Christmas Eve ကို ပရဟိတလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ မင်းသား Park Hae Jin

တောင်ကိုရီးယားမင်းသားချော Park Hae Jin ဟာ ဒီနှစ် ခရစ်စမတ် Eve ကိုတော့ အဓိပ္ပာယ်ရှိစွာဖြတ်သန်းခဲ့တယ်ဆိုရမှာပါပဲ။Park Hae Jin ဟာ ခရစ်စမတ်နေ့မတိုင်ခင် ဒီဇင်ဘာ ၂၄ရက်နေ့ Christmas Eve တုန်းက သူပုံမှန်လုပ်အားပေးနေကျ၊ကူညီပေးနေကျ Hae Sim Won child welfare facility မှာသာ အချိန်ကုန်ဆုံးခဲ့တယ်လို့သိရပါတယ်။

Park Hae Jin ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ၊သူ့ရဲ့မွေးနေ့တုန်းက Hae Sim Won child welfare facility ကို ကိုရီးယားဝမ်ငွေ သန်း ၅၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီကစလို့ ဒီနှစ်အထိ နှစ်တိုင်းလုပ်အားပေးလိုက်၊ငွေရေးကြေးရေးကူညီပေးလိုက်နဲ့ပါ။အထူးသဖြင့်ကလေးတွေကို တစ်ခြားသူတွေကိုဘယ်လိုကူညီရမလဲသင်ကြားပေးရတာကို ပိုပြီးလုပ်အားပေးဖြစ်တယ်လို့သိရပါတယ်။ဒီနှစ်မှာဆိုရင် Park Hae Jin က ကလေးတွေအတွက် သရေစာမုန့်တွေပို့ပေးခဲ့တဲ့အပြင် နေ့လည်စာ၊အသီးအနှံ၊သရေစာမျိုးစုံ အယောက် ၁၀၀ စာထပ်ပြီးပို့ပေးခဲ့ပါတယ်တဲ့။

သူ့ရဲ့ပရိသတ်တွေကလည်း Wet tissue ၊ ကျောင်းသုံးပစ္စည်း ၊ အစားအစာ၊အ၀တ်အစားစသဖြင့်ပစ္စည်းမျိုးစုံထည့်ထားတဲ့သေတ္တာ အလုံး ၂၀ လှူဒါန်းခဲ့တယ်လို့သိရပြီး ငွေကြေးတွေလည်းလှူဒါန်းခဲ့တယ်လို့သိရပါတယ်။Park Hae Jin တစ်ယောက်သူ့ရဲ့ ခရစ်စမတ်ကို ဒီလိုပရဟိတလုပ်အားပေးရင်းကုန်ဆုံးမယ်ဆိုတာသိကြတဲ့ မင်းသား Hong Sae Rom နဲ့ Kim Eun Soo တို့ကလည်း အတူပါဝင်ကူညီပေးခဲ့ကြပါတယ်။သူတို့ရဲ့ ပုံရိပ်လေးတွေ ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

Source:Soompi

210 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.