အသက်ရှုမှားလောက်တဲ့ ဘောလုံးကျွမ်းကျင်မှု၊ လိုချင်သလောက်ရနိုင်နေတဲ့ ငွေရပေါက်ရလမ်းများနဲ့အတူ လှပ လွန်းတဲ့ ဇနီးသည်တစ်ယောက်ပိုင်ဆိုင်ထားတဲ့ လီယွန်နယ်မက်ဆီအတွက် ဒီနှစ်ခရစ္စမတ်ကာလဟာ ပြစ်မျိုးမှဲ့မ ထင်တဲ့အချိန်အပိုင်းအခြားလို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့်လည်း မက်ဆီဟာ ဗျူးနော့စ်အဲရက်စ်မြို့မှာရှိတဲ့ ပြန် လည်ထူထောင်ရေးစင်တာမှာ ဒဏ်ရာပျောက်ကင်းသက်သာဖို့အတွက် လာရောက်နေတာဖြစ်ပြီး ဒီဒဏ်ရာများ ကြောင့်ပဲ ဘာစီလိုနာအသင်းအတွက် မကစားပေးနိုင်ခဲ့တာ အတော်ကြားခဲ့ပါပြီ။ သူမကစားနိုင်တဲ့အချိန်မှာ ဘ ရာဇီးလ်သားနေမာကတော့ ဘာစီလိုနာအတွက် အထူးခြေစွမ်းပြနေကာ ဆောင်းရာသီအားလပ်ရက်အတွင်း အ မှတ်ပေးဇယားထိပ်ဆုံးကရပ်တည်နိုင်အောင် ကူညီပေးလျက်ရှိပါတယ်။
မက်ဆီဒဏ်ရာပြန်လည်သက်သာလာမယ့်အချိန်နဲ့ ချိန်ထိုးကြည့်လိုက်မယ်ဆိုရင်တော့ ဇန်န၀ါရီ(၅)ရက်မှာ အဲလ် ချီနဲ့ ကစားရမယ့်အိမ်ကွင်းပွဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းမှာ မန်စီးတီးနဲ့ကစားရမယ့် ချန်ပီယံ လိဂ်(၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်ပထမအကျော့အမီ ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ ဇန်န ၀ါရီလအတွင်းမှာပဲ ဖီဖာရွှေဘောလုံးဆုရှင်ဘယ်သူဖြစ်မလဲဆိုတာ ကြေညာမှာဖြစ်တာကြောင့် မက်ဆီအတွက် မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ ဇန်န၀ါရီလို့ ဆိုရတော့မှာဖြစ်ပါတယ်။