မင်းသမီးချော Lee Sun Bin ရဲ့ ဒီလိုအပြောလေးတွေအောက်မှာ ကြွေကျသွားပုံရတဲ့ Lee Kwang Soo
ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဒိတ်သတင်းလေးကတော့ သစ်ကုလားအုတ်လို့ချစ်စနိုးခေါ်ကြတဲ့ မင်းသား Lee kwang Soo နဲ့ မင်းသမီးချော Lee Sun Bin တို့စုံတွဲရဲ့ သတင်းလေးပဲဖြစ်ပါတယ်။ကမ္ဘာတစ်လွှားမှာ Running Man ပရိသတ်တွေအများအပြားရှိတဲ့အတွက် Asia Prince တစ်ယောက် ချစ်သူရသွားတဲ့ကိစ္စဟာ ၂၀၁၈ မကုန်ခင်အချိန်လေးမှာပဲ ပရိသတ်တွေကြားထဲ အပြောအများဆုံးဖြစ်လာခဲ့ပါတယ်။
ဇူလိုင်လတု
Source:Allkpop/Soompi
Unicode
ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဒိတ်သတင်းလေးကတော့ သစ်ကုလားအုတ်လိုု့ချစ်စနိုးခေါ်ကြတဲ့ မင်းသား Lee kwang Soo နဲ့ မင်းသမီးချော Lee Sun Bin တို့စုံတွဲရဲ ့သတင်းလေးပဲဖြစ်ပါတယ်။ကမ္ဘာတစ်လွှားမှာ Running Man ပရိသတ်တွေအများအပြားရှိတဲ့အတွက် Asian Prince တစ်ယောက် ချစ်သူရသွားတဲ့ကိစ္စဟာ ၂၀၁၈ မကုန်ခင်အချိန်လေးမှာပဲ ပရိသတ်တွေကြားထဲ အပြောအများဆုံးဖြစ်လာခဲ့ပါတယ်။
အသက် ၃၃နှစ်အရွယ်လူပျိုကြီး Kwang Soo တစ်ယောက် အသက် ၂၄နှစ်အရွယ်မင်းသမီးချောလေး Lee Sun Bin နဲ့ချစ်သူတွေဖြစ်နေတာငါးလလောက်ရှိပါပြီတဲ့။ဒီကြားထဲမှာဘယ်လိုဆက်စပ်မှုသတင်းမှမရှိခဲ့ပေမဲ့ အခုလိုဒိတ်သတင်းထွက်လာတဲ့အချိန်မှာတော့ ပြန်ပြီးတွေးတောဆက်စပ်စရာတွေရှိလာပါတယ်။
ဘယ်လိုဆက်စပ်တွေးတောစရာတွေလဲဆိုရင် မင်းသမီးချော Lee Sun Bin ဟာ ၂၀၁၆ သြဂုတ်လ ၃၁ရက်နေ့တုန်းက ပါဝင်ခဲ့တဲ့ Radio Star မှာ Lee Kwang Soo ဟာ သူမရဲ ့ Ideal type ဖြစ်ကြောင်း “ကျွန်မက အရမ်း Active ဖြစ်တဲ့လူမျိုးနဲ့ဒိတ်ချင်တာ။အဲ့ဒါကြောင့် Lee Kwang Soo ရဲ ့ပုံစံမျိုးက ကျွန်မနဲ့အလိုက်ဖက်ဆုံးဖြစ်မယ်လို့ထင်တယ်”ဆိုပြီးပြောခဲ့ဖူးပါတယ်။စက်တင်ဘာလတုန်းက Running Man အစီအစဉ်မှာ ဧည့်သည်ကစားသူအဖြစ်ပါဝင်ခဲ့တုန်းကလည်း Lee Kwang Soo ကိုသဘောကျကြောင်းထပ်ပြောခဲ့ဖူးပါတယ်။အောက်တိုဘာ လတုန်းကလည်းတစ်ဖန် Kim Chang Yeol’s Old School’အစီအစဉ်မှာ “သူက အရမ်းရယ်ရတယ်။ပြီးတော့ သူက တကယ့်လက်တွေ့အပြင်မှာတော့ တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းပဲနေတတ်တဲ့သူလို့ ကျွန်မကြားဖူးတယ်။ဒါပေမဲ့ အဲ့ဒါကိုလည်း ကျွန်မသဘောကျပါတယ်။ကျွန်မက သူ့ရဲ ့ပရိသတ်စစ်စစ်ပါ”ဆိုပြီးပြောခဲ့ဖူးပါတယ်။
ဇူလိုင်လတုန်းကလည်း Running Man မှာဧည့်သည်အဖြစ် တစ်ခါထပ်ပြီးပါဝင်ခဲ့ပါတယ်။အဲ့ဒီမှာ Yoo Jae Suk က Lee Kwang Soo အပေါ် အရင်လိုသဘောကျတုန်းလား၊ခံစားချက်တွေကျန်နေသေးလားဆိုပြီးမေးခဲ့ပါတယ်။သူမက ချက်ချင်းပဲ သေချာတာပေါ့။အရင်လိုသဘောကျတုန်းပဲလို့
ထပ်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့ကတော့ နှစ်ယောက်သားက ဒိတ်နေတာ ငါးလနီးပါးရှိပြီလို့ ပြောလာကြပါတယ်။ဒါကို Kwang Soo ရဲ ့အေဂျင်စီ Kingkong အင်တာတိန်းမန့်က အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အခုဆိုရင် သူတို့နှုစ်ယောက်ဟာ နှစ်ဖက်အသိုင်းအဝိုင်းမိတ်ဆွေ
တွေကိုအပြန်အလှန်မိတ်ဆက်ပေးနေကြပြီလို့သိရပါတယ်။
ဒီ Relationship လေးနဲ့ပတ်သက်လို့ RM အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ji Suk Jin က “Lee Kwang Soo ဟာ တကယ်အကျင့်စာရိတ္တ၊အမူအကျင့်ပြောစရာမရှိအောင်ပြည့်စုံတဲ့သူတစ်ယောက်ပါ။ပြီးတော့ ကျွန်တော် Lee Sun Bin နဲ့သိပ်မရင်းနှီးပေမဲ့ သူမကလည်း တကယ်လူကောင်းတစ်ယောက်ဖြစ်မယ်လို့ခံစားရပါတယ်။သူတို့အတွက်ဝမ်းသာပါတယ်”လို့ ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
Congratulations to the perfect couple! 💗
Source:Allkpop/Soompi
5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.