဆုိတာကို တစ္ခ်ိဳ႕သူေတြက မသိျကပါဘူး။ တကယ္ေတာ႔ သူမ်ားထက္ပိုျပီး မာနျကီးတဲ႔သူေတြရဲ႕ဘ၀ဟာ အခက္ခဲေတာ္ေတာ္မ်ားမ်ားအျကပ္အတည္းေတာ္ေတာ္မ်ားမ်ားနဲ႕ လူေတာ္ေတာ္မ်ားမာ်းရဲ႕ဖိနွိပ္ေျပာဆိုမႈဒဏ္ကို ခံလာရလုိ႕ပဲျဖစ္ပါတယ္။ မာနျကီးတယ္ဆိုတာ ဘ၀ျမင္႔တာမဟုတ္ဘူးေနာ္။ ကိုယ္႔ကိုယ္ကိုယ္ေလးစားတဲ႔မာန ကိုယ္႔အားကိုယ္ကိုယ္ခ်င္ျပီးသူမ်ားအေျပာဆို မခံတတ္တဲ႔မာနမ်ိဳးပါ။

သူတို႕ဘ၀ရဲ႕အစိတ္အပိုင္းတစ္ခ်ိဳ႕မွာ ဖိနွိပ္ညင္းပန္းေျပာဆိုခံလာရပါမ်ားေတာ႔ သိပ္ကိုနာတတ္လာတယ္။ တစ္ခုခုကို အေျပာပဲခံေနရေတာ႔ ငါပိုလုပ္မွရတယ္ဆုိတဲ႔အသိ၀င္လာတယ္။ တစ္ခ်ိန္ဒီလိုလူေတြ ရဲ႕အေပၚမွာေနနိုင္ရမဲ႔ဆိုတဲ႔ စိတ္ေတြျပင္းထန္လာတယ္။ ဒါေျကာင္႔လည္း ေတာ္ရံုအေကာင္းေျပာရင္ေတာင္ နွိမ္ေနတယ္ လုိ႕ပဲ သံယစိတ္ျကီးေတြနဲ႕အထင္လြဲတတ္ျကတယ္။

စိတ္ပိုင္းဆိုင္ရာ ဖိနွိပ္ ကဲ႔ရဲ႕ရံႈ႕ခ်မႈကို ခံစားရတဲ႔သူတစ္ေယာက္ရဲ႕စိတ္ဟာ သိမ္ငယ္ေနတာေတာ႔အမွန္ပါပဲ။ ဒါေျကာင္႔ မာနျကီးျကတဲ႔သူေတြရဲ႕ ရင္ထဲမွာ မ်ားစြာေသာမခံခ်င္စိတ္ေတြ မ်ားစြာေသာ ဒဏ္ရာဒဏ္ခ်က္ေတြ ရွိေနတတ္တယ္ဆိုတာ သင္သိပါေစ…

Unicode

မာနကြီးတဲ့သူတွေရဲ့နောက်ကွယ်မှာ ပြင်းထန်တဲ့စိတ်ခံစားမှုတွေရှိနေတတ်တယ်ဆိုတာကို တစ်ချို့သူတွေက မသိကြပါဘူး။ တကယ်တော့ သူများထက်ပိုပြီး မာနကြီးတဲ့သူတွေရဲ့ဘဝဟာ အခက်ခဲတော်တော်များများအကြပ်အတည်းတော်တော်များများနဲ့ လူတော်တော်များမာျးရဲ့ဖိနှိပ်ပြောဆိုမှုဒဏ်ကို ခံလာရလို့ပဲဖြစ်ပါတယ်။ မာနကြီးတယ်ဆိုတာ ဘဝမြင့်တာမဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့မာန ကိုယ့်အားကိုယ်ကိုယ်ချင်ပြီးသူများအပြောဆို မခံတတ်တဲ့မာနမျိုးပါ။

သူတို့ဘဝရဲ့အစိတ်အပိုင်းတစ်ချို့မှာ ဖိနှိပ်ညင်းပန်းပြောဆိုခံလာရပါများတော့ သိပ်ကိုနာတတ်လာတယ်။ တစ်ခုခုကို အပြောပဲခံနေရတော့ ငါပိုလုပ်မှရတယ်ဆိုတဲ့အသိဝင်လာတယ်။ တစ်ချိန်ဒီလိုလူတွေ ရဲ့အပေါ်မှာနေနိုင်ရမဲ့ဆိုတဲ့ စိတ်တွေပြင်းထန်လာတယ်။ ဒါကြောင့်လည်း တော်ရုံအကောင်းပြောရင်တောင် နှိမ်နေတယ် လို့ပဲ သံယစိတ်ကြီးတွေနဲ့အထင်လွဲတတ်ကြတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ကဲ့ရဲ့ရှုံ့ချမှုကို ခံစားရတဲ့သူတစ်ယောက်ရဲ့စိတ်ဟာ သိမ်ငယ်နေတာတော့အမှန်ပါပဲ။ ဒါကြောင့် မာနကြီးကြတဲ့သူတွေရဲ့ ရင်ထဲမှာ များစွာသောမခံချင်စိတ်တွေ များစွာသော ဒဏ်ရာဒဏ်ချက်တွေ ရှိနေတတ်တယ်ဆိုတာ သင်သိပါစေ…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.