“Along With the Gods 3″မှာ D.O ထပ်ပြီး ပါဝင်လာဦးမှာလား?

“Along With the Gods “ဆိုရင် မသိတဲ့သူမရှိလောက်အောင် အောင်မြင်နေတဲ့ဇာတ်ကားတစ်ကားပါ။အဲ့ဒီဇာတ်ကားထဲမှာ နှုတ်ခမ်းနီမလေးတွေအသည်းစွဲကြိုက်ကြတဲ့ EXOအဖွဲ့ဝင် D.O လည်းပါဝင်နေတဲ့အတွက် လူငယ်ပရိသတ်တွေကြားထဲမှာလည်း ဒီဇာတ်ကားက နာမည်ကြီးပါတယ်။
“Along With the Gods” ဟာဆိုရင် 1 ၊ 2 ထွက်ရှိထားပြီး မကြာခင်မှာလည်း 3 ရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ်။

ဒီလိုဆက်ပြီးရိုက်ကူးဦးမယ်ဆိုတော့ အရင်လူတွေပဲ ပြန်ပါမှာလားဆိုရင် မင်းသား Do Kyung Soo ((EXO‘s D.O.)ကတော့ သေချာပေါက်ပြန်ပါဝင်မယ်လို့ အတည်ပြုပြောကြားထားကြောင်းသိရပါတယ်။“Along With Gods 3”မှာ ပြန်ပါဝင်မယ့်အကြောင်း ဒါရိုက်တာ Kim Yong Hwaက “ကျွန်တော်ဒီနေ့သူ့ကိုတွေ့ခဲ့ပါတယ်။သူ နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားမှာပါဝင်ဦးမှာပါ။ဒီ 3 မှာဆိုရင် D.O ရဲ့ ဇာတ်ကောင်ဟာ အဓိကဇာတ်ကောင်ကိုသေချာပံ့ပိုးပေးရမယ့်အရေးကြီးတဲ့ အားဖြည့်ဇာတ်ကောင်ပုံစံဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။

ဒီတော့ ပျိုမေတို့အသည်းစွဲမင်းသားချောဟာ နောက်ထပ် “Along With Gods 3”မှာ အရေးကြီးတဲ့အခန်းကဏ္ဏကနေ ပါဝင်လာတော့မှာဖြစ်ပါတယ်။Along with the Gods: The Two Worlds ဟာ ယူအက်စ်ဒေါ်လာ ၁၀၅ သန်းကျော်ရှိပြီး တောင်ကိုရီးယားရဲ့ ဒုတိယ၀င်ငွေအရဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။Along With the Gods: The Last 49 Days ကတော့ ရုံစတင်တဲ့ရက်မှာတင် ကြိုတင်လက်မှတ်တွေကုန်သွားလို့ စံချိန်တင်ခဲ့တာပါ။နောက်ထပ်လာမယ့်ဇာတ်ကားအဆက်တွေကလည်း ၂၀၂၁ မှာထွက်ရှိလာမယ်လို့မျှော်လင့်ရပြီးဘယ်လိုအောင်မြင်မှုတွေရလာဦးမလဲဆိုတာကြည့်ရဦးမှာပါပဲ။ဘာပဲဖြစ်ဖြစ် ယူတို့မင်းသားချော ပြန်ပါဦးမယ်ဆိုတော့ ပျော်ကြတယ်ဟုတ်!

Source:Koreaboo

190 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.