တကယ်ကံကောင်းတဲ့မိန်းကလေးဆိုတာ….



ယောကျာ်းတစ်ယောက်အတွက် ထက်မြတ်ပြီး ဘ၀တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့မိန်းကလေးမျိုးရထားရင်ကံကောင်းသလို မိန်းကလေးတစ်ယောက်ရဲ့ဘ၀အတွက်လည်း နုံအတာမျိုးမဟုတ်ပဲ ဖြောင့်မတ်ရိုးသားတဲ့ ယောက်ျားနဲ့ချစ်ခွင့်ရတာပါပဲ…

Unicode

လူတိုင်းကတော့ ဘဝမှာ အကောင်းဆုံးအပြည့်စုံဆုံးဆိုတဲ့အရာတွေလိုချင်တတ်ကြတာကြီးပါပဲ။ ဒါပင်မဲ့သူ့ကံနဲ့သူဆိုတာရှိသေးတယ်မလား…လူတိုင်းကကိုယ်ပိုင်ဆိုင်ထားတဲ့ ကံတရားနဲ့ဘဝကို တင်းတိမ်ရောင်ရဲနိုင်ရင် စိတ်ဆင်းရဲ့စရာတွေဆိုတာမရှိသလောက်ရှားသွားမှားပါ…ကဲ ထားပါ အခုပြောပြချင်တာက မိန်းကလေးတစ်ယောက်ရဲ့ ဘဝပေးကံကောင်းမှုမကောင်းမှုဆိုတာ သူနဲ့ပတ်သတ်တဲ့ အမျိုးသားအပေါ်မှာလည်းအများကြီးမူတည်ပါတယ်။

ချမ်းသာတဲ့အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့အမျိုးသမီးဟာ လူချမ်းသာမယ် ၊ ဒါနဲ့ပြည့်စုံသွားပြီထင်လား …သိပ်ကိုသဘောကောင်းတဲ့အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့အမျိုးသမီးဟာ အပေါင်းသင်းတွေကြား မျက်နှာပွင့်မယ် ဒါနဲ့တင်သူမကံကောင်းပြီလား…ဒါတွေကမလိုအပ်ဘူးလို့မပြောပါဘူး ငွေကြေးလည်းလိုအပ်သလိုသဘောမနောကောင်းရင်လည်းသိပ်ပြည့်စုံတာပေါ့ ။ ဒါပင်မဲ့ တကယ်တမ်းကံကောင်းတယ်ဆိုတာ သိပ်ထက်မြတ်တဲ့မိန်းမကို ပိုင်ဆိုင်ထားရတဲ့ အမျိုးသားနဲ့ သိပ်ရိုးသားဖြောင့်မတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားရတဲ့ မိန်းကလေးတွေပါ။

ယောကျား်တစ်ယောက်အတွက် ထက်မြတ်ပြီး ဘဝတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့မိန်းကလေးမျိုးရထားရင်ကံကောင်းသလို မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက်လည်း နုံအတာမျိုးမဟုတ်ပဲ ဖြောင့်မတ်ရိုးသားတဲ့ ယောကျ်ားနဲ့ချစ်ခွင့်ရတာပါပဲ…

207 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.