ထောပတ်သီးကို ဒီလိုနေရာတွေမှာသုံးလို့ရသေးတယ်ဆိုတာ သင်မသိသေးဘူးမှတ်လား?
*Shaving cream
*Lip cream
*Foot scrub
*Tea
Ref:Brightside
Unicode
လွန်ခဲ့တဲ့နှစ် ၂ဝတုန်းက ထောပတ်သီးဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့အသီးတွေထက် အာဟာရအဖြစ်ဆုံး အသီးအနှံအဖြစ် ဂရင်းနစ်စံချိန်တင်ခဲ့ဖူးပါတယ်။ဒါ့အပြင် ထောပတ်သီးဟာ အလှအပအတွက်သုံးမလား၊ကျန်းမာရေးအတွက်သုံးမလား၊စားပဲစားမလား စသဖြင့် ဘက်စုံအသုံးဝင်နေတာပါ။
အခု Trend ပျိုမေတို့အတွက် ထောပတ်သီးက စားရုံတင်မကပဲ တစ်ခြားနေရာတွေမှာပါအသုံးဝင်နေတယ်ဆိုတာကို သိထားရအောင် ပြန်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်။
*Shaving cream
ထောပတ်သီးမှာ ဗီတာမင်အေနဲ့ဗီတာမင်အီးပါဝင်လို့ အသားအရည်ကိုချောမွေ့နူးညံ့စေပါတယ်။ဒါကြောင့် Shaving cream အဖြစ်သုံးလို့ရပါတယ်တဲ့။ထောပတ်သီးမှည့်တစ်စိတ်လောက်ကို ကြိတ်ချေပြီးရလာတဲ့အနှစ်တွေကို အရေပြားပေါ်မှာလိမ်းပါ။ပြီးမှ ပုံမှန်အတိုင်း Shaving လုပ်ပေးနိုင်ပါတယ်။
*Lip cream
အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာတွေအဖြစ်များပါတယ်။ဒါကြောင့် အိမ်မှာထောပတ်သီးစားလို့အနည်းငယ်ပိုနေရင်တောင် နှုတ်ခမ်းသားပေါင်းတင်လို့ရပါတယ်။ထောပတ်သီးအနှစ်အနည်းငယ်နဲ့သံလွင်ဆီအနည်းငယ်ကိုရောစပ်လို့ နှုတ်ခမ်းကိုလိမ်းပါ။နာရီဝက်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။တစ်ပတ်ကို ၂ခါလောက််ပုံမှန်လုပ်ပေးရင် နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
*Anti-stretch mark cream
အရေပြားပေါ်က အကြောပြတ်ရာတွေဟာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ထောပတ်သီးကိုသတိရလိုက်ပါ။ဗီတာမင်စီနဲ့ဗီတာမင်အီးပါဝင်တဲ့ထောပတ်သီးဟာ အရေပြားကိုတင်းရင်းစေပြီး အကြောပြတ်ရာတွေကို ဖျော့တော့သွားစေပါတယ်။ထောပတ်သီးနဲ့ဗာဒံဆီကို
ရောစပ်ပြီးရလာတဲ့အနှစ်ကို အကြောပြတ်ရာတစ်ဝိုက်မှာညင်သာစွာလိမ်းပေးပါ။၃၅ မိနစ်လောက်ကြာတဲ့အခါ ကြက်သီးနွေးရေလေးနဲ့ဆေးကြောလိုက်ပါ။တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။
*Treatment for the under eye area
မျက်လုံးအောက်တစ်ဝိုက်မှာ မျက်အိတ်တွဲနေတာ၊ညိုမည်းနေတာတွေအတွက် ထောပတ်သီးက ကူညီပေးနိုင်ပါတယ်။မျက်လုံးအောက်မှာ အရေးအကြောင်းတွေ၊မျက်ရစ်အိတ်တွေဖြစ်နေတာ သွေးလည်ပတ်စီးဆင်းမှုမကောင်းလို့ပါ။ဗီတာမင်အေ၊ဒီ၊စီ၊ဘီ3 ပါဝင်တဲ့ထောပတ်သီး တစ်စိတ်နဲ့
သခွားသီးတစ်ခြမ်းကို ကြိတ်စက်ထဲထည့်မွှေပြီး ရလာတဲ့အနှစ်တွေကို ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပါ။ပြီးရင်တော့ မျက်လုံးအောက်မှာလိမ်းပေးပြီး ၂၅မိနစ်ကြာအောင်ထားပြီး ကြက်သီးနွေးရေလေးနဲ့ဆေးချပေးပါ။မနက်တိုင်း ပုံမှန်လုပ်ပေးနိုင်ပါတယ်။
*Foot scrub
ခြေဖနောင့်ကွဲအက်တာ၊ကြမ်းတမ်းတာတွေအတွက်လည်း ထောပတ်သီးကိုသုံးပေးလို့ရပါတယ်။ထောပတ်သီးတစ်ဝက်၊ဆားစားပွဲတင်ဇွန်းတစ်ဇွန်း၊သကြားစားပွဲတင်ဇွန်းတစ်ဇွန်း၊သံလွင်ဆီ ၂စက်ကိုရောစပ်ပြီးကြိတ်ချေပါ။ရေချိုးပြီးတဲ့အချိန်မှာ သင့်ရဲ ့ခြေထောက်ကို ထောပတ်သီးအနှစ်တွေ
လိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပါ။၁၅မိနစ်လောက်ထားပြီးရင်တော့ ကြက်သီးနွေးရေလေးနဲ့ဆေးချပြီး ခြေအိတ်စွပ်ပေးထားလို့ရပါပြီ။တစ်ပတ်ကို ၂ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ခြေဖဝါးကနူးညံ့လာပြီး ခြေဖနောင့်ကွဲတာတွေလည်းလျော့နည်းသက်သာလာစေမှာပါ။
*Tea
ေထာပတ်သီးစေ့က လက်ဖက်ရည်အဖြစ်လည်းသောက်လို့ရပါသေးတယ်။ထောပတ်သီးစေ့ကို ရေစင်စင်ဆေးလို့ ဖန်ခွက်ထဲရေအပြည့်ထည့်ပြီးတစ်ညစိမ်ထားပါ။မနက်ရောက်တဲ့အခါ ဆယ်ထုတ်လိုက်ပြီး ထိုအစေ့ကို လှီးလိုက်ပါ။ရလာတဲ့ထောပတ်သီးစိတ်တွေကို ဆူအောင်တည်ထားတဲ့
ရေနွေးထဲကိုထည့်ပြီး ၅မိနစ်လောက်စိမ်ထားပါ။ပြီးရင်တော့သောက်လို့ရပါပြီ။အဲ့ဒီအရည်ကို တစ်ပတ်ကို ၂ခါ၊သုံးခါလောက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်စွမ်းအင်တိုးလာပြီး နုပျိုကျန်းမာလာစေတယ်လို့သိရပါတယ်။အရသာကိုမကြိုက်ဘူးဆိုရင် ပျားရည်အနညး်ငယ်ထည့်ပြီးသောက်လို့ရပါတယ်။
ထောပတ်သီးရဲ့အသုံးဝင်ပုံလေးတွေကိုသိပြီဆိုတော့ သေချာလက်တွေ့အသုံးချကြည့်ဖို့ မမေ့နဲ့နော်
Ref:Brightside
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.