ကလေးကောင်းကောင်းမအိပ်လို့ အလုပ်ပျက်၊အိပ်ရေးပျက်နေရတဲ့ မိဘတွေအတွက် နည်းလမ်းကောင်းများ
Ref:Brightside
Unicode
ချစ်စရာကောင်းလှတဲ့ရင်သွေးလေးပိုင်ဆိုင်ရတယ်ဆိုတာ ဆုထူးတစ်ခုပါပဲ။မိဘတွေဖြစ်လာပြီဆိုရင် ကြည်နူးသာယာစရာအခိုက်အတန့်လေးတွေရလာနိုင်သလို တစ်ခါတစ်လေမှာတော့ မိဘတိုင်းကြုံတွေ့ရတတ်တဲ့အခက်အခဲလေးတွေရှိလာတာပါပဲ။အထူးသဖြင့် ကလေးငယ်လေး ညဘက်ကောင်းကောင်းမအိပ်တဲ့အခါ မိဘတွေလည်းမအိပ်ရပါဘူး။ကလေးကောင်းကောင်းအိပ်တယ်ဆိုရင် မိဘတွေအနေနဲ့ အချိန်ပိုလည်းထွက်လာသလို အလုပ်တွေလည်းကောင်းကောင်းလုပ်နိုင်ပါတယ်။ဒါကြောင့် မိဘတွေအတွက် ကလေးကောင်းကောင်းအိပ်ပျော်စေမယ့်နည်းလေးတွေကို ပြန်ပြီးမျှဝေပေးချင်ပါတယ်။
*ကလေးကိုညဘက်ရေချိုးပေးတဲ့အခါ ရေနွေးနွေးလေးနဲ့ချိုးပေးပါ
ရေနွေးလေးနဲ့စပ်ပြီး ချိုးပေးမယ်ဆိုရင် လူကြီးတွေတောင် ကောင်းကောင်းအိပ်ပျော်ပါတယ်။ဒီတော့ သင့်ကလေးငယ်ကို ညနေခင်း၊ညဘက်ရေချိုးပေးတော့မယ်ဆိုရင် ရေနွေးလေးနဲ့စပ်ပြီးချိုးပေးပါ။ဒါက ကလေးကို ညဘက်ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်။
*ရင်သွေးကိုနို့တိုက်ကျွေးနေတုန်းဆို ကဖိန်းဓာတ်ပါတာတွေမသောက်ပါနဲ့
ရင်သွေးကိုနို့တိုက်ကျွေးနေတဲ့အချိန် ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ဆိုဒါ၊လက်ဖက်ရည်တွေသောက်တာမျိုးက ကလေးအပေါ်လည်းသက်ရောက်မှုရှိစေပါတယ်။ကော်ဖီကို သုံးခွက်ထက်ပိုသောက်မယ်ဆိုရင် ကလေးကညဘက်လည်းကောင်းကောင်းမအိပ်တော့ပါဘူး။ဒါကြောင့် ကလေးနို့တိုက်နေဆဲဆိုရင် ကော်ဖီလက်ဖက်ရည်တွေဖြတ်ထားပါ။
*သီးသန့်အိပ်စင်လေးနဲ့သိပ်ပါ
ပထမဆုံး ၆လအတွင်း ကလေးငယ်လေးတွေကိုသီးသန့်အိပ်စင်လေးနဲ့သိပ်ပေးတာဟာ သူတို့အတွက် ကောင်းမွန်တဲ့အိပ်စက်မှုမျိုးပေးစွမ်းနိုင်ပါတယ်။ကလေးအတွက်လုံခြုံမှုရှိသလို ကိုယ်နဲ့အနီးဆုံးမှာထားနိုင်လို့စိတ်မချစရာလည်းမရှိပါဘူး။
*ကလေးသိပ်ခါနီးရင် တီဗီ၊ဖုန်းနဲ့ဝေးဝေးကိုထားပါ
ကလေးစိတ်ဝင်စားအောင်၊ကလေးငြိမ်အောင်ဆိုပြီး ဖုန်းပေးထားတာ၊တီဗီရှေ့မှာကာတွန်းကားလေးဖွင့်ပြထားတာမျိုးကို ညအိပ်ခါနီးမလုပ်မိပါစေနဲ့။လေ့လာချက်တွေအရ ဖုန်းတွေ၊တီဗီမျက်နှာပြင်တွေကို ကလေးက ထိတွေ့ကစားတဲ့အခါ အိပ်ပျော်ဖို့လည်းခက်ခဲတယ်လို့တွေ့ရပါတယ်။ဒါကြောင့်
မအိပ်ခင် ၁နာရီ၊၂နာရီအလိုတည်းက Electronic ပစ္စည်းတွေနဲ့ ဝေးဝေးထားပါ။
*ကလေးသိပ်နေတဲ့အချိန် မျက်လုံးချင်းဆုံမကြည့်ပါနဲ့
ကလေးတွေဟာ စကားမပြောတတ်ခင် မျက်လုံးချင်းဆုံပြီး လူတွေကိုမှတ်မိအောင်ကြိုးစားပါတယ်။ဒီလိုမျက်လုံးချင်းဆုံပြီးစကားတွေပြောနေတဲ့အခါ ကလေးရဲ ့နှလုံးခုန်သံကိုမြန်စေတဲ့ဟော်မုန်းတွေထွက်လာတတ်ပါတယ်။ဒါက သင့်ကလေးအိပ်ပျော်ဖို့ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ကလေးနဲ့မျက်လုံးချင်းဆုံပြီး စကားတွေပြောနေတဲ့အခါ ကလေးကလည်းမအိပ်တော့ပဲ သင့်ကိုပဲကြည့်နေပါလိမ့်မယ်။ဒါကြောင့် ကလေးကိုအိပ်ပျော်စေချင်ရင် သိပ်နေတုန်း မျက်လုံးချင်းမဆုံပါနဲ့။
*ကလေးအစားစားရမယ့်အချိန် နှိုးဖို့မမေ့ပါနဲ့
တစ်ချို့မိဘတွေက ကလေးအိပ်နေတုန်းမနှိုးရဘူးလို့ပြောတာကြားဖူးကြမှာပါ။ဒါပေမဲ့ ကလေးက သူအစားစားရမယ့်အချိန်ထက်ကျော်ပြီးအိပ်နေရင်အဆင်မပြေပါဘူး။ဒါကြောင့် ကလေးအစားစားဖို့အချိန်ရောက်ပြီဆို အိပ်နေလည်း နှိုးပြီး နို့တိုက်ပါ။အားဖြည့်စာကျွေးပါ။ဒါက ကလေးအတွက်
ညဘက်အိပ်ချိန်လည်းမှန်စေလို့ အဆင်ပြေပါတယ်။
ဒီနည်းလေးတွေက သင့်ရဲ ့ကလေးငယ်ကိုကောင်းကောင်းအိပ်ပျော်စေမှာပါ။
Ref:Brightside
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.