ၾသစေတးလ်မွာ ဒိတ္လုပ္ခဲ႔ၾကတဲ႔ Shin Min Ah နဲ႔ Kim Woo Bin တုိ႔စံုတြဲ

ေတာင္ကုိရီးယားမင္းသားေခ်ာ Kim Woo Bin ဟာ က်န္းမာေရးမေကာင္းလုိ႔ေဆးကုသမႈခံယူေနရဆဲျဖစ္ေပမဲ႔ အေျခအေနျပန္လည္ေကာင္းမြန္လာျပီဆုိတဲ႔သတင္းေတြ မီဒီယာေတြထက္မွာပ်ံ႔ႏွံ႔ခဲ႔တာ ပရိသတ္ေတြလည္းျမင္ေတြ႔ၾကမွာပါ။

ေဆးကုသမႈခံယူေနခိ်န္မွာလည္း ခ်စ္သူ၊သူငယ္ခ်င္းေတြနဲ႔အဆက္အသြယ္မျပတ္ခဲ႔ပါဘူး။၂၀၁၈ မကုန္ခင္လပုိင္းေလာက္ကပဲ Kim Woo Bin ဟာ သူငယ္ခ်င္းျဖစ္တဲ႔ Lee Jong Suk နဲ႔ခရီးအတူထြက္ခဲ႔ၾကေသးတယ္လုိ႔သိရပါတယ္။

ပရိသတ္ေတြခ်စ္ၾကတဲ႔မင္းသမီးေခ်ာ Shin Min Ah ဟာလည္း ေနမေကာင္းတဲ႔ခ်စ္သူ Woo Bin ကုိ အျမဲအခ်ိန္ေပးေနသူတစ္ေယာက္ပါ။သူတုိ႔ရဲ႔ခ်စ္သူသက္တမ္းက ၂၀၁၅ ဇူလုိင္လကစလုိ႔ အခုဆုိရင္ ေလးႏွစ္နီးပါးရွိေနပါျပီ။

ပရိသတ္ေတြအားက်ခ်စ္ခင္ရတဲ႔ Kim Woo Binနဲ႔ Shin Min Ah တုိ႔စံုတြဲေလးဟာ ဇန္န၀ါရီ ၁ရက္ေန႔က ၾသစေတးလ်မွာ ႏွစ္ေယာက္အတူရွိေနခဲ႔ၾကတယ္လုိ႔သိရပါတယ္။ၾသစေတးလ်ကုိ ခရီးအတူထြက္ခဲ႔ၾကတာျဖစ္ျပီး ႏွစ္ေယာက္သားေန႔လည္စာအတူစားလုိ႔ေပ်ာ္ရႊင္ေနၾကတဲ႔ပံုရိပ္ေလးေတြမီဒီယာထက္မွာ ပ်ံ႔ႏွံ႔လာခဲ႔တာျဖစ္ပါတယ္။ဒီပံုေလးေတြကုိ ျမင္ရတဲ႔ပရိသတ္ေတြကလည္း ၾကည္ႏူး၀မ္းသာေနၾကတယ္လုိ႔သိပါတယ္။

အခုလက္ရွိမွာ Kim Woo Bin က ဇာတ္လမ္းတြဲရုိက္ကူးမႈေတြမရွိေပမဲ႔ ခ်စ္သူ Shin Min Ah ကေတာ့ “Diva” ဆုိတဲ႔ဇာတ္ကားသစ္မွာပါ၀င္ထားျပီးဒီႏွစ္အေစာပိုင္းကာလမွာ ထုိဇာတ္ကားထြက္ရွိလာမွာျဖစ္တယ္လုိ႔သိရပါတယ္။ခ်စ္သူႏွစ္ေယာက္အတူရွိၾကတဲ႔ပံုေလးေတြ မေတြ႔တာၾကာျပီျဖစ္တဲ႔ပရိသတ္ေတြအတြက္ သူတုိ႔စံုတြဲပံုေလးေတြကုိ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

Source:Allkop

Unicode

တောင်ကိုရီးယားမင်းသားချော Kim Woo Bin ဟာ ကျန်းမာရေးမကောင်းလို့ဆေးကုသမှုခံယူနေရဆဲဖြစ်ပေမဲ့ အခြေအနေပြန်လည်ကောင်းမွန်လာပြီဆိုတဲ့သတင်းတွေ မီဒီယာတွေထက်မှာပျံ့နှံ့ခဲ့တာ ပရိသတ်တွေလည်းမြင်တွေ့ကြမှာပါ။

ဆေးကုသမှုခံယူနေချိန်မှာလည်း ချစ်သူ၊သူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ခဲ့ပါဘူး။၂၀၁၈ မကုန်ခင်လပိုင်းလောက်ကပဲ Kim Woo Bin ဟာ သူငယ်ချင်းဖြစ်တဲ့ Lee Jong Suk နဲ့ခရီးအတူထွက်ခဲ့ကြသေးတယ်လို့သိရပါတယ်။

ပရိသတ်တွေချစ်ကြတဲ့မင်းသမီးချော Shin Min Ah ဟာလည်း နေမကောင်းတဲ့ချစ်သူ Woo Bin ကို အမြဲအချိန်ပေးနေသူတစ်ယောက်ပါ။သူတို့ရဲ့ချစ်သူသက်တမ်းက ၂၀၁၅ ဇူလိုင်လကစလို့ အခုဆိုရင် လေးနှစ်နီးပါးရှိနေပါပြီ။

ပရိသတ်တွေအားကျချစ်ခင်ရတဲ့ Kim Woo Binနဲ့ Shin Min Ah တို့စုံတွဲလေးဟာ ဇန်နဝါရီ ၁ရက်နေ့က သြစတေးလျမှာ နှစ်ယောက်အတူရှိနေခဲ့ကြတယ်လို့သိရပါတယ်။သြစတေးလျကို ခရီးအတူထွက်ခဲ့ကြတာဖြစ်ပြီး နှစ်ယောက်သားနေ့လည်စာအတူစားလို့ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေမီဒီယာထက်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ဒီပုံလေးတွေကို မြင်ရတဲ့ပရိသတ်တွေကလည်း ကြည်နူးဝမ်းသာနေကြတယ်လို့သိပါတယ်။

အခုလက်ရှိမှာ Kim Woo Bin က ဇာတ်လမ်းတွဲရိုက်ကူးမှုတွေမရှိပေမဲ့ ချစ်သူ Shin Min Ah ကတော့ “Diva” ဆိုတဲ့ဇာတ်ကားသစ်မှာပါဝင်ထားပြီးဒီနှစ်အစောပိုင်းကာလမှာ ထိုဇာတ်ကားထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။ချစ်သူနှစ်ယောက်အတူရှိကြတဲ့ပုံလေးတွေ မတွေ့တာကြာပြီဖြစ်တဲ့ပရိသတ်တွေအတွက် သူတို့စုံတွဲပုံလေးတွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Source:Allkop

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.