Lea Micheleဟာ သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို နှစ်သက်စေဖို့အတွက် နောက်ထပ် single တစ်ပုဒ်ကို ထုတ်လိုက်ပါတယ်။ ဒီဇင်ဘာ၊ ၂၈ရက်နေ့ ဒီနေ့မနက်အစောပိုင်းမှာပဲ တင်ပေးလိုက်တာပါ။
“Battlefield” ဟာ မျှော်လင့်ချက်ထားလို့ရတဲ့ သီချင်းတစ်ပုဒ်ပါ။ သူမရဲ့ အသံပါဝါနဲ့ စိတ်ခံစားချက် ရောက်ရှိမှုဟာ နားဆင်သူတွေကို လိုက်ဆိုစေပြီး မျက်ရည်သုတ်ဖို့ တစ်သျှူးဆောင်ထားစေမှာပါ။
သူမရဲ့ single သစ်ကို ရသခံနိုင်ဖို့ “Eye to eye we face our fears unarmed on he battlefield…..”ဆိုပြီး twitter မှာတင်ထားပါတယ်။
နှုတ်ဆက်လမ်းခွဲချိန်ရဲ့ အသေးစိတ်ကို ဖော်ညွှန်းထားပြီး စန္ဒယားအခြေခံထားတဲ့ လေးလေးတွဲ့တွဲ့သီချင်းတစ်ပုဒ်ပါ။ “What seemed like a good idea has turned into a battlefield,” လို့ Michele က ဆိုထားတယ်။
သီချင်း download လုပ်ရန် Click
Ref:eonline
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။