ရင့်ကျက်တည်ငြိမ်တဲ့ ယောက်ျားသားတစ်ယောက်ကို ဒီလိုတွေ သွားလုပ်လို့မရပါဘူး…

ယောက်ျားသားများ ထောင်ပေါင်းမကရှိကြရာဝယ် ဘယ်လိုပုံစံက မိန်းကလေးတွေ ပုံစံကဆွဲဆောင်မှုအရှိဆုံးဖြစ်မလဲ.. တစ်ချို့ မိန်းကလေးတွေကျ ဂျစ်ကန်ကန်ယောက်ျားလေးတွေကို သဘောကျပြီး
တစ်ချို့ က တည်ငြိမ်ရင့်ကျက်တာမျိုးလေး သဘောကျပါတယ်။

ယောက်ျားမှန်သမျှ မိန်းမတစ်ယောက်ရဲ့မူယာမာယာအောက်ကျရှုံးနိုင်တယ်ဆိုပေမယ့် တကယ်တမ်းရင့်ကျက်တဲ့ယောက်ျားမျိုးတွေဆို ဘယ်လိုဆွဲဆောင်ပါစေ သူတို့ရဲ့စိတ်မပါရင် ဘာမှလုပ်လို့မရပါဘူး။ ကဲ… ဒါဆို သူတို့ကို ဘယ်လိုပုံစံတွေသွားလုပ်လို့မရတာဖြစ်မလဲ…

Image result for handsome men

သူ့ရဲ့စိတ်ကို အပိုင်မသိမ်းနိုင်ပါဘူး
သူနဲ့စိတ်ချင်းနီးဆက်အောင် မင်းမထိန်းချုပ်နိုင်ပါဘူး။ တကယ်လို့ သူစိတ်မပါခဲ့ဘူးဆိုရင်ပေါ့။

အခြားသူကို ဝေမဖန်တတ်
မင်းက အခြားသူကို ဝေဖန်ချင်တယ်၊ အတင်းတုပ်ချင်တယ်။ ဒါပေမယ့် သူ့ကိုလည်း မင်းဘက်ပါအောင် ဆွယ်ချင်တယ်ဆိုပါတော့။ အရင်ဆုံးမင်းပြောတဲ့ စကားအသွားလာကြည့်ပြီး သူစဉ်းစားမှာပါ။
သေချာတော့ နားထောင်ပေးလာပါလိမ့်မယ်။ သူနဲ့တောင်မသိသေးတဲ့ လူတစ်ယောက်ကို ဝေဖန်ဖို့ဆိုတာ သူ့အတွက် အဝေးကြီးပါ။ အဲ့တော့ အခြားသူအတင်းတုပ်တော့မယ်ဆိုရင် ဒီလိုယောက်ျားမျိုးကိုမင်း သိမ်းသွင်းလို့မရပါဘူး။ (ယောက်ျားလေးတွေက အတင်းပြောတာရှားပါတယ်) အဖော်ဆွယ်ချင်မိန်းမချင်းပဲ ဆွယ်ပေါ့နော်။

Image result for handsome men on phone

အပြစ်ရှာလို့မရ
သူ့ကို မရှိ, ရှိတဲ့အပြစ် သွားရှာလို့မရပါဘူး။ သူတို့လုပ်ပြီးသားအလုပ်ကို သေချာမှတ်ထားပြီး အပြစ်ရှာလာခဲ့ရင်လည်း အကွက်စေ့နေအောင် ပြန်ရှင်းသွားမှာပါ။ တကယ်လို့ မှားသွားရင်လည်း တာဝန်အပြည့်ဝယူမယ့် ယောက်ျားမျိုးတွေပေါ့

အချိန်အကုန်မခံ
သူ့အတွက် တစ်မိနစ်လေးကတောင် အရမ်းကိုတန်ဖိုးရှိပါတယ်။ မင်းအတွက် သူ့ရဲ့အချိန်တွေကိုဖြုန်းဖို့ဆိုရင် တော်တော်လေးလုပ်ယူရမှာပါ။ တကယ်လို့ သူသဘောကျတဲ့ မိန်းကလေးဆိုရင်တော့ အချိန်ပေးမှာပေါ့။

အဓိကကတော့ သူစိတ်မပါတဲ့အရာဆိုရင် မင်းဘာကိုမှထိန်းချုပ်လို့ ရမှာမဟုတ်ပါဘူး။ သူ့စိတ် သူ့သဘောတိုင်းပဲနေမှာပါ။ ပျော့ညံ့တဲ့ ယောက်ျားတွေကို ဆွဲဆောင်နိုင်ပေမယ့် ဒီလိုရင့်ကျက်တည်ငြိမ်တဲ့ယောက်ျားသားတွေရဲ့ပြတ်သားမှုကတော့ ဘယ်သူမှ လိုက်မမှီနိုင်ပါဘူး။

48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.