ပရိသတ်တွေလုံးဝမထင်မှတ်ထားတဲ့ 2019 ရဲ့ ပထမဆုံး အနုပညာရှင်စုံတွဲလေး
Unicode
ကဲ ပရိသတ်ကြီးရေ ၂၀၁၉ နှစ်စမှာတော့ အနုပညာရှင်စုံတွဲတစ်တွဲထွက်ပေါ်လာပါပြီ။
ဘယ်သူတွေလဲဆိုရင် နှုတ်ခမ်းနီမလေးတွေကြားအသည်းစွဲအဆိုတော်တစ်လက်ဖြစ်တဲ့ EXO အဖွဲ့ဝင် Kai နဲ့ ယောကျာ်းလေးပရိသတ်တွေရဲ ့အသည်းနှလုံး BLACKPINK အဖွဲ့ဝင် Jennie တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဒိတ်နေကြပါပြီတဲ့။
ဒီသတင်းကို ဇန်နဝါရီ ၁ရက်နေ့က EXO ရဲ့အေဂျင်စီ SM Entertainment ကနေ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကြလို့ဒိတ်နေကြပြီဆိုတဲ့အကြောင်း တရားဝင်အတည်ပြုကြေညာခဲ့တာပဲဖြစ်ပါတယ်။
အတည်ပြုမကြေညာခင်ရက်ပိုင်းက Dispatch ကနေ သူတို့စုံတွဲဟာ နိုဝင်ဘာလတုန်းက နှစ်ယောက်သားလျှောက်လည်ခဲ့ကြတဲ့ပုံလေးတွေကို ချပြခဲ့ပါတယ်။သူတို့စုံတွဲဒိတ်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ သေချာမသိရသေးပါဘူး။တစ်ချို့ပရိသတ်တွေက သူတို့အိုင်ဒေါလ်နှစ်ယောက် ချစ်သူရသွားလို့ ဝမ်းနည်းဝမ်းသာဖြစ်နေကြသလို ပရိသတ်အများစုကလည်း မထင်မှတ်ထားတဲ့သတင်းကိုကြားလိုက်ရလို့ အံ့သြဝမ်း်သာဝမ်းနည်းဖြစ်နေကြပါတယ်။
ကဲ ဘာပဲဖြစ်ဖြစ် Congratulations ပါ Kai နဲ့ Jennie ရေ ❤
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.